Author: Baby Yit Lone

  • Muthal Pakkam

    Muthal Pakkam

    Mudhal Pakkam (2025)

    “မျက်နှာဖုံး”

    ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော်မှုခင်း၀တ္တုဆရာ အဖေဖြစ်သူရဲ့ အတ္ထုပ္ပတ္တိကို ဂျာနယ်တိုက်တစ်ခုက အပတ်စဉ်ဆောင်းပါးအဖြစ် ထုတ်ဝေချင်တာကြောင့် အဖေဖြစ်သူရဲ့အကြောင်း ဂဃဏနသိရဖိုအရေး သားဖြစ်သူ ပရာဘာကို ဂျာနယ်တိုက်ရှိရာ ချန်နိုင်းမြိုဆီ ဖိတ်ကြားခဲ့ပါတယ်။

    ချန်နိုင်းမြိုကြီးကို ရောက်ရှိချိန်မှာတော့ နာမည်ကျော်ဆောင်းပါးရှင် ဆွာသီနဲ့တွေ့ပြီး ချန်နိုင်းမှာ တည်းခိုရင်း အဖေဖြစ်သူအကြောင်းကို သေချာပြောပြနေခဲ့တာပေါ့။

    တစ်ရက် တည်းနေတဲ့အခန်းဆီအပြန် ခါးပိုက်နှိုက်တစ်ယောက် အမွှေကောင်းမှုကြောင့် ပရာဘာ ရဲဖမ်းတာခံလိုက်ရပါတယ်။

    ရဲကားပေါ်မှာရှိနေတုန်း လမ်းဘေးမှာ ဆိုင်ကယ်လဲနေတဲ့လူတစ်ယောက်တွေ့လို့ စခန်းမှူးဆင်းကြည့်ချိန်မှာပဲ ဆိုင်ကယ်လဲနေတဲ့သူက သေဆုံးနေခဲ့ပါတယ်။

    အဖေဖြစ်သူခြေရာနင်းတဲ့သူမို ဆိုင်ကယ်လဲပြီး သေဆုံးနေတဲ့လူက မတော်တဆမှုကြောင့်ဟုတ်ဘဲ လူသတ်မှုဆိုတာကို ပရာဘာ ရှင်းပြလိုက်မိရာက ရှင်းမလိုနဲ့ ရှုပ်လာတဲ့ ဒီအမှုအခင်းမှာ ပရာဘာတစ်ယောက် ရေဆုံးမြေဆုံးလိုက်ပါဖြေရှင်းရပါတော့တယ်။

  • Kishkindhapuri

    Kishkindhapuri (2025)

    (သရဲခြောက်တဲ့စံအိမ်ကြီး)

    အသည်းစွဲ မင်းသားချောလေး Bellamkonda Sai Sreenivas ပါဝင်ထားတဲ့ ရုံကားလေးတစ်ကား တင်ဆက်ပေးထားပါတယ်

    Box office အနေနဲ့ ၂၂ ကုဋေ ပြန်လည်ရရှိထားပြီး ပုံမှန်ကားတွေနဲ့မတူဘဲ တစ်မျိုးကြည့်ကောင်းနေတာကြောင့် လူပြောများနေတဲ့ကားကောင်းလေးလို့လည်း ညွှန်းလို့ရပါသေးတယ်

    စစချင်းမှာကတော့ အဖွဲ့တစ်ဖွဲ့က စူဗာနာမာယာဆိုတဲ့ စံအိမ်အိုကြီးထဲမှာ ဒုစရိုက်မှု လုပ်နေကြပါတယ်
    အစမှာကို သရဲမရဲ့ လက်စွမ်းကြောင့် သွေးသံရဲရဲနဲ့ အသက်ရှင်ကျန်သူမရှိ ဇာတ်သိမ်းသွားခဲ့ရှာတယ်

    ဒီအိမ်ကြီးကို စူးစမ်းလေ့လာတဲ့အနေနဲ့ရောက်လာမဲ့အဖွဲ့ကတော့ ရာဂေ့ဗ်တို့ စုံတွဲပေါ့ သူတို့ရဲ့စီးပွားရေးကိုတော့ Ghost Walking Tour လို့အမည်ပေးထားပြီး သရဲခြောက်တယ်ဆိုတဲ့အိမ်တွေဆီ ခရီးသားတွေစုပြီး လိုက်ပြတာမျိုးပါ

    သရဲကတော့ သူ့လူ ကိုယ့်ဘက်သား အကြံအဖန်တွေပေါ့ ဒါပေမဲ့ ဒီစံအိမ်ကိုမှ ခရီးသွားတွေကို လိုက်ပြရမဲ့အကြောင်းဖန်လာခဲ့ရာမှာတော့ သရဲအတုနဲ့ အစစ်တွေကြား ဘယ်လိုတွေ နှစ်ပါးသွားမယ်ဆိုတာကိုတော့….။

  • ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သားများထိခိုက်မှုရှိကြောင်း ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံး အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်တွင် စစ်သင်္ဘောများ ရောက်ရှိနားခိုနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုအတွင်း စစ်သင်္ဘော ၁ စီးကို ဗုံးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သင်္ဘော ၁ စီး၏ ခေါင်းမိုးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

    “ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး မသေဘူးလို့တော့ကြားတယ်။ ဒါပေမယ့် စစ်ခွေး ၄ ကောင်တော့ ထိခိုက် ဒဏ်ရာရတယ်။ စစ်ခွေး သင်္ဘောကတော့ ခေါင်မိုးပျက်စီးသွားတယ်။ အဲ သင်္ဘောကို စစ်ခွေးတွေက ဆိတ်ညံရေတင်ရုံး နားမှာပဲ အခုထိ ပြင်ဆင်နေတယ်လို့ သိရတယ်။ အဲ့ ၁ စီးက မထွက်နိုင်သေးဘူး” ဟု ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူကပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ၏ ဒရုန်းအဖွဲ့မှ ရဲဘော်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • စစ်ဘက်၊ အရပ်ဘက် အမြင်ကွဲပြားနေသည့် Starlink အင်တာနက် အသုံးပြုခွင့်

    စစ်ဘက်၊ အရပ်ဘက် အမြင်ကွဲပြားနေသည့် Starlink အင်တာနက် အသုံးပြုခွင့်

    စစ်ဘက်၊ အရပ်ဘက် အမြင်ကွဲပြားနေသည့် Starlink အင်တာနက် အသုံးပြုခွင့်

    တော်လှန်ရေးအင်အားစုအတွက် မြန်နှုန်းမြင့်ပြီး တောထဲတောင်ထဲတွင် တပ်ဆင်အသုံးပြုနိုင်သော Starlink အင်တာနက်သည် ဆက်သွယ်ရေး၊ ထောက်ပို့လုပ်ငန်းတို့အတွက် လွန်စွာအရေးပါသည်။

    သို့ရာတွင် ၂၀၂၄ မှစ၍ လုံခြုံရေးစိုးရိမ်ချက်ဖြင့် Starlink အင်တာနက်အသုံးပြုခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အခြားသော တော်လှန်ရေးတပ်များက ကန့်သတ်လာခဲ့သည်။

    PDF တိုက်ခိုက်သိမ်းပိုက်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အောက်တိုဘာလ ၁၁ ရက်နေ့က Starlink စက် ဖြုတ်သိမ်းရန် ရောက်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စက်တပ်ဆင်အသုံးပြုနေသည့် ဒေသခံတို့ကြား အချေအတင်စကားများကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

    ထိုဖြစ်စဉ်တွင် စည်းကမ်းချိုးဖောက်ပြီး အဆိုပါစက်တပ်ဆင်အသုံးပြုသူကို အရေးယူမည့်အပြင် အပြုအမူနှင့် ကျင့်ဝတ်ပိုင်းချိုးဖောက်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အရေးယူသွားမည်ဟု PDF နှင့် အရပ်ဘက်တာဝန်ရှိသူများဖြင့် ပူးတွဲဖွဲ့စည်းထားသော စဉ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားသည့် ဒေသတစ်ခုတွင် Starlink အင်တာနက် အသုံးပြု​နေကြသူ အချို့ကိုတွေ့ရပုံ။ (ဓာတ်ပုံ −AFP)

    Starlink အင်တာနက်သည် တော်လှန်ရေးတပ်များအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေးအတွက် အရေးပါသလို ဒေသခံပြည်သူများ၏ ဆက်သွယ်ရေးအတွက် အသက်သွေးကြောဖြစ်ရာ အများပြည်သူအသုံးပြုရန် ကန့်သတ်ခြင်းအပေါ် စစ်ဘက်၊ အရပ်ဘက် သဘောထား နှစ်ခု ဆန့်ကျင်လွန်ဆွဲနေသည်။

    သတင်းပေါက်ကြားမှုနှင့် လေကြောင်းအန္တရာယ် စိုးရိမ်ချက်

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူတို့၏ ဆန္ဒပြမှုများ အားကောင်းချိန်မှစပြီး လက်နက်ကိုင် ခုခံတော်လှန်မှုပြင်းထန်လာသော ယနေ့ကာလအထိ စစ်တပ်က ဆက်သွယ်ရေးကို အကြီးအကျယ် ဖြတ်တောက်၊ ကန့်သတ်၊ ပိတ်ဆို့ထားသည်။

    ထို့ကြောင့် အမေရိကန်နိုင်ငံသား ကမ္ဘာ့ထိပ်တန်းသူဌေး အီလွန်မက်စ် တည်ထောင်သည့် အာကာသလေ့လာရေး SpaceX ကုမ္ပဏီ၏ Starlink အင်တာနက်ဆက်သွယ်ရေး စက်ပစ္စည်းများကို ပြည်ပမှ မှာယူ၍ တော်လှန်ရေးနယ်မြေများတွင် အသုံးပြုလာသည်။

    ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့်ဒေသတွင် လှုပ်ရှားသည့် အာဏာသိမ်းတပ်၏ တပ်ရင်းတချို့လည်း ရွှေ့ပြောင်းသယ်ဆောင် တပ်ဆင်အသုံးပြုရန် လွန်စွာလွယ်ကူသည့် Starlink ကို အားကိုးကြရသည်။

    အင်တာနက်အသုံးပြုမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့များ၏ စိုးရိမ်ချက် နှစ်ချက် ရှိနေသည်။ စစ်တပ်က အင်တာနက်သုံးသူ များပြားသည့်နေရာကို စုံစမ်းထောက်လှမ်းသိရှိသွားပါက ထိုနေရာတွင် လက်နက်ကိုင်တော်လှန်ရေးသမားများ ရှိမည်ဟု ယူဆပြီး ဗုံးကြဲတိုက်ခိုက်နိုင်သည်၊ ဒုတိယစိုးရိမ်ချက်မှာ စစ်ကော်မရှင်အလိုတော်ရိတို့က အင်တာနက်သုံးပြီး သတင်းပေးနိုင်သည်ဟူသော အချက်ဖြစ်သည်။

    မန္တလေးတိုင်းအတွင်း PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်၊ မန္တလေးနှင့် ရှမ်းမြောက်၏ ဆုံချက်ကဲ့သို့ဖြစ်နေပြီး လူအဝင်အထွက်များသည့် စဉ့်ကူးမြို့နယ်တွင် အင်တာနက် လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပေးခြင်းကြောင့် သတင်းပေါက်ကြားပြီး စစ်တပ်က ပစ်မှတ်တိကျစွာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလာသည်ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲဘော် ပါဘလိုက ပြောသည်။

    ၎င်းတို့ဒေသတွင် အသုံးပြုခွင့်ကန့်သတ်လိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု နည်းပါးသွားသည်ဟုလည်း ရဲဘော်ပါဘလိုက ဆိုသည်။

    “Starlink တွေကို ကန့်သတ်လိုက်ပြီးတဲ့နောက်မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ် ဆိုရင်တောင်မှ ယခင်က သိထားပြီးသားနေရာအဟောင်းတွေကိုပဲ တိုက်ခိုက်တာမျိုး၊ တိကျတဲ့ ပစ်မှတ်တွေမဟုတ်ဘဲ လွဲချော်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာမျိုးပဲ လက်တွေ့မြေပြင်မှာ ကြုံတွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

    မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေသည့် MDY-PDF တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ − AFP)

    ဒေသလုံခြုံရေးအခြေအနေနှင့် ကိုက်ညီမည့် စည်းမျဉ်းစည်းကမ်းများကို အသေအချာ တိုင်ပင်ဆွေးနွေး၍ ကန့်သတ်ထားခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။

    အခကြေးငွေရယူ၍ အင်တာနက်ဝန်ဆောင်မှုပေးနေသော ဆိုင်များကိုသာ ကန့်သတ်ထားသည်၊ မိသားစုသုံးဆိုလျှင် ခွင့်ပြုသည်ဟု ရဲဘော်ပါဘလိုက ပြောသည်။

    ဒေသခံများ၏ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်းမရှိသလို အုပ်ချုပ်ရေးအဖွဲ့ကို ဆန္ဒထုတ်ဖော်လိုသည့် ကိစ္စများကိုပင် လုံခြုံရေးယူပေးလေ့ရှိသည်ဟုလည်း သူက ဆက်ပြောသည်။

    “Starlink စည်းမျဉ်းစည်းကမ်းဆိုတာလည်း စစ်ဘက်ဆိုင်ရာ ရှုထောင့်အရ စဉ်းစားပြီးတော့ ချမှတ်ထားတဲ့ စည်းကမ်းပါပဲ”

    လူအဝင်အထွက်များသည့် စဉ့်ကူးမြို့နယ်တွင် လွတ်လပ်စွာအသုံးပြုခွင့် ပေးထားမည်ဆိုပါက စစ်တပ် သတင်းပေးနှင့် ဒလန်များက ခရီးတစ်လျှောက် မြင်တွေ့သမျှကို သတင်းပေးနိုင်သည်၊ ထိုသူတို့ကို လိုက်လံစုံစမ်းရန်လည်း ခက်ခဲသည်ဟုလည်း ရဲဘော် ပါဘလိုက ဆိုသည်။

    စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်စေရန် အင်တာနက်အသုံးပြု၍ သတင်းပေးခဲ့သည်ဟု ယူဆရသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ထိုအခြေအနေများကြောင့် တော်လှန်ရေးတပ်များက အင်တာနက်နှင့် ဆက်သွယ်ရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာသည်။

    ၂၀၂၄ အတွင်း NUG အစိုးရ၊ ကိုးကန့်တပ်(MNDAA)၊ တအောင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA) တို့ကလည်း ၎င်းတို့ စိုးမိုးထိန်းချုပ်နယ်မြေများ၌ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားကြောင်း Myanmar Internet Project ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

    NUG စိုးမိုးနယ်မြေတွင် Starlink အင်တာနက်ဆိုင်ဖွင့်ပါက မှတ်ပုံတင်‌ကြေး ငါးသိန်း၊ လစဉ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း (သို့မဟုတ်) ကျပ် ခြောက်သိန်းပေးဆောင်ရန် သတ်မှတ်ထားသည်။ သို့သော် စိစစ်အတည်ပြုပြီးမှ သာ ခွင့်ပြုရန် NUG ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။

    တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသတစ်ခုတွင် Starlink အင်တာနက် အသုံးပြုနေကြသူ တချို့ကိုတွေ့ရစဉ်။ (ဓာတ်ပုံ −AFP)

    သို့သော် အာဏာသိမ်းစစ်တပ်သည် Starlink အင်တာနက် စက်ပစ္စည်းများ၊ ဆာဗာများကို ထိုးဖောက်ထောက်လှမ်းကာ တော်လှန်ရေးအင်အားစုကို ခြေရာခံနိုင်သော နည်းပညာ မရှိနိုင်ကြောင်း အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းခဲ့သည့် CDM ဗိုလ်မှူး စွယ်တော်က ခန့်မှန်းသည်။

    “သတင်းပေါက်တယ် ဆိုတဲ့နေရာမှာ စစ်တပ်ထောက်ခံလို့ သတင်းသွား ပေး သူတွေကြောင့် သတင်းပေါက်တာထက် ဆိုရှယ်မီဒီယာမှာ အမှုမဲ့အမှတ်မဲ့ ဓာတ်ပုံတင်တာ၊ သတင်းအချက်အလက် မျှဝေတာတွေကနေ စစ်တပ်ကနေရာတွေကို ရိပ်စားသိရှိသွားတာမျိုးနဲ့ သတင်းပေါက်နိုင်ပါတယ်” ဟု သူက ပြောသည်။

    “ပြည်သူတွေကိုယ်ပိုင်အသုံးပြုနေရတဲ့ Starlink တွေကနေ ဆိုရှယ်မီဒီယာသုံးရာကနေ သတင်းပေါက်ကြားတာမျိုးကြောင့် ဗုံးကြဲတာမျိုးဖြစ်နိုင်ပါတယ်”

    ထို့ကြောင့် Starlink စက်ပိုင်ရှင်များကို မှတ်ပုံတင်စေ၍ ယုံကြည်စိတ်ချရသူကိုသာ စိစစ်ခွင့်ပြုသင့်ကြောင်း၊ အခကြေးငွေဖြင့် အင်တာနက်အသုံးပြုသူတို့အတွက် ဆောင်ရန်ရှောင်ရန်အချက်များ ချမှတ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း လူမှုကွန်ရက်တွင် မျှဝေသည့် အကြောင်းအရာနှင့် ဓာတ်ပုံများကြောင့် ထောက်လှမ်းနိုင်ပြီး ထိုအင်တာနက်ကွန်ရက်ရှိပါက ဒလန်သတင်းပေးများက လွယ်လွယ်ကူကူ သတင်းပေးနိုင်သည်ဟု သူက ယူဆသည်။

    ​တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားသည့် ဒေသတစ်ခုတွင် Starlink အင်တာနက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပုံ။ (ဓာတ်ပုံ−AFP)

    Starlink အသုံးပြုသည်ကို အပြစ်ပုံမချသင့်ဟူသော အရပ်ဘက်အမြင်

    ရုပ်သံစလောင်းများကဲ့သို့ပင် Starlink ဆက်သွယ်ရေးဗန်းကို အိမ်ခေါင်မိုး၊ တိုင်ထိပ်တို့တွင် တပ်ဆင်ထားသဖြင့် လေယာဉ် သို့မဟုတ် ထောက်လှမ်းရေးဒရုန်းတို့ကတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်သည်၊ ထိုစက်ပစ္စည်းများက ထုတ်လွှတ်သော အပူလှိုင်းကြောင့် အင်တာနက်အသုံးပြုသည်ကို ထောက်လှမ်းသိနိုင်သဖြင့် တချို့က ပုံစံအမျိုးမျိုးဖြင့် ပုံဖျက်အသုံးပြုကြကြောင်း သိရသည်။

    ထို့ကြောင့် ထိုအင်တာနက်သုံးသူတို့ရှိသည့် နေရာများကို တိုက်ခိုက်နိုင်သည်ဟု တစ်ထစ်ချ မှတ်ယူရန်ခက်သည်ဟု စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

    တော်လှန်ရေးတပ်များက စိုးရိမ်တကြီး ကန့်သတ်နေခြင်းမှာ ဒလန်သတင်းပေးများကို တားဆီးလိုခြင်းကြောင့် ဖြစ်သည်ဟုလည်း သူက ဆိုသည်။

    သို့သော်လည်း တော်လှန်ရေးတပ်ရင်းတိုင်းလိုလို Starlink အင်တာနက်အသုံးပြုနေပြီး ပြည်သူလူထုကို ကန့်သတ်ခြင်းမှာမူ လွဲမှားသည်ဟု သူက ယူဆသည်။

    “ဒါတွေက မရှိလို့မဖြစ်ဘူးဗျ။ တပ်ရင်းတွေမှာသုံးပြီးတော့ ပြည်သူတွေတော့ မသုံးရဘူး ဆိုတဲ့ဟာကတော့ အဓိပ္ပာယ်တော့မရှိဘူး။ တပ်ရင်းတွေဆိုရင်လည်း ထောက်ပို့အကူငွေရဖို့ ဆက်သွယ်ရတယ်။ သတင်းတွေဘာတွေ ဖလှယ်ဖို့က ဆက်သွယ်ရေးအတွက် လိုအပ်တာပေါ့နော်” ဟု သူက ပြောသည်။

    သတင်းပေးဒလန်တို့က နည်းမျိုးစုံဖြင့် သတင်းပေးနိုင်သလို မြေပြင်ရှိ တော်လှန်ရေးတပ်များနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေသူကလည်း စစ်ကော်မရှင်ကို သတင်းပေးနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

    “အဓိကကတော့ ပကဖတွေရော PDF တပ်ရင်းတွေရော လူထုနဲ့ သဟဇာတဖြစ်ဖို့တော့ လိုတယ်ဗျ။ အဲဒီလိုမှ မဟုတ်ရင် ခံရတဲ့ ပြည်သူလူထုကလည်း စစ်ကောင်စီကို သတင်းပေးချင်လို့တော့ မဟုတ်ဘူး။ ငါ့တုန်းက ဒီလိုလုပ်ထားတယ်။ မင်းတို့ကို ပြန်လုပ်မယ်ဆိုပြီးတော့ အဲဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

    မကွေးတိုင်းဒေသခံ ကိုအောင်ပြည့်စုံကလည်း လုံခြုံရေးကျိုးပေါက်မှု၊ လေကြောင်းတိုက်ခိုက်မှုသည် အင်တာနက်တစ်ခုတည်းနှင့်သာ တိုက်ရိုက် မသက်ဆိုင်ကြောင်း ပြောသည်။

    မြေပြင်တွင် စစ်ကော်မရှင်၏ ထောက်လှမ်းရေးကွန်ရက်များရှိနေနိုင်သလို စစ်ထောက်လှမ်းရေးတို့ မွေးထားသည့် သတင်းပေးဒလန်များလည်း ရှိနိုင်ကြောင်း သူက ယူဆသည်။

    “သတင်းပေးတယ်ဆိုတာက Starlink မှ မဟုတ်ဘဲ တခြားနည်းမျိုးစုံနဲ့ သတင်းပေးလို့ရတဲ့ပုံစံမျိုးတွေ ရှိတယ်။ အဓိက Starlink က ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီးတော့ ထောက်လှမ်းရေးနဲ့ သတင်းအချက်လက် လုံခြုံရေးအပိုင်းက တစ်ပိုင်းပေါ့။ အဲဒီနှစ်ပိုင်းကို မရောထွေးဘဲနဲ့ ခွဲခြားကြည့်ဖို့တော့လိုမယ်” ဟု သူကပြောသည်။

    တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသတစ်ခုတွင် Starlink အင်တာနက် အသုံးပြုနေကြသူ တချို့ကိုတွေ့ရစဉ်။ (ဓာတ်ပုံ −AFP)

    အင်တာနက် ကန့်သတ်ရုံဖြင့် သတင်းအချက်လက်ပေါက်ကြားမှုကို မကာကွယ်နိုင်ဘဲ စစ်ကော်မရှင်၏ သတင်းပေးကွန်ရက်ကို တန်ပြန်ထောက်လှမ်းရေးအစီအစဉ်များ ဆောင်ရွက်နိုင်မှသာ ကာကွယ်နိုင်မည်ဟု ကိုအောင်ပြည့်စုံက ယုံကြည်သည်။

    NUG စိုးမိုးနယ်မြေများတွင် ပြေလျော့သည့် မူဝါဒကို ကျင့်သုံးနေပြီး Starlink အင်တာနက်ကို မြေပြင်အခြေအနေပေါ် မူတည်၍ ခွင့်ပြုပေးနေသည်ဟု NUG ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်က အောက်တိုဘာလ ၁၄ ရက်နေ့ တွင် Radio NUG ကို ပြောဆိုထားသည်။

    လူထု၏ အင်တာနက်သုံးစွဲခွင့်၊ သတင်းအချက်လက်ရယူခွင့်နှင့် ပတ်သက်၍ စည်းရုံးရေးမူနှင့်သာ ရှေ့ဆက်ရမည်ဖြစ်ပြီး ဖမ်းဆီးခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်မည်ဟု ၎င်းက ဆိုသည်။

    လုံခြုံရေးစိုးရိမ်ချက်ဖြင့် အင်တာနက်ကန့်သတ်ထိန်းချုပ်ခြင်းကြောင့် အခြားတစ်ဖက်တွင် ဒေသခံများ၏ ဆက်သွယ်ချိတ်ဆက်မှုနှင့် လူမှုဘဝထိခိုက်မှုများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း Myanmar Internet Project ၏ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က သုံးသပ်သည်။

    “လုံခြုံရေးလိုအပ်ချက်ဆိုရင် ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေကို တရားဝင်ထုတ်ပြန်ပြီး လူထုနားလည်အောင် တင်ပြပြီး ကျင့်သုံးသင့်ပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေကို ရှေ့ရှုသင့်ပါတယ်။ ဒါကြောင့် အနှစ်ချုပ်ပြောရရင် လုံခြုံရေးအရ အင်တာနက် ကန့်သတ်တာကို အကျိုးအပြစ်ပြန်လည် သုံးသပ်ပြီး အများပြည်သူ့အကျိုးကို ရှေ့ရှုသင့်ပါတယ်” ဟု သူက ဆိုသည်။

    တော်လှန်နယ်မြေများတွင် ဆက်သွယ်ရေးအသက်သွေးကြော အင်တာနက်ကို လုံခြုံရေးအရ ကိုယ်တိုင်ကန့်သတ်နေကြချိန်မှာပင် လုံးဝ အသုံးပြုနိုင်ခြင်းမရှိသည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ကိုလည်း စိုးရိမ်နေရသည်။

    ထိုင်း-မြန်မာနယ်စပ်တွင် အမေရိကန်ပြည်သူတို့ကို ပစ်မှတ်ထားသော ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်းများ) ဆက်လက်ကြီးထွားနေသဖြင့် SpaceX ကုမ္ပဏီသည် ထိုလုပ်ငန်းများ၏ Starlink အသုံးပြုမှု ကန့်သတ်ပိတ်ဆို့နိုင်ခြေ ရှိနေသည်။ ထိုသို့ ကန့်သတ်လိုက်လျှင် တော်လှန်ရေးအင်အားစုများ၏ အင်တာနက်အသုံးပြုမှုကိုလည်း သက်ရောက်မှု ကြီးလာမည်ဖြစ်သည်။

    ✍အောင်နိုင်

  • မလေးရှားတွင် ပြန်ပေးဆွဲခံရသည်ဆိုသော ဒေါ်သူဇာမောင်တို့ မိသားစုကို ဖမ်းဆီးကြောင်း စစ်ကော်မရှင် ထုတ်ပြန်

    မလေးရှားတွင် ပြန်ပေးဆွဲခံရသည်ဆိုသော ဒေါ်သူဇာမောင်တို့ မိသားစုကို ဖမ်းဆီးကြောင်း စစ်ကော်မရှင် ထုတ်ပြန်

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ အမ်ပန်ရှိ နေအိမ်တွင် ပြန်ပေးဆွဲခံရပြီးပျောက်ဆုံးနေသည့် ဒေါ်သူဇာမောင်တို့ မိသာစုကို နှစ်နှစ်ကျော်ကြာတွင် အောက်တိုဘာလ (၁၇) ရက်နေ့တွင် ဖမ်းဆီးထားကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

    ဒေါ်သူဇာမောင်သည် မလေးရှားနိုင်ငံအခြေစိုက် Myanmar Muslim Refugee အဖွဲ့အစည်းကို တည်ထောင်သူဖြစ်သလို မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရဲ၊ စစ်သားနှင့် CDM ပြုလုပ်ပြီး မလေးရှားရောက်ရှိသူများကို လူမှုရေး၊ ကျန်းမာရေးအပြင် တရားဝင်နေထိုင်ခွင့် ဒုက္ခသည် (UN) ကတ် ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးသူလည်းဖြစ်သည်။

    ထို့အပြင် ဒေါ်သူဇာမောင်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးတချို့နှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးတွင်လည်း ရန်ပုံရှာဖွေပေးခြင်းတို့ကြောင်း မြစ်သားမြို့နယ်တရားရုံးတွင် အကြမ်းဖက် ပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် ၂၀၂၃ ခုနှစ်တွင် တရားစွဲဆိုထားသည်။

    ဒေါ်သူဇာမောင်တို့ မိသားစုကို လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ၎င်းတို့နေထိုင်သည့်နေအိမ်တွင် အမည်မသိ အမျိုးသားတစ်စုမှ ပြန်ပေး ဆွဲခဲ့ခြင်းဖြစ်ပြီး ထိုပြန်ပေးဆွဲသူများသည် စစ်ကော်မရှင် ပါဝင်ပတ်သတ်မှုရှိနိုင်ကြောင်း မလေးရှားအခြေစိုက် မြန်မာအဖွဲ့အစည်းထံမှ သိရသည်။

    “မလေးရှားက သူ့နေအိမ်ကနေ ပြန်ပေးဆွဲသွားတာပါ။ CCTV တောင်ရှိပါတယ်။ အရင်က လူတချို့လာပြတာ တွေ့ခဲ့ရတယ်။ မြန်မာပြည် ထဲကို ပြန်၀င်တာမျိုး လုံး၀ မဟုတ်ဘူး။ စစ်ကော်မရှင်က ပြန်ပေးဆွဲတာလိုပဲမြင်တယ်။ သက်သေအတိကျတော့ မပြနိုင်ပေမဲ့ ကောက်ချက်ချလို့ရတဲ့ အချက်အလက်တချို့တော့ရှိပါတယ်” ဟု Myanmar Affair Alliance မှ ဦးစိုးထက်သိန်းက ပြောသည်။

    ဒေါ်သူဇာမောင်တို့ မိသားစု ပြန်ပြေးဆွဲ မတိုင်ခင် တပတ်ကျော်ကတည်းက မောင်ဝမ်းကွဲတစ်ဦးလည်း ပြန်ပြေးဆွဲခံရကြောင်း ၎င်းက ဆက်လက်ပြောသည်။

    မလေးရှားရောက် မြန်မာနွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားသူတချို့က ဒေါ်သူဇာမောင်သည် CDM ဝန်ထမ်းနှင့် တော်လှန်ရေးကမ်ပိန်း ရန်ပုံငွေ အရှပ်ရှင်းကိစ္စကြောင်း မြန်မာပြည်ကို တရားမဝင်လမ်းကြောင်းမှ ခိုးဝင်နေထိုင်ပြီးမှ စစ်ကော်မရှင်၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စွပ်စွဲထားသူများလည်းရှိသည်။

    “ဒေါ်သူဇာမောင်က NUG ရဲ့ အလုပ်သမားဝန်ကြီးနဲ့ အကောင်ထည်ဖော်ဖို့လုပ်တဲ့ လုပ်ငန်းတွေရှိတယ်။ အသေးစိတ်ကို မပြောပြတော့ပါဘူး။ အဲဒီမှာ မြန်မာတွေဆီက မန်ဘာကြေး ယူတာတွေရှိတယ်။ နောက်ပြီးတော့လည်း PDF ကမ်ပိန်းလုပ်တယ်။ မြန်မာတွေ တော်လှန်ရေးအစဆိုတော့ အတော်လေးပါဝင်ကြတယ်။ CDM တွေကိုလည်း UN ကတ်တွေ ဆောင်ရွက်ပေးမယ်ဆိုပြီး ငွေကြေးယူထားတာလည်း မနည်းဘူး။ ငွေအများကြီးရထားတယ်။ အဲငွေကို ယူပြီး ခြေရာဖျောက်ပြီး မြန်မာပြည်ဘက် ခိုးဝင်သွားတာ။ မြန်မာပြည်ရောက်မှ အဖမ်းခံရတာ။ ဒါပေမယ့် စကစက အခုမှထုတ်ပြန်ရတာလည်း မစဥ်းစားတက်ဘူး”ဟု မလေးရှားရောက် နွေဦးတော်လှန်ရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

    ဒေါ်သူဇာမောင် ပြန်ပေး ဆွဲခံရခြင်းသည် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရှိသော်လည်း စစ်ကော်မရှင်နှင့် ပါဝင်ပတ်သက်နိုင်ကြောင်း နောက်ထပ် မလေးရှားအခြေစိုက် မြန်မာအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးလည်း သုံးသပ်ထားသည်။

    “သူတို့မိသားစုကိုတော့ ကားနှစ်စီးနဲ့ခေါ်သွားတာမှန်တယ်၊ ဘယ်သူဘယ်ဝါဆိုတာ မသိဘူး။ စကစ ဘက်လူတွေဖြစ်မယ်။ စကစ လာဖမ်းတာဖြစ်မယ် ။ ခေါ်သွားတာလည်း အောက်လမ်းပဲ ဖြစ်မယ်၊ အပေါ်လမ်းဆိုရင် လဝက ဖြတ်ရမှာမလွယ်ဘူး။ လဝကမှာ နာမည်ရှာတာ မရှိဘူး။ မဟုတ်ရင် စစ်သင်္ဘောနဲ့ ဖြစ်မယ်”ဟု မြန်မာအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ပြန်ပေး ဆွဲခံရပြီးနောက် ဒေါ်သူဇာမောင်သည် မြန်မာပြည်တွင် ရှိနေသည်မှာ မှန်ကန်ပြီး ၎င်းသည်စစ်ကြောရေးတွင် သေဆုံးကြောင်း သတင်းများ ထွက်ပေါ်သလို စစ်ကော်မရှင်အနေဖြင့်လည်း နှစ်နှစ်ကြာမှ ထုတ်ပြန်သည့်အတွက် စဥ်းစားစရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ထုတ်ပြန်ချက်တွင်မူ မြန်မာဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နှင့် မိသားစုမှာ ပြန်ပေးဆွဲခံခဲ့ရကြောင်း ထုတ်ပြန်ထားသလို ကွာလာလမ်ပူမြို့၊ အမ်ပန်းရဲစခန်းတွင်လည်း လူပျောက်အမှုဖွင့်ထားကြောင်း သိရသည်။