Author: Baby Yit Lone

  • Aabhyanthara Kuttavaali

    Aabhyanthara Kuttavaati (2025)

    မိန်းမဟူသည့် ထိုဣတ္ထိ…

    ဒီတစ်ခါ ပရိသတ်ကြီးကို ရယ်ရခက် ငိုရခက် မလေယာလမ်း စကားပြော မှုခင်းဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဇာတ်လမ်းအစမှာ ဇာတ်လိုက်ကျော် ဆာဟာဒေဗန်တစ်ယောက် ရဲစခန်းကခေါ်လို့ အူကြောင်ကျားနဲ့ ရောက်လာရာက အစပြုပါတယ်။

    သူ့ဟာသူ ဘာမှုမှန်းမသိလို့ စခန်းမှူးစောင့်နေရင်း ရောက်လာတော့မှ ဟိုကနေ ဘာအမှုမှန်းမိန့်ကြားပါတယ်ခင်ဗျာ။

    အမှုကတော့ ရှင်းမလိုနဲ့ရှုပ်ပါတယ်။

    ဇာတ်လိုက်ကြီးရဲ့ လက်ထပ်ခါစ အိမ်သူသက်ထား ချစ်ဇနီးကိုယ်တိုင် လာတိုင်သွားတာပါတဲ့။

    ဘာအကြောင်းအရာလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ခန်းဝင်ပစ္စည်းပိုတောင်းလို့ပါတဲ့။

    ကဲ… အိမ်ထောင်ဦး ချစ်စကြင်စ ၁၀ ရက်တာလောက်နဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်နေတဲ့ ဆာဟာဗေဒန်ကပဲ မှားတာလား…

    လာတိုင်သွားတဲ့ သူ့မိန်းမပဲမှားတာလား ဘာပြသနာတွေထပ်ရှိဦးမလဲဆိုတာ ပရိသတ်ကိုယ်တိုင် ခံစားကြည့်ရှုရမှာဖြစ်လို့ ခုပဲ လက်မလွှတ်တမ်း အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။

  • Alphaville

    Alphaville (1965)

    အမေရိကန်အေးဂျင့်တစ်ယောက်ဟာ Alphaville ဆိုတဲ့ တခြားဂြိုလ်ပေါ်မှာ အနာဂတ်မြို့တော်ကို ရောက်ရှိလာပါတယ်။

    သူ့အနေနဲ့ Alphaville ကအရာတွေကို အံ့သြမိနေတာပေါ့။

    မြို့တော်အုပ်ချုပ်သူ မကောင်းဆိုးဝါး သိပ္ပံပညာရှင်အကြောင်းကို စုံစမ်းဖို့ ဖြစ်လာပြီးတော့ နောက်ကွယ်က တရားမဝင်တဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားသက်ဝင်မှုတွေ မရှိတဲ့အကြောင်းတွေ သိလာရပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…

    ၁၉၆၅ ခုနှစ်ထုတ် ဒီရုပ်ရှင်အဟောင်းလေးထဲမှာ ခံစားရမှာဖြစ်ပါတယ်။

  • The Jester 2

    The Jester 2

    The Jester 2 (2025)

    ဟောလိုဝင်း ကာလ နီးလာသလို Horror ဇာတ်ကားတွေလည်း အပြိုင်အဆိုင် ထွက်ရှိချိန်ပါပဲ။

    ဒီဇာတ်ကားဟာ ၂၀၂၃ တုန်းက ထွက်ရှိထားပြီးသားဖြစ်တဲ့ The Jester ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ဖြစ်ပြီးတော့ အသံမထွက်ဘဲ ဂျိုကာအဖြစ် သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် မိုက်ကယ်ရှက်ဖီးအနေနဲ့ ပထမကားထက် ပိုပြီးကောင်းမွန်တဲ့ သရုပ်ဆောင်ဟန်ပန်တွေကို ဒီဇာတ်ကားမှာ တွေ့ရပါတယ်။

    အရင်ဇာတ်ကားတုန်းက လူတွေကို လိုက်သတ်တာ ဘာကြောင့်ဆိုတဲ့ ဇစ်မြစ်ကို ဒီဇာတ်ကားမှာ ထည့်သွင်းရှင်းပြခဲ့တာကြောင့် ဂျိုကာလူသတ်ကောင်ရဲ့ Mystery ဖြစ်မှုကို လျော့ကျသွားစေတယ်လို့ ပရိသတ်တချို့က ဝေဖန်ကြပေမယ့် အရင်ဇာတ်ကားထက်ကို ဘတ်ဂျက်ပိုမိုသုံးစွဲထားပြီးတော့ ဇာတ်လမ်းထုတ်လုပ်မှုပိုင်းနဲ့ သရုပ်ဆောင်ရွေးချယ်မှုတွေမှာလည်း ပိုမိုအားစိုက်ထားတာကို တွေ့ရပါတယ်။

    ဇာတ်လမ်းအကျဉ်းပြောရရင် လူမှုဆက်ဆံရေးပိုင်းမှာရော မိသားစုနဲ့ပါ သဟဇာတမဖြစ်ဘဲ အပယ်ခံ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဖြစ်တဲ့ မက်စ်ဟာ ဟောလိုဝင်းညမှာ ဂျိုကာနဲ့ မမျှော်လင့်ဘဲ ကြုံဆုံခဲ့ပါတယ်။

    ဂျိုကာလူသတ်ကောင်ဟာ သူဝိဉာဉ်နှုတ်မယ့် သားကောင်ကို မသတ်ခင် မျက်လှည့်တစ်ခု ပြသရပါတယ်။

    ဒါပေမယ့် အဲဒီညမှာတော့ မက်စ်က ဂျိုကာကို ဖဲချပ်နဲ့ မျက်လှည့်တစ်ခု ပြသခဲ့မိပြီး ဂျိုကာရဲ့ အစီအစဉ်မှာ သူ့ရဲ့ လက်ပါးစေအဖြစ် ခိုင်းဖို့ ခေါ်သွားခံရပါတော့တယ်။

    မက်စ်အနေနဲ့ ဂျိုကာခိုင်းစေသမျှကို လိုက်လုပ်ရင်းနဲ့ ဘယ်လိုမျိုး သူ့လက်က လွတ်အောင် ပြေးမလဲဆိုတာကတော့ ….

  • ညီမလေး ဘယ်သူ့ကို အားကိုးရမှာလဲ

    ညီမလေး ဘယ်သူ့ကို အားကိုးရမှာလဲ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ ချမ်းအေးလှတဲ့ မိုးတွင်းမနက်ခင်းတခုမှာ ပိတ်ဖြူစကိုခေါင်းပေါင်းပေါင်းထားတဲ့ အမျိုးသမီးငယ်တဦးဟာ ရင်ခွင်ထဲမှာ ရက်သားအရွယ်ပဲ ရှိပုံရတဲ့ ကလေးငယ်လေးကို ကျစ်ကျစ်ပါအောင် ပွေ့ထားရင်း မျက်ရည်တွေကျနေခဲ့တယ်။

    ကလေးမိခင်ဟာ ဆုံးသွားရှာတဲ့ ရင်ခွင်ထဲက သူ့သားငယ်လေးအတွက် ယူကျူံးမရအောင် စိတ်ထိခိုက်နေခဲ့တာပါ။

    ဘေးက မိန်းမဖော်လည်း ကလေးမိခင်လေးကိုဖေးမရင်း မျက်ရည်တွေဝဲနေခဲ့တယ်။

    ကလေးနာရေး စီစဥ်ပေးဖို့ ရောက်လာတဲ့ ပရဟိတအသင်းသားတဦးက ကလေးအမေရဲ့ အသက်ကိုမေးတော့ ၂၄ ပဲ ရှိသေးတယ်လို့ ကလေးမိခင်က မျက်ရည်တွေနဲ့ဖြေတယ်။

    ဘေးနားမှာလည်း မိန်းမဖော်တယောက်သာတွေ့လို့ ပရဟိတအသင်းဝင်က သူ့အဖေကောလို့ မေးလိုက်မိတယ်။

    ကလေးမိခင်ငယ် ပြန်မဖြေနိုင်ရှာဘူး။

    “အဖေ… ပါသွားတာ”လို့ ပြောရင်း ငိုနေတယ်။

    ဘေးက အမျိုးသမီးက စုဆောင်းရေးဆွဲတာ ပါသွားတာလို့ ခပ်တိုးတိုးပြောပြတယ်။

    ဘယ်ဘက်ကဆွဲတာပါသွားတာလဲလို့ ပြန်မေးတော့ ဘေးကအမျိုးသမီးက ခပ်တိုးတိုးသာဖြေခဲ့တာမို့ ရုပ်သံထဲမှာ သဲကွဲစွာ မကြားလိုက်ရပါဘူး။

    (ကချင်ပြည်နယ်ထဲမှာတော့ အာဏာသိမ်းစစ်တပ်အပြင် အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တပ်သားသစ်စုဆောင်းလေ့ရှိတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။)

    နာရေးကိစ္စ စီစဥ်ပေးဖို့အတွက် ပရဟိတအသင်းက အမျိုးသမီးက ကလေးကို ပေးဖို့ပြောတော့ ကလေးမိခင်ဟာ ခွဲရတော့မယ့်သူ့သားကလေးကို ပေးချင်သေးပုံမပေါ်ဘူး။

    “ရတယ် ရတယ် ညီမလေး ချီမယ်”တဲ့။

    ကလေးဟာ လမစေ့ဘဲ မွေးလာခဲ့သလို သေချာလည်း ဂရုမစိုက်နိုင်တော့ ဆုံးပါးသွားခဲ့တာလို့ မိန်းမဖော်ဖြစ်သူက ပြောပြတယ်။

    စီစဥ်စရာရှိတာစီစဥ်ဖို့ ကလေးကို ပေးလိုက်ဖို့ပြောတော့ ကလေးမိခင်ဟာ ရင်ခွင်ထဲက ကလေးငယ်လေးကို အသာအယာလွှဲပြောင်းပေးပါတယ်။

    အဲဒီနောက် မိန်းမဖော်နား လက်နှစ်ဘက်လုံးဆွဲကိုင်ရင်း အားအင်ချိနဲ့စွာနဲ့ မြေပေါ်ငုတ်တုပ်ထိုင်ချလိုက်တော့တယ်။

    “ယောကျာ်းနဲ့ အသက်ရှင်လျက် ကွဲခဲ့ရ၊ သားနဲ့ကျ သေကွဲ ကွဲခဲ့ရနဲ့ ညီမလေး ဘယ်သူနဲ့ နေရမှာလဲ”လို့ ပြောရင်း ကလေးမိခင်ဟာ ငိုကြွေးနေခဲ့တယ်။

    “ညီမလေး ဘယ်သူ့ကို အားကိုးရမှာလဲ”တဲ့။

    “ယောကျာ်းပါသွားလို့လည်း သားနဲ့နေရမလား ဝေးပါပြီ မမရယ်”တဲ့။

    အမျိုးသမီးဖော်လည်း ဘာပြောလို့ပြောရမှန်းမသိဘူး။ ကလေးမိခင်ကိုဖက်ထားရင်း ကလေးမိခင်အတွက်ယူလာတဲ့ စျေးပေါတဲ့ တစ်ရှူးထုပ်ကလေးထဲက တစ်ရှုးတွေထုတ်ကာ သူ့မျက်ရည်တွေသာ သူသုတ်နေခဲ့တယ်။

    ကလေးမိခင်ဟာ ဝိုင်းမော်မြို့ကနေ အမျိုးသမီးအဖော်နဲ့အတူ ဆေးရုံလာတက်ခဲ့ကြတာပါ။

    မြစ်ကြီးနားမြို့နဲ့ကပ်ရပ်တည်ရှိတဲ့ ဝိုင်း​မော်မြို့ဟာ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေ ဖြစ်ပါတယ်။

    ဒါပေမယ့်ဝိုင်းမော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်က လမြန်ရွာစစ်မျက်နှာပြင်ဘက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

    ကလေးမိခင်တို့ဟာ ဆေးရုံတခုကနေ နောက်တခုကိုအကူး လမ်းစရိတ်မရှိလို့ အခုလာကူညီတဲ့ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းကပဲ သွားခေါ်ပေးခဲ့တာပါ။

    ဆေးရုံတက်တော့လည်း ကုသစရိတ်မကုန်လှပေမဲ့ စားစရာကို မရှိကြလို့ အမျိုးသမီးဖော်ဟာ ဆေးရုံနားက ထမင်းဆိုင်လေးမှာ ထမင်းသွားဝိုင်းချက်ပေးရတယ်။

    ဆိုင်အလုပ်တွေကူပြီးမှ ကလေးမိခင်အတွက် ထမင်းကလေးတောင်းယူလာရတယ်လို့ ပြောပြတယ်။

    ကလေးမိခင်ရဲ့အမျိုးသား အဆွဲခံရတုန်းကလည်း နှစ်ယောက်လုံး တောင်းပန်ကြတယ်။

    “ကောင်မလေးက ဗိုက်ကြီးကြီးနဲ့မို့ပါ။ မခေါ်ပါနဲ့မောင်လေးရယ်လို့ တောင်းတောင်းပန်ပန်နဲ့ ပြောတာကို မရဘူး ခေါ်တာ”လို့ မိန်းမဖော်က ပြောပြနေတယ်။

    အဲဒီတုန်းကလည်း ကလေးမိခင်ရဲ့ အမျိုးသားတင်မကဘဲ မိန်းမဖော်အမျိုးသမီးရဲ့ ယောကျာ်းပါ ပါသွားခဲ့တာလို့ ပြောပြတယ်။
    သူ့လည်း လေးနှစ်အရွယ် သားလေးနဲ့ ကျန်ရစ်ခဲ့တာပါတဲ့။

    ဘဝတူမိန်းမသားချင်း သူကလည်းအကြီးမို့ “ငါ့ညီမ မပူနဲ့။ ငါစားရရင် နင်စားရမယ်”လို့ အားပေးခဲ့တယ်လို့ သူက ပြောပြတယ်။

    ဂူတွေကြားထဲက မြေလွတ်တနေရာလေးမှာ သားကလေးအတွက် ကျင်းတခု ပရဟိတအသင်းက စီစဥ်ပေးထားခဲ့တယ်။

    နာရေးပို့သူအားလုံးပေါင်းမှ ၅ ယောက်လောက်သာ ရှိတဲ့ နာရေးလေးဟာ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ကလေးအလောင်းကို မြေကြီးထဲချတော့ မိခင်ကော မိတ်ဆွအမျိုးသမီးပါ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျကြတယ်။

    ဘဝတူ မိန်းမသားနှစ်ယောက်ကတော့ ပူလောင်လှတဲ့ လူ့လောကကြီးထဲကို ပြန်ဝင်ဖို့အတွက် သုဿန်မြေကနေ မျက်ရည်စက်လက်နဲ့ ပြန်ထွက်ခဲ့တော့တယ်။

    နောက်ဆုံးရတဲ့သတင်းအရတော့ ကလေးမိခင်ဟာ လင်စိတ်သားစိတ်နဲ့ စိတ်ကျန်းမာရေး ထိခိုက်နေတယ်လို့ သိရပါတယ်။

    တယောက်တည်းငှက်ပျောခြံထဲမှာ ငိုလိုက်ရယ်လိုက်နဲ့လို့ ဒေသခံတဦးက စိတ်မကောင်းစွာ ပြောပြခဲ့ပါတယ်။ ။

    ဓါတ်ပုံ – ဧရာဝတီကရုဏာ လူမှုကူညီရေးအသင်း

  • ဖမ်းဆီးသွားသည့်အရပ်သားသေဆုံးမှုအတွက် ပကဖ တာဝန်ခံကို NUG အရေးယူမည်

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အုပ်ချုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အရပ်သားတယောက်ကို ဖမ်းဆီးထားချိန် အသက်သေဆုံးစေခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတိယ တာဝန်ခံကို အရေးယူသွားမယ်လို့ NUG က ပြောပါတယ်။

    မော်တိတ်ရွာက အသက် ၃၀ ကျော်အရွယ် ကိုဇော်ထွေးကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ဆိုင်ကယ်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပကဖ က လာရောက်ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာမှာပဲ ကိုဇော်ထွေးရုပ်အလောင်းကိုလာယူဖို့ မိသားစုဝင်တွေဆီကို အကြောင်းကြားလာတာလို့ ဒေသခံတွေက ပြောပါတယ်။

    ရုပ်အလောင်းမှာ အပြင်းအထန် နှိပ်စက်ခံထားရတဲ့ဒဏ်ရာ အညိုအမဲတွေကိုတွေ့ရသလို ဦးခေါင်းမှာလည်း ဒဏ်ရာအပြင်းအထန်ရထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ခြေထောက်နှစ်ဖက်တွင် တွေ့ရသော အညိုအမဲ ဒဏ်ရာများ။ (ဓာတ်ပုံ-ပေးပို့)

    အရပ်သားသေဆုံးမှုအတွက် တာဝန်ရှိသူကိုဖမ်းဆီးထားပြီး ဥပဒေတိုင်း ဆက်အရေးယူသွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

    “တာဝန်ရှိသူ ပကဖ ဒုတာဝန်ခံကို ထိန်းသိမ်းထားပြီးဖြစ်။ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်။ တယောက်ယောက်က တစုံတရာ ကျူးလွန်တယ်ဆိုရင်လည်း အဲဒါက ဥပဒေနဲ့ အညီသွားလို့ပဲရမှာ။ ပကဖ အနေနဲ့ ဒီလို လုပ်ပိုင်ခွင့်မရှိဘူး”

    NUG ထိန်းချုပ်စိုးမိုးထားတဲ့ မြို့၊ ရွာတွေမှာ အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဆိုတဲ့ ပသုံးလုံးအဖွဲ့က အဓိက ဆောင်ရွက်နေတာဖြစ်ပါတယ်။

    အာဏာပါဝါအလွဲသုံးစားလုပ်တဲ့ ပသုံးလုံး အဖွဲ့ဝင်တွေကို ဖြစ်စဉ်အပေါ်မူတည်ပြီး အရေးယူဆောင်ရွက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

    အင်းတော်မြို့ကို ပြီးခဲ့တဲ့ဧပြီလအစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူထားပြီး NUG ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေတာပါ။

    ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်မြို့တို့ကိုလည်း NUG ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပါတယ်။