Author: Baby Yit Lone

  • Waktu Maghrib 2 (2025)

    Waktu Maghrib 2 (2025)

    Waktu Maghrib 2 (2025)

    ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Waktu Maghrib ဇာတ်ကားရဲ့

    နောက်ဆက်တွဲရုပ်ရှင်ပဲဖြစ်ပါတယ်။

    ပထမရုပ်ရှင်ထဲက ဂျက်တီဂျာဂျာရွာရဲ့ အဖြစ်အပျက်ပြီးလို့ အနှစ် ၂၀အကြာ၊ ဂျက်တီဂျာဂျာရွာရဲ့

    ဘေးချင်းကပ်ရပ်မှာရှိတဲ့ ဂီရီထရီတိုရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။

    အဓိကဇာတ်ကောင်တွေကတော့ ဝူလန်နဲ့ ယိုဂိုဆိုတဲ့ ဝမ်းကွဲမောင်နှမနှစ်ယောက်ပါ။

    ဇာတ်လမ်းကို ယိုဂိုတို့ ကျောင်းက ကျောင်းသားလေးတွေ ကျောင်းဘောလုံးပွဲ ကန်ကြတာနဲ့စဖွင့်ထားပါတယ်။

    ဒီပွဲကို ဝူလန်က လိုက်မကြည့်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝူလန်ပါအတူလိုက်ခဲ့ရပါတယ်။

    ဒီလိုနဲ့ ဘောလုံးပွဲအပြီးမှာ ဝူလန်၊ယိုဂိုနဲ့ ဘောလုံးအသင်းထဲက ကျောင်းသားလေး ၆ယောက်ဟာ

    ကားတစ်စီးနဲ့ အိမ်ပြန်ကြပါတယ်။ ဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာ လူတစ်ယောက်ကို

    ဝင်တိုက်မိခဲ့ပြီး ဝူလန်ကလည်းရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။

    အဲဒါကြောင့် ကားဆရာနဲ့ ကျောင်းသားလေးတွေဟာ ရဲကို ယာဉ်တိုက်မှုအတွက် အကြောင်းကြားပြီး

    ပျောက်သွားတဲ့ ဝူလန်ကို တောထဲမှာလိုက်ရှာကြပါတယ်။

    ရဲတွေ‌ရောက်လာတဲ့အခါမှာတော့ ဝူလန်နဲ့ ယိုဂိုတို့မောင်နှမနှစ်ယောက်ကိုသာ ပြန်ရှာတွေ့ခဲ့ပြီး

    ကျန်တဲ့ ကျောင်းသား ၆ ယောက်ဟာ အစအနမကျန်ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

    အဲဒီနေ့ကနေစလို့ ဝူလန်ကလည်း အရင်နဲ့မတူဘဲ တဖြည်းဖြည်းထူးဆန်းလာပြီး ယိုဂိုကလည်း

    ဝူလန်ကို ကြောက်ရွံ့လာခဲ့ပါတယ်။

    ဒီလိုအဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက ဂျက်တီဂျာဂျာရွာမှာ တစ်ပုံစံတည်း

    ဖြစ်ခဲ့ဖူးတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ….

    ဘယ်လိုနတ်ဆိုး မိစ္ဆာတွေက ရှယ်ကြမ်း ‌ရှယ်ခြောက်ပြသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်

    ကြည့်ရှုရမဲ့ အင်ဒို သရဲကားတစ်ကားပဲဖြစ်ပါတယ်။

  • မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး

    မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး

    မန္တလေး တိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်

    မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

    နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း

    ၁၆.၁၀.၂၀၂၅ ရက်နေ့ ညနေ ၆း၄၅ အချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှလာသော မော်တော်ကားနှင့် ဆိုင်ကယ်အားတိုက်ပြေးရာ

    ဆိုင်ကယ်စီးသူအမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှမျက်မြင်သူများကပြောကြားသဖြင့်

    ယင်းအမျိုးသမီးလူနာအား မီးစလိုက်များနှင့်လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးနားတွင်မတွေ့ သွေးစများသာတွေ့ရသည်။

    တိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ​ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင်လူပါလာမှန်းသိသဖြင့် အတိုက်ခံရသောအမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက်အထည်ချုပ်စက်ရုံနားတွင်ပစ်သွားကြောင်း သိရသည်။

    ကုသိုလ်ထပ်တူ ရရှိကြပါစေ

    ( ပြည်သူအားလုံး ကျန်းမာ၍ အန္တရယ်ကင်းကြပါစေ)

    သိန်းထွန်းအောင်၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့

    ☎ 09-2039152 ☎️

  • The Clouds (2025)

    The Clouds (2025)

    The Clouds (2025)

    နတ်ဆိုးလို့ နာမည်ကြီးတဲ့ ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

    တစ်ရက်မှာ သူတို့က ဒေါ်လာတစ်သန်းလောက်တန်ဖိုးရှိတဲ့ ငွေမည်းတွေကို သယ်ဆောင်လာတဲ့ကားတစ်စီးကို ဝင်ရောက်လုယက်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီလုယက်မှုတွေရဲ့နောက်ကွယ်မှာတော့ တာကိုလို့ခေါ်တဲ့ နောက်ကွယ်ကကြိုးကိုင်သူတစ်ယောက်ရှိနေပြီး သူက ဒီနတ်ဆိုးဂိုဏ်းကို အလုပ်တွေအပ်နေတဲ့သူပါ။

    ဒါပေမဲ့ သူတို့ထဲက အဖွဲ့ဝင်ဂျာမန်ရဲ့တူဖြစ်သူ ဒန်နီအဖွဲ့ထဲကို ရောက်လာပြီးနောက် အဖွဲ့ဝင်တွေကြားမှာတော့ သဘောထားမတိုက်ဆိုင်မှုတွေနဲ့ တင်းမာမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။

    အကြောင်းအရင်းကတော့ ဒန်နီဟာ မူးယစ်ဆေးသုံးပြီး ရဲအရာရှိတစ်ယောက်ကိုသတ်ကာ အိမ်အကူကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့်တဲ့အတွက် အဖွဲ့ခေါင်းဆောင် ပါဘလိုက ဒန်နီကို သတ်ပစ်လိုက်တဲ့အခါ…

    အဖွဲ့ဝင်တွေကြားက သစ္စာဖောက်မှုတွေ၊ ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုတွေနဲ့အတူ ထောင်တွင်းက အာဏာပြိုင်ဆိုင်မှုတွေကြားမှာ ဘယ်သူက အသက်ရှင်ကျန်ရစ်မလဲဆိုတာကို Action-Thriller Vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

  • ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပင်လယ်ဓားပြရုပ်ရှင်ကားပဲ ဖြစ်ပါတယ်…

    ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပင်လယ်ဓားပြရုပ်ရှင်ကားပဲ ဖြစ်ပါတယ်…

    Captain Hook – The Cursed Tides (2025)

    ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပင်လယ်ဓားပြရုပ်ရှင်ကားပဲ ဖြစ်ပါတယ်…

    ပင်လယ်ဓားပြခေါင်းဆောင် ဟွတ်ခ်ဟာ အလိုရှိခံနေရသူဖြစ်ပြီး ရန်သူတော်

    ရေတပ်ဗိုလ်ချုပ်ကြီး စမီးရဲ့ အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူဖြစ်ပါတယ်…

    ထွက်ပြေးတိမ်းရှောင်ရင်း တစ်နေရာအရောက်မှာတော့ ပန်းပဲသမားဖြစ်သူ ဆိုင်လာနဲ့

    ဟွတ်ခ်တို့ ဆုံမိပြီး နှစ်ယောက်ပေါင်းကာ ရန်သူတော်ဟောင်း စမီးကို ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်…

    ဒီရုပ်ရှင်မှာဆိုရင် ရေတပ်ဗိုလ်ချုပ်ကြီးစမီးကတစ်ဖက် ပင်လယ်ဓားပြခေါင်းဆောင် ဟွတ်ခ်နဲ့

    ပန်းပဲသမားဟွတ်ခ်တို့ကတစ်ဖက် နှစ်ဖက်အားပြိုင်မှုကို အက်ရှင်ပြကွက်များနဲ့

    ပင်လယ်ဓားပြအငွေ့အသက်များလွှမ်းခြုံကာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်…

  • ကိုးရီးယား ဇာတ်ကြမ်းတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက်

    ကိုးရီးယား ဇာတ်ကြမ်းတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက်

    ကိုးရီးယား ဇာတ်ကြမ်းတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက် Neflix ကနေထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

    ဒီဇာတ်ကားက အပစ်အခဲအသတ်အဖြတ်တွေနဲ့ပြည့်နေပြီးတော့ The Man From Nowhere ကိုတောင် သတိရသွားစေလောက်တဲ့အထိ ကြမ်းပါတယ်။

    ကလဲ့စားချေဖို့အတွက် လူတွေအများကြီးရက်ရက်စက်စက် သတ်ပြနေတာတွေက အရမ်းကိုအားရစရာကောင်းပါတယ်။

    ဇာတ်လမ်းအကျဉ်းလေးကတော့…

    သက်တော်စောင့်ဟောင်းတစ်ယောက်ဖြစ်တဲ့ အုတ်ဂျူဟာ သူ့ရဲ့သူငယ်ချင်းအသတ်ခံရတဲ့ကိစ္စအတွက် ကလဲ့စားချေဖို့အတွက် တရားခံကိုမြေလှန်ရှာပါတော့တယ်။

    သူ့ကိုယ်တိုင်ကလဲ သက်တော်စောင့်ဟောင်းတစ်ယောက်ဖြစ်လို့ အသတ်အဖြတ် အပစ်အခတ်တွေမှာ အရမ်းကျွမ်းကျင်တဲ့အတွက် သူ့ရဲ့သူငယ်ချင်းကိုသတ်သွားတဲ့ ဒုစရိုက်ဂိုဏ်းကို တစ်ယောက်တည်း ဝင်ဖြိုဖို့ကြိုးစားပါတော့တယ်။

    တစ်ကားလုံး အတိုက်အခိုက်တွေနဲ့ ပြည့်နှပ်နေတာဖြစ်လို့ ရင်သတ်ရှု့မောဖွယ်ကြည့်ရမှာတော့ အမှန်ပါပဲခင်ဗျာ။