မန္တလေး တိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့
နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း
၁၆.၁၀.၂၀၂၅ ရက်နေ့ ညနေ ၆း၄၅ အချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှလာသော မော်တော်ကားနှင့် ဆိုင်ကယ်အားတိုက်ပြေးရာ
ဆိုင်ကယ်စီးသူအမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှမျက်မြင်သူများကပြောကြားသဖြင့်
ယင်းအမျိုးသမီးလူနာအား မီးစလိုက်များနှင့်လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးနားတွင်မတွေ့ သွေးစများသာတွေ့ရသည်။
တိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင်လူပါလာမှန်းသိသဖြင့် အတိုက်ခံရသောအမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက်အထည်ချုပ်စက်ရုံနားတွင်ပစ်သွားကြောင်း သိရသည်။






ကုသိုလ်ထပ်တူ ရရှိကြပါစေ
( ပြည်သူအားလုံး ကျန်းမာ၍ အန္တရယ်ကင်းကြပါစေ)
သိန်းထွန်းအောင်၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့
☎ 09-2039152 ☎️


Leave a Reply