Author: Baby Yit Lone

  • KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ

    KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ

    ကရင်အမျိုးသားအစည်းအရုံး(KNU)ကို နိုင်ငံတော် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းသာယာရေးကို နှောင့်ယှက်မှုကြောင့် မတရားအသင်းအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။

    ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အဖွဲ့ဝင်များ၊ ၄င်းတို့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်သူများသည် နိုင်​ငံတော်တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို အန္တရာယ်အနှောက်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြောင်း အာဏာသိမ်းစစ်တပ်က ဆိုထားသည်။

    ထိုသို့ စစ်တပ်က မကြေညာမီ သြဂုတ်လ (၁၂)ရက်နေ့ (၇၅) နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူရန် မိန့်ခွန်းပြောကြားထားသည်။

    ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခြင်းဖြစ်ပြီး နိုင်ငံစီမံအုပ်ချုပ်ရေးတွင် စစ်အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကာ နိုင်ငံအတွက် ပဋိပက္ခ ပိုမိုကြီးထွားလာရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။

    ထို့အပြင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ​​တော်(KNU)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ဥကရစ်ထစခန်းအပါအဝင် နယ်စပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားသည်။

    ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တားဆီးပိတ်ပင်ထားမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေသည်။

    အဆိုပါ အောင်ဇေယျ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မှုထမ်း တပ်သားများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ မကြာခဏ လက်နက်ချ၊ အလင်းဝင်နေကြသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ အရပ်သားပြည်သူများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်ထိပ်တံတား ပျက်စီးမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်​​ရေးတပ်မတော်(TNLA)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ၄င်းတို့ ဝါဒဖြန့် မီဒီယာများတွင် ရေးသားပြောဆိုထားပြန်သည်။

    KNU ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကော်မရှင်၏ ကြေ ညာချက်သည် စစ်ရေးဖိအားပေးရန်ဖြစ်ဟု စစ်ရေးအကဲခတ်များ သုံးသပ်

    စစ်ကော်မရှင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းသည် သပ်လျှိုသွေးခွဲ၍ မရသည့်နောက် စစ်အရှိန်မြှင့် တိုက်ခိုက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စစ်ရေးအကဲခတ်နှင့် ဥပဒေပညာရှင်တို့က ထောက်ပြသည်။

    မဲစာရင်း အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ အာဏာသိမ်းကာ နိုင်ငံတစ်ဝန်း နေ့စဉ်ဗုံးကြဲ တိုက်ခိုက် နေသော စစ်ကော်မရှင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် KNU ကို ယမန်နေ့ ဩဂုတ် ၂၈ ရက်တွင် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ နှစ်ကုန်ပိုင်းအထိ KNU အဖွဲ့အတွင်း သပ်လျှို သွေးခွဲရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် KNU ၏ ခုခံမှုများကြောင့် တပ်စခန်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ကရင်စစ်ရေးလေ့လာသူတစ်ဦးထံမှ သိရသည်။

    “KNU ဟာ ပြည်သူလူထုမနာ၊ ရွာမကျေအောင်ဆိုတဲ့ မဟာဗျူဟာနဲ့ စစ်ကော်မရှင်ကို ခုခံတိုက်ခိုက် ခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ KNU အကြီးအကဲတွေက စစ်ကော်မရှင်ကို နိုင်ငံရေးက နုတ်ထွက်ဖို့ တရားဝင်ပြောဆိုထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    NCA ကို ချိုးဖောက်၍ အာဏာသိမ်းယူထားသည့် စစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင်အား နိုင်ငံရေးက နုတ်ထွက်ရန်နှင့် စစ်ရာဇဝတ်မှုအပါအဝင် ဖောက်ဖျက်ကျူးလွန်ထားသမျှ တာဝန်ခံ ရန်တို့ကို KNU ခေါင်းဆောင်များနှင့် ပြောခွင့်ရများက တရားဝင် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်သည်။

    စစ်ကော်မရှင်သည် KNU အား သပ်လျှိုသွေးခွဲ၍ မရသလို ခုခံတော်လှန်မှုများကြောင့် ၎င်းတို့၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းအပါအဝင် တပ်စခန်းများ အထိနာစစ်ရှုံး လက်လွှတ် ခဲ့ရသဖြင့် ယခုလို ကြေညာချက်ထုတ်ပြန်၍ စစ်ရေးအရှိန်မြှင့် ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။

    စစ်ကော်မရှင်ကမူ KNU နှင့်အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ အေးချမ်းသာယာရေးတို့ကို အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု စွပ်စွဲထုတ်ပြန် ထားသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆသဖြင့် KNU ကို မတရားအသင်းအဖြစ် ကြေညာကြောင်း စစ်ကော်မရှင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    စစ်ကော်မရှင်၏ ကြေညာချက်သည် သူခိုးက လူကိုပြန်အော်သလို ဖြစ်နေပြီး KNU ကို မတရား အသင်းအဖြစ် ကြေညာခြင်းကြောင့် KNU နှင့် ပတ်သက်သူများ ဖမ်းဆီးခံရမှု ပိုများလာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သုံသပ်ပြောကြားသည်။

    “စစ်တပ်က တုန့်ပြန်တာ ပိုကြမ်းလာမယ်။ အရင်ကတည်းက ဥပဒေမဲ့ ဖမ်းဆီးတာတွေ ထင်တိုင်းကြဲ ခဲ့တာတွေရှိတော့ အခုကြေညာချက်က တိုင်းပြည်ရဲ့ သူပုန်ဖြစ်နေတဲ့ စစ်တပ်ဟာ တရားဝင် လူသတ် နိုင်ဖို့ ကိုယ်ကိုတိုင် လူသတ်လိုင်စင် ထုတ်လိုက်တာ” ဟု စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    အလားတူ စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရာတွင်လည်း KNU သည် လမ်း၊ တံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးများချ၍ တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု စွပ်စွဲ ဖော်ပြထားသည်။

    “ယာယီသမ္မတရဲ့ သက်တမ်းကို ၂၀၀၈ ခြေဥကနေ ဘယ်လောက်လို့ သတ်မှတ်ထားလဲ။ ဦးမြင့်ဆွေ မသေခင် ယာယီသမ္မတ(တာဝန်)ကို လွှဲပြောင်းရယူထားတယ်လို့ ပြောပြီး ဦးမြင့်ဆွေသေရင် တပ်ချုပ်က ယာယီသမ္မတ ဖြစ်ခွင့်ရှိတယ်လို့ ၂၀၀၈ ခြေဥမှာ ပြဋ္ဌာန်းချက်ရှိထားလို့လား” ဟု ဥပဒေပညာရှင် စောဘဦးလေးက ထပ်မံပြောသည်။

    အာဏာသိမ်း စစ်ကော်မရှင်က ထိုကဲ့သို့ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာ ခြင်းနှင့် ပတ်သက်၍ KNU ၏ သဘောထားကို သိရှိနိုင်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိတိုင် ပြန်လည်ဖြေကြားထား ခြင်းမရှိသေးပေ။

  • စကားအတွက် တာဝန်ယူရတော့မယ့် မိန်းကလေး

    စကားအတွက် တာဝန်ယူရတော့မယ့် မိန်းကလေး

    သူ့ကိုလူတကာကဝိုင်းဆဲနေကြတာမို့ အစကမပြောဘဲနေမလို့ပါဘဲ။

    အရွယ်ရောက်ပြီးသူ ကျား-မ မရွေးဟာ တပါးသူရဲ့အခွင့်အရေးကိုထိခိုက်မလာရင် မိမိနှစ်သက်ရာလုပ်ခွင့်ရှိပါတယ်။

    ဘလော့ထောင်၊ ပေ့ချ်ဖွင့်ပြီး သျှတ္တရအကြောင်းတွေဘဲပြောပြော၊ ကိုယ့်ကိုဘယ်လိုလုပ်လို့ ကိုယ်ကဘယ်လိုလုပ်လို့ ဘယ်လိုတွေကောင်းပြီး ဘယ်လိုတွေမကောင်းဘူးဆိုတာမျိုးတွေဘဲဝေမျှဝေမျှ၊ ကိုယ့်ရဲ့ဖွားဖက်တော်ကိုယမ်းခါပြီးဘဲပြပြ၊ ရှိုက်ဖိုကြီးငယ်တွေကိုမပေါ်ပေါ်အောင်ဘဲကော့ပေးနေနေ၊ အမေပေးထားတဲ့အမွှေပန်းအိမ်လေးကိုလှန်လှောပြီးဘဲလေလံတင်တင် ဒါတွေအားလုံးဟာ ဆိုင်ရာပုဂ္ဂိုလ်များရဲ့တကိုယ်ရေကိစ္စများသာဖြစ်ပါတယ်။

    ဆဲတဲ့သူတွေကဆဲကြမယ် နှစ်သက်သူများကပရိတ်သတ်ဖြစ်လာမယ်၊ ရှင်းတယ်။

    အဲ … ဝမ်းစာချို့တဲ့လို့ဘဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်တခုကြောင့်ဘဲဖြစ်ဖြစ်၊ အာဃာတကြောင့်ဘဲဖြစ်ဖြစ်၊ Mission တခုကြောင့်ဘဲဖြစ်ဖြစ် အများနဲ့ဆိုင်တဲ့နိုင်ငံရေးအကြောင်းကိုပြောတဲ့အခါမှာ သမိုင်းကိုလိမ်မိရင်တော့ ဝိုင်းနွှာတဲ့ဒဏ်ကိုခံနိုင်ရည်ရှိရလိမ့်မပေါ့။

    အခုပြောမယ့်ကိစ္စကတော့ လိင်ပိုင်းဆိုင်ရာတွေပြောတဲ့ VV Chen ဆိုတဲ့မိန်းကလေးရဲ့ ကျွံထွက်လာတဲ့သမိုင်းလိမ်ကွက်အကြောင်းပါ။

    သံခိပ်ဆိုတာကိုကြားဖူးကြမှာပါ၊ အတိုချုပ်ပေါ့။

    ဒီမိန်းကလေးရဲ့ပိုစ့်အောက် သူပြန်မန့်ထားတဲ့မန့်တခုကိုမြင်လိုက်ရချိန်မှာ အောက်ဖော်ပြပါ အတိုချုပ်အနက်ထွက်ပါတယ်။

    “၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုဖြေရှင်းပေးဖို့နည်းလမ်းတွေရှိလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်လွှားမောက်မာစွာနဲ့ငြင်းဆန်ခဲ့တဲ့အတွက် စစ်တပ်ကအာဏာသိမ်းခဲ့တယ်” တဲ့။

    နိုင်ငံသားတိုင်းဟာ မြင်ချင်သလိုမြင်ခွင့်ရှိပါတယ်၊ ဒါကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ မြင်သလိုလည်း ပြောခွင့်ရှိပါသေးတယ်။

    ဒါပေမယ့် “အမြင်” နဲ့ “ပကတိအရှိတရား” ကတော့ အခါခပ်သိမ်း တထပ်ထဲမကျနိုင်ပါဘူး။

    ပါတီတခုရဲ့အရိပ်အောက်ကိုဝင်၊ ပါတီဗဟိုကော်မတီဝင်တွေနဲ့တပူးတွဲတွဲသွားလာနေပြီး အချက်အလက်တခုကိုအခိုင်အမာပြောလာပြီဆိုရင်တော့ ပါတီရဲ့ပုံရိပ်နဲ့လည်းတိုက်ရိုက်ပါတ်သက်သွားမှာဖြစ်သလို မိမိပြောထုတ်လိုက်တဲ့စကားများဟာလည်း Official Statement တွေဖြစ်လာပါလိမ့်မယ်။

    Official Statement ကိုထုတ်ပြောပြီဆိုရင်တော့ သူ့ရဲ့နောက်မှာ Verification တို့ Validation တို့ပါလာရပါတော့မယ်။

    (၁)

    ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကိုတစိုက်မတ်မတ်တိုက်ခိုက်ခဲ့ကြသူများဟာ ကြံ့ခိုင်ရေးပါတီ၊ ဘဲဥမကွဲသောပါတီများနဲ့ စစ်တပ်တို့သာဖြစ်ပါတယ်။

    အဆိုပါရွေးကောက်ပွဲကို ပြည်တွင်းအဖွဲ့အစည်း (၁၃) ခုကစောင့်ကြည့်သူ (၇၀၀၀) ကျော်ရှိပြီး အနှုတ်လက္ခဏာရလဒ်ဖြစ်ကြောင်း မထုတ်ပြန်ခဲ့ကြပါ။

    Asian Network for Free Elections (ANFREL), The Carter Center, EU နဲ့ ဂျပန်အစိုးရကိုယ်စားလှယ်တို့ကပါစောင့်ကြည့်ပြီး တရားမျှတမှုရှိကြောင်း အသိအမှတ် ပြုခဲ့ကြပြီးသားပါ။

    (၂)

    တရားမျှတတဲ့ရွေးကောက်ပွဲရလဒ်များကို အစိုးရအနေနဲ့ ဘာမှဖြေရှင်းပေးစရာအကြောင်းမရှိပါဘူး။

    (၃)

    ဒေါ်အောင်ဆန်းစုကြည်တဦးထဲသဘောအရဆုံးဖြတ်ရင် ဒီမိုကရေစီဝါဒမဟုတ်ပါ။ ဖြစ်စဉ်ကိုရေးရင် “ထောင်လွှားမောက်မာ” ဆိုတဲ့နာမဝိသေသနတွေမထည့်ရပါဘူး။

    (၄)

    စစ်တပ်ဟာ တည်ဆဲအစိုးရရဲ့အာဏာကိုလုရင် နိုင်ငံတော်ပုန်ကန်မှုဖြစ်ပြီး အပြစ်မဲ့ပြည်သူတယောက်အညှင်းပန်းခံရတာနဲ့ စစ်ရာဇဝတ်ကောင်တန်းဖြစ်ပါတယ်။

    ချုပ်ရရင်တော့

    မိန်းကလေးရေ မင်းတယောက်ကတော့ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကောက်ကိုင်လိုက်သလိုလုပ်လိုက်ပေမယ့် မင်းတာဝန်ယူရမယ့်အပိုင်းဟာ အင်မတန်ကြီးလေးလှတယ်ဆိုတာကိုသာ စကားပါးချင်ပါရဲ့လေ။

    သူရေးတဲ့ Comment ကိုတော့ SS တင်ပေးလိုက်ပါတယ်၊ အကျယ်ဖတ်လိုသူတွေဖတ်ရအောင်လို့ ….. ။ ။

    လေးစားလျက်

    ကိုထင် (ခ) လင်းမြတ်

    ဗီဗီချမ်း သူ့ဘာသာသူ လိင်ပညာပေးနဲ့ ဘယ်လိုပဲနာမည်ကြီးလာလာ အဲ့ဒါနဲ့ပတ်သက်ပီး နှိမ်ချစရာမရှိဘူး ဘာမှပြောစရာမရှိဘူး ပြသနာမရှိဘူး

    ဒါပေမယ့် နိုင်ငံရေးလုပ်မယ်ဆိုပီး စစ်အာဏာရှင်တိုက်ထုတ်ဖို့ တစ်ခွန်းမပြောပဲ ပြည်သူကိုအဆိပ်ခပ်မယ့် ရွေးကောက်ပွဲမှာ စကစနဲ့ပေါင်းပီး ပြည်သူကို ဂျင်းထည့်မယ်ဆိုရင်တော့ ကျုပ်တို့နဲ့ ပြဿနာရှိသွားပီ

    Ye Thar

  • မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ပြီး ချောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးတင်ထွန်းဦးက စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိသေးသည့်အတွက် ပျူစောထီးများ၊ စစ်တပ်နှင့်ရဲများကို နေ့ရောညပါ ချောက်မြို့ပေါ်တွင် လူငယ်မှန်သမျှကို ပေါ်တာဆွဲ ဖမ်းဆီးခိုင်း နေကြောင်း၊ ယင်းသို့ ဖမ်းဆီးခိုင်းရာတွင် စျေးဆိုင်များအတွင်း ဝင်ဆွဲခြင်း၊ နေအိမ်များအပေါ်အထိ တက်၍ လူငယ်များကို အကြမ်းဖက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ချောက်မှာက နဂိုကတည်းက ပျူစောထီးတွေက သောင်းကျန်းနေတာပါ။ အခု လာမယ့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် လူက လုံး၀ မရတော့ မနက်ပိုင်းတောင် ဆိုင်တွေ၊ အိမ်တွေအထဲအထိကို ဝင်ဆွဲနေတယ်။ လူငယ်တွေ တော်တော်များများ ပါကုန်တယ်။ တချို့ ကလေးတွေက အရွယ်ကသာ ထွားနေတာ အသက်မပြည့်သေးတဲ့ ကလေးတွေပါ စစ်မှုထမ်း ဖမ်းခေါ်ခံရတယ်။ ငွေပေးပြီး ရွေးယူလို့ရတဲ့သူတွေ ရပေမယ့် တော်တော်များများ မရကြဘူး။ ပျူ၊ စစ်တပ်နဲ့ရဲတွေက အိမ်စီးကားတွေနဲ့ မြို့ပေါ်မှာ ပတ်ပြီး လူငယ်တွေကို လိုက်ဆွဲနေတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    စစ်တပ်က ယင်းသို့ လူငယ်များကို ဦးတည် ဖမ်းဆီးနေသဖြင့် ချောက်မြို့ပေါ်ရှိ စျေးဆိုင်များတွင် လူငယ် အမျိုးသားများမရှိတော့ကြောင်း၊ အလုပ်သမား လူငယ်များမှာလည်း စားဝတ်နေရေးအတွက် အလုပ်ပင် မသွားရဲသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

    “ဆိုင်တွေမှာ အလုပ်သမား လူငယ် အမျိုးသားက မရကြတော့ဘူး။ ရှိတဲ့အလုပ်သမားလူငယ်တွေကလည်း မလုပ်ရဲကြတော့ဘူး။ အလုပ်တောင် မလာရဲတော့ဘူး။ စစ်တပ်က အခု ဖမ်းဆီးနေတာတွေက စည်းကျော်ဘောင်ကျော်တွေ လုပ်နေတာ။ စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့ လူငယ်တွေကို လက်ထိပ်တွေပါ ခတ်နေတာ” ဟု ဒေသခံပြည်သူက ရှင်းလင်းပြောဆိုသည်။

    ချောက်မြို့ပေါ်တွင် စစ်တပ်က လုံခြုံရေးအဓိက ထိန်းချုပ်ရာတွင် မြို့ပေါ် လုံခြုံရေးအတွက် ဂိတ်ပေါင်းများစွာ ချထားကြောင်း၊ ယင်းဂိတ်များတွင် လူငယ်များကို ပုံစံမျိုးဖြင့် စစ်ဆေး ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

    “ချောက်မှာက မြို့ပေါ်ပဲ တပ်ရှိတာ။ ရွာတွေမှာ PDF တွေချည်းပဲ။ အဲဒီတော့ မြို့ပေါ် စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေ ဝင်လာရင် ဘာမှ မပြောတော့ဘဲ တစ်ခါတည်း ဖမ်းထားလိုက်တယ်။ ဘာအကြောင်းမှ မရှိဘဲ ဖမ်းတာ။ အဲဒီအဖမ်းခံရတဲ့ လူငယ်တွေက တစ်နေ့ကို ဆယ်ဂဏန်းချီရှိနေတယ်။ ယောင်္ကျားလေး လူပျိုပေါက်တွေ မွေးထားတဲ့ မိဘတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေကြတယ်” ဟု ချောက်မြို့နယ်မှ ပွဲရုံပိုင်ရှင် စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

    ချောက်မြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များမကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်တပ်က ကျေးရွာများကို ဖျက်ဆီးရန် မကြာခဏဆို စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်း။

  • အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ယူနီကွန်းကို_ရှောင်_လို့

    စိတ်တော့ မကောင်းးးးဘူး

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ငိုတောင် ငိုနေသေးတယ်ဟ

    ပေကပ်ကပ်လုပ်တဲ့ကောင်ကတော့ သေမှာတဲ့

    အရှင်ဖမ်းခံရရင် အချိုးလေးတွေက တမျိုးနော် ငါး​ကောင်တို့

    ကြည့်ရဲမှ ကြည့်နော်

    မင်းကွန်းမှသည်… မန္တလေးဆီ

    ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF

  • ဝိုင်းမော်မှ စစ်စခန်းတစ်ခု KIA၊ KPDF သိမ်းပိုက်

    ဗန်း​မော်တွင်လည်း KIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန်

    ဝိုင်းမော်မြို့နယ်၊လမြန်ရွာအနီး၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသော စခန်းတစ်ခုကို KIA၊ KPDF က သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့​ကြောင်း စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

    လမြန်ရွာမှ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကြောင်းကို သြဂုတ်လ၂၈ရက်နေ့မှစ၍ KIA၊ KPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသြဂုတ်လ၂၉ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟုသိရသည်။

    “မနေ့ကရောဒီနေ့ရောလေကြောင်းကနေတောက်လျှောက်လာကြဲတယ်။ မပခ (​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေလည်း လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့တော့စခန်းသိမ်းလိုက်တာဟုတ်တယ်။ စကစက လကနက်ကြီးတွေ အခုထိ ပစ်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကယနေ့ည ၉နာရီခန့်တွင် ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဖက်တွင်ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်းများရော လက်နက်ခဲယမ်းများပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

    KIAက သတင်းအသေးစိတ်မထုတ်ပြန်သေးသော်လည်း စစ်ကောင်စီအရာရှိအပါအဝင် ၁၈ ထက်မနည်း ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

    ၁၈ ဦးသည် စစ်သုံ့ပန်း(သို့မဟုတ်) ရုပ်အလောင်းဆိုသည်ကို တိတိကျကျမသိရသေးပေ။

    အခြားကချင်သတင်းရင်းမြစ်တဦးကလည်း”သုံးရက်တိုက်ပွဲအတွင်း ၀ိုင်းမော်ဘက် စခ အရှင် ၈ ကောင် ဖမ်းမိထားတယ်။ လက်နက်တွေလည်းရထားတယ်”ဟု ပြောသည်။

    တိုက်ပွဲများအတွင်း KIA၊ KPDF ရဲဘော်သုံးဦးကျဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့ကြောင်းလည်းသတင်းရရှိသည်။

    အခြားသတင်းရင်းမြစ်တဦးကလည်း လမြန်ရွာ၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသည့် ဘုရားကျောင်းနေရာအား ဩဂုတ် ၂၇ရက်တွင် KIA ဘက်က သိမ်းနိုင်ခဲ့ပြီး ဩဂုတ် ၂၉ရက်တွင်ဘုရားကျောင်းအနီး လမ်းဆုံအား စစ်တပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူများ အကြားမှ သိမ်းပိုက်ခဲ့သည်ဟု အသိပေးထားသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်များ ရရှိခဲ့ပြီး လက်နက်ချသူများလည်းရှိဟု​ဖော်ပြထားသည်။

    လမြန်ရွာသည် KIAနှင့် PDFများ ထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး ယခု သိမ်းပိုက်လိုက်သည့် စခန်းနေရာတွင် စစ်‌တပ်က ပြီးခဲ့သည့်ဇွန်လမှစတင်၍ အင်အားအများအပြားဖြင့် စစ်​ကြောင်းထိုး၍တပ်စွဲခဲ့ခြင်းဖြစ်သည်။

    လမြန်ရွာပတ်ဝန်းကျင်တွင် KIA နှင့် KPDF တပ်စွဲထားသည့်နေရာများကို မကြာခဏဆိုသလို လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်ခဲ့သည်။

    ထို့အပြင် စစ်တပ်ကဝိုင်းမော်မြို့၊ခလရ(၅၈)တွင်လည်းတင့်ကားများလည်း အသင့်ပြင်ဆင်ထားခဲ့သည်။

    ဝိုင်းမော်တွင် မြေပြင်တိုက်ပွဲငြိမ်သတ်နေရာမှ စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာ၍ KIA နှင့် KPDF က မြေပြင်ထိုးစစ်ဖော်ဆောင်ခြင်းဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဧရာဝတီမြစ်ကူးတံတားခြားလျက် မြို့ချင်းဆက်နေသော မြစ်ကြီးနားနှင့်ဝိုင်း မော်မြို့တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာပြီး မပခ မှနေ၍ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

    ဩဂုတ်လ၂၄ ရက်ညက စစ်တပ်ကလက်နက်ကြီးများပစ်ခတ်စဉ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိနေအိမ်တစ်လုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

    ယခုလပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့သည် ဗန်း‌မော်နှင့်ဖားကန့်မြို့နယ်၌လည်း တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေသည်။

    ထိုအပြင်ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်းဩဂုတ် ၂၉ရက်တွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    “ညနေ ၄နာရီကနေ ဗန်းမော်ဘက် တိုက်ပွဲပြင်းထန်နေတယ်။ အခုထိ။ ငါတို့ထိုးစစ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်ကပြောကြားသည်။

    KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာမှစ၍မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ဗန်းမော်တွင် ဩဂုတ် နောက်ဆုံးပတ်၌ တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေး ဌာနက အသိပေးထားသည်။