Author: Baby Yit Lone

  • ကော့သောင်းမြို့နယ်၊  ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်

    ကော့သောင်းမြို့နယ်၊ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်

    ကော့သောင်းမြို့နယ်၊ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်မှု စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအခြေစိုက် ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး ထက် မနည်းသေဆုံးပြီး စစ်သား၊ ရဲများ နေထိုင်သည့် အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    “ထိခိုက်သေဆုံးမှုက ၁၀ ဦးနဲ့အထက်သေတယ်လို့ သတင်းရထားတယ်။ အရာရှိကြီး တစ်ဦးလည်းပါတယ်လို့ ပြောတယ်။ အဲဒီအရာရှိကတော့ တနေ့က (ဩဂုတ်လ ၁၃ ရက်) မီးသင်္ဂြိုလ်လိုက်တယ်လို့ ကြားတယ်။ ခမရ ၅၈၂ တပ်ရင်းနဲ့ မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    လတ်တလော စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

    ဓာတ်ပုံ- တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သား ၁ ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

  • နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်သံ)

    နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်သံ)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။

    သြဂုတ် ၁၀ ရက်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးပြီး စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ ဖမ်းမိခဲ့သလို ၁၂ ဘီး ကား ၁ စီးနဲ့ FZ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

    “ဖမ်းဆီးရမိတဲ့ သုံ့ပန်းကတော့ ခုနက တက်ရှင်းတဲ့ နေရာ ၃ခုမှာ ရွှေဂူဖြူဘုရား၊ သူတို့နဲ့ မလှမ်းမကမ်းနားမှာ ဝေ့လည်ကြောင်ပတ် အနေအထားပေါ့။ ကြည့်ရတာ မူးယစ်ဆေးဝါးတွေ သုံးထားပုံရတယ်။ ကြောင်တောင်တောင်တော့ ကြောင်တောင်တောင်ပဲ။ ဝိုင်းပြီးတော့ သေနတ်ကို လုပြီးတော့ ဖမ်းလိုက်ရတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုရဲ့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ် ပကဖ၊ အရာတော် တိုက်နယ် ၉/ ၁၀/ ၁၁ အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့နဲ့ မုံရွာမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

  • လူမှုရေးဖောက်ပြန်ခဲ့သည့် ဆရာတော်နှင့် ဒါယိကာမ ဖမ်းဆီးခံရ

    လူမှုရေးဖောက်ပြန်ခဲ့သည့် ဆရာတော်နှင့် ဒါယိကာမ ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းက ဘုန်းကြီးများစွာနဲ့ ဖောက်ပြန်ခဲ့တဲ့ ဒါယိကာမ ဇီကာဂေါက်ဖ် ဖမ်းဆီးခံရပြီးတဲ့နောက် မကြာခင်မှာဘဲ နောက်ထပ် ခရိုင်အဆင့် သံဃမဟာနာယကဆရာတော်နဲ့ ဒါယိကာမ တယောက်တို့ လူမှုရေး ဖောက်ပြန်မှု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

    အဆိုပါ ဆရာတော်မှာ ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်ခရိုင်က သံဃမဟာနာယကနဲ့ နာမည်ကြီးကျောင်းတိုက်တခုရဲ့ ကျောင်းထိုင်ဆရာတော် ထမ်မဝချီရ ထီလခွန်းဆရစ် ခေါ် နိုင်းဆရစ်ကျန်ပရထစ် ( အသက် ၆၆ နှစ် ) ဖြစ်ပြီး ဒါယိကာမကတော့ အသက် ၅၆ နှစ်ရွယ် ဇီကာနမ့်ဝမ် ခေါ် နန်းဆောဝ် ဖူးထိနီ ဖြစ်ပါတယ်။

    ဆရာတော်ဟာ နေ့ခင်းဆိုရင် သင်္ကန်းဝတ်နဲ့ ကျောင်းတိုက်မှာနေပြီး ညပိုင်းမှာတော့ လူဝတ်လဲ ၊ မျက်ခုံးမွှေးဆွဲ ၊ ဆံပင်တုတပ်ကာ ဒါယိကာမဖြစ်သူနဲ့ နေထိုင်တယ်၊ အခုလို အကြင် လင်မယားအဖြစ် နေထိုင်လာတာ ၁၅ နှစ်လောက်ရှိပြီဖြစ်ပြီး နောက်ပိုင်းမှာ ဘုန်းကြီးက နောက်ထပ်အမျိုးသမီးတယောက်နဲ့ ဖောက်ပြန်တဲ့သတင်း ထပ်မံထွက်ပေါ်တယ်၊ အဆိုပါ အမျိုးသမီးမှာ သာသနာရေးရုံးက အရာရှိမတယောက် ဖြစ်ပြီး နောက်တော့ အလုပ်ထွက်သွားခဲ့ တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ဘုန်းကြီးရဲ့ ဖောက်ပြန်မှုကို မကျေနပ်တဲ့ ဒါယိကာမ နမ့်ဝမ်က ရင်းနှီးသူတွေကို ရင်ဖွင့်တယ်၊ အဲဒီနောက် သူနဲ့ ဘုန်းကြီးတို့ ( လူဝတ်လဲထား ) စုံတွဲပုံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့လာပါတယ်။

    ဗဟိုရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက စုံစမ်းထောက်လှမ်းမှုပြုရာမှာတော့ နမ့်ဝမ်ဆိုသူ အမျိုးသမီးနဲ့ ဓာတ်ပုံတွဲရိုက်ထားသူဟာ အမှန်တကယ်ဘဲ နခွန်းဆဝမ်ခရိုင်ဆရာတော်ဖြစ်နေတယ်၊ ဒါ့အပြင် လူမှုကွန်ရက်ချက်ဘောက်စ်မှာ လင်မယားလိုပြောဆိုထားတဲ့ စကားလုံးတွေ တွေ့ရှိတယ်လို့ ထိုင်းရဲချုပ်က ဆိုပါတယ်။

    ၂၀၂၄ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ဇီကာနမ့်ဝမ်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပေးထားတဲ့ ဘတ်ငွေ ၄၀၁ , ၀၀၀ ရှိတယ်လို့ CIB ဗဟိုရဲတပ်ဖွဲ့ ရဲချုပ် ကျရွန်းကစ် ဘန်ကယောက်က ဩဂုတ် ၁၄ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

    အဲဒီကာလအတောတွင်းမှာ ကျောင်းတိုက်ပိုင်ငွေပေါင်း ၄, ၁၀၀ , ၀၀၀ ကို ဆရာတော်ရဲ့ လူယုံ ဦးပဥ္ဇင်းတပါးက ထုတ်ယူပြီး ဇီကာနမ့်ဝမ်ရဲ့ ဘဏ်အကောင့်ထဲကိုရော ကျောင်းထိုင်ဆရာတော် အကောင့်ထဲကိုပါ ပြန်လွှဲပေးထားတဲ့ သက်သေတွေ တွေ့ရှိပါတယ်၊ ဆရာတော်ရဲ့ လူယုံကလည်း အဲဒီငွေတွေကို ထုတ်ဖို့ ဆရာတော်က စေခိုင်းခဲ့တာလို့ ထွက်ဆိုထားပါတယ်။

    ခိုင်လုံတဲ့သက်သေအထောက်အထားတွေရပြီးတဲ့နောက် ဗဟိုရဲတပ်ဖွဲ့က တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ သူတို့ ၂ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

    ဒါယိကာမ ဇီကာနမ့်ဝမ်ကို ရဲတွေက မနေ့က ပထုမ်ဌာနီခရိုင်ရှိ သူ့ရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်၊ နိုင်းဆရစ် ကတော့ ဒီမတိုင်ခင်ကတည်းက လူဝတ်လဲထားပြီး ရဲစခန်းမှာ လူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။

    ရဲစခန်းမှာ သတင်းဌာနအသီးသီးက သတင်းထောက်တွေ စောင့်ဆိုင်းပြီး အင်တာဗျူးဖို့ ကြိုးစားပေမဲ့ သူတို့ ၂ ယောက် ကတော့ ဘာမှမဖြေကြားဘဲ မျက်နှာကိုယ်သာ ဖုံးကွယ်ကာ ငြင်းဆို ခဲ့ကြပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်လို့ ဗဟိုရဲတပ်ဖွဲ့က ဇီကာနမ့်ဝမ်ကို ဌာနဆိုင်ရာဝန်ထမ်း ( ဆရာတော် ) အား ဝန်ထမ်းကျင့်ဝတ်ပျက်ပြားစေရန် အားပေးကူညီမှု၊ မသမာသောငွေအားလက်ခံရယူမှု၊ မသမာမှုဖြင့်ရရှိလာတဲ့ ငွေကြေးတွေကို ခဝါချမှုစတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

    နိုင်းဆရစ် ( ဘုန်းကြီး ) ကိုလည်း ကျင့်ဝတ်ဖောက်ဖျက်မှု၊ အများပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲချုပ်က ပြောပါတယ်။

    ဘုန်းကြီးနဲ့ ဒါယိကာမ ဖောက်ပြန်တဲ့ကိစ္စမှာတော့ လူမှု‌ရေးဖောက်ပြန်မှုသာဖြစ်တာကြောင့် အရေးယူလို့ရတဲ့ ပုဒ်မမရှိသေးပေမဲ့ လူမှုအသိုက်အဝန်းကြားမှာတော့ မျက်နှာမဖော်ဝံ့အောင် သိက္ခာကျ နာမည်ပျက်နဲ့ သမိုင်းတွင်သွားခဲ့ပါတယ်။

    Source: Matichon / 3PLUS News

  • ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်း စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေး

    ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်း စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေး

    သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်း စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေး

    (more…)

  • ပြန်/ဆက် ဝန်ထမ်းများ ဦးဆောင်သည့် ဝါဒဖြန့်ချိရေး အကောင့်တုကွန်ရက်

    ပြန်/ဆက် ဝန်ထမ်းများ ဦးဆောင်သည့် ဝါဒဖြန့်ချိရေး အကောင့်တုကွန်ရက်

    စစ်ကောင်စီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်) က တိုက်ရိုက်ကွပ်ကဲတဲ့ “IPRD MEDIA RESPONSE GROUP” အမည်ပေးထားတဲ့ အဖွဲ့တွေဟာ တိုင်းနှင့်ပြည်နယ်အလိုက် လှုပ်ရှားနေပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းတွေအောက်မှာ အကောင့်တု (Fake Accounts) များစွာကို အသုံးပြုပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မှန်ကန်ကြောင်း၊ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှုကို ချီးကျူးကြောင်းနဲ့ နိုင်ငံရေးအရ အတိုက်အခံတွေကို ရှုတ်ချတဲ့ ကွန်မန့်တွေကို အစုလိုက်အပြုံလိုက် ဝင်ရောက်ရေးသားဖို့ပဲ ဖြစ်ပါတယ်။

    လက်ခံရရှိထားတဲ့ ပဲခူးတိုင်း IPRD Media Response Group ရဲ့ ဇွန်လ လကုန်ပိုင်း အစီရင်ခံစာတစ်ခုမှာဆိုရင် ဝါဒဖြန့်စစ်ဆင်ရေးရဲ့ လှုပ်ရှားမှုပုံစံကို ပိုမိုမြင်သာစေခဲ့ပါတယ်။ အစီရင်ခံစာအရ၊ DVB သတင်းဌာနမှာ တင်ထားတဲ့ “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပို့စ်တင်သည့် MRTV ဝန်ထမ်းကို စစ်ကောင်စီ ဖမ်းဆီး” ဆိုတဲ့ သတင်းအောက်မှာဝင်ရောက်ရေးသားခဲ့တဲ့ အခြေအနေကိုတွေ့ရပါတယ်။ (ပုံ ၂ တွင် ကြည့်နိုင်ပါသည်။)

    အစီရင်ခံစာမှာ မှတ်ချက် ၇ ခု ရေးသားခဲ့ကြောင်းဖော်ပြထားပြီး ဆက်လက် စုံစမ်းဖော်ထုတ်မှုအရ၊ ပြန်/ဆက် ဝန်ထမ်း ၃ ဦးနဲ့ ဆက်စပ်နေတဲ့ ဝါဒဖြန့်ချိရေး အကောင့် ၇၀ ကျော်ကိုတွေ့ရပါတယ်။ (ပုံ ၃ တွင် ကြည့်နိုင်ပါသည်။ File ကို ဒီနေရာမှာနှိပ်ပြီး Download ရယူနိုင်ပါသည်။)

    အဲ့ဒီအကောင့်တုတွေဟာ “ဝန်ထမ်းတစ်ဦးသည် နိုင်ငံရေးနှင့် ကင်းရှင်းရမည်” ဆိုတဲ့ ရည်ရွယ်ချက်ကိုဦးတည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းခြင်းသည် မှားယွင်းကြောင်းနဲ့ အရေးယူမှုသည် မှန်ကန်ကြောင်း အဓိပ္ပာယ်ရတဲ့ ကွန်မန့်တွေ ဝင်ရောက်ရေးသားခဲ့ကြပါတယ်။ (ပုံ ၄ တွင်ကြည့်နိုင်ပါသည်)

    အကောင့်တွေကို “ပန်းအမည်များ၊ မောင်မောင်၊ ပြည်မြန်မာ” ကဲ့သို့သော လူသုံးများတဲ့ အမည်တွေကို အသုံးပြုပြီး ပရိုဖိုင်ပုံများအဖြစ် ပန်းပုံ၊ ရှုခင်းပုံများကို ထားရှိကြပါတယ်။ ဒါ့အပြင် အဲ့ဒီ အကောင့်တုတွေနဲ့ ချိတ်ဆက်နေတဲ့ ပြန်/ဆက် အရာရှိသုံးဦးရဲ့ အကောင်တွေကိုလည်း တွေ့ရှိရပါတယ်။ (ပုံ ၃ တွင် ကြည့်နိုင်ပါသည်)

    ပြန်/ဆက် ရဲ့ ဝါဒဖြန့်တပ်ဖွဲ့ဟာ နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ ဝန်ထမ်းရေးရာလို အကြောင်းအရာတွေကိုသာ အဓိက ကိုင်တွယ်ပါတယ်။ စစ်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲံပတ်သက်ပြီး ဝါဒဖြန် တိုက်ခိုက်တာမှာတော့ စစ်တပ်တံဆိပ်၊ စစ်သူကြီးပုံတွေကို အသုံးပြပြီး ပရိုဖိုင်ကိုပိတ်ထား (Profile Locked)တဲ့ သီးခြားအကောင့်တုတွေအသုံးပြုပြီး ဝါဒဖြန့်ကြတာကိုတွေ့ရပါတယ်။

    မကြာသေးမီ ရက်ပိုင်းကလည်း Myanmar Now သတင်းဌာနရဲ့ သတင်းဆောင်းပါးမှာ “မီဒီယာဖွံဖြိုးတိုးတက်ရေးဦးစီးဌာန” ရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါ်သီတာတင် က ဦးဆောင်ပြီး နေ့စားခ ၆၈၀၀ကျပ်နဲ့ ဝန်ထမ်းတွေခန့်ကာ ဝါဒဖြန့် Comment စစ်ဆင်ရေးလုပ်နေတယ်လို့ ဖော်ထုတ်ရေးသားထားပါတယ်။

    ဒါဟာ လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်မှာ မြင်တွေ့နေရတဲ့ စစ်ကော်မရှင်နဲ့ စစ်အုပ်စုကို ထောက်ခံအားပေးနေတယ့် ကွန်မန့် (Comment) တွေဟာ ပြည်သူ့အသံ အစစ်အမှန်မဟုတ်ဘူးဆိုတာကို ပြသနေတာပါ။

    ဒီလိုစနစ်တကျ ဝါဒဖြန့် ယန္တရားအနေနဲ့ Facebook မှာလုပ်ရှားနေတာဟာ Facebook က သူ့ရဲ့ မူဝါဒါအရ ကန့်သတ်ထားတဲ့ Coordinated Inauthentic Behavior (CIB – စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး အစစ်အမှန်မဟုတ်သော အပြုအမူ) ပဲဖြစ်ပါတယ်။ ယခင်က မြန်စစ်တပ်က အခုလိုဝါဒဖြန့်ချိခဲ့တဲ့ အကောင်တွေကို Facebook က ဖော်ထုတ်ပြီး ဖြုတ်ချခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဏာ သိမ်းပြီးနောက်မပိုင်းပေါ့ Facebook အခုလို စုံစမ်းဖော်ထုတ်ပြီး ဖြုတ်ချခဲ့တဲ့ အခြေအနေတွေ နည်းပါးသွားပါတယ်