ဗိုလ်ကြီးအပါ ၅ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ Non-CDM ဝန်ထမ်းများကို ပို့ဆောင်သည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးဇင်မျိုးမြတ် အပါအဝင် ငါးဦးသေဆုံးကြောင်း CDF-CDM Siyin တပ်ဖွဲ့ထံက သိရသည်။ ယမန်နေ့ (မေလ ၆ ရက်) နံနက်ပိုင်းက ကလေးမြို့နှင့် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအကြားရှိ ဟိန်းဇင်ရွာနှင့် ထေးဇန်ရွာအကြား ကော်ဖီခြံအကွေ့တွင် ဆိုင်ကယ်များ၊ ကားများဖြင့် တက်လာသည့် စစ်အုပ်စုတပ်ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “ကျနော်တို့ ဖရဲသီး(အတွင်းသတင်းပေး) ဆီက အတိအကျသတင်းရတဲ့အတွက် စောင့်ပြီး ချုံခို တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးယူတက်လာတဲ့ ရှေ့ဆုံးယာဉ်တွေနဲ့ အလယ်က ဝန်ထမ်းတွေကို ကျော်လွန်ပြီး နောက်ဆုံးက လိုက်ပါလာတဲ့ယာဉ်ကို အချိန်ကိုက် တိုက်ခိုက်ခဲ့တာပါ” ဟု CDF-CDM Siyin […]