လောင်းလုံးမြို့နယ်အောက်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားကားများကို အဓမ္မချောဆွဲအသုံးပြုနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်သို့ ဒီဇင်ဘာလ ၁၂ ရက်တွင် စစ်ကြောင်းထိုးလာခဲ့ပြီး ထိုနေ့တွင်ပင် မင်းရပ်ကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေ့တွင်ပင် လောင်းလုံးမြို့နယ်အတွင်း အိမ်တိုင်ရာရောက် ရော်ဘာပြား လိုက်ဝယ်နေသည့်အရပ်သား ကားတစ်စီးကို ချောဆွဲပြီး ဒဏ်ရာရစစ်ကောင်စီ တပ်သားများကို ဆေးရုံသို့ပို့ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထိုနောက် စစ်ကောင်စီတပ်သည် နောက်တစ်နေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် မင်းရပ်ကျေးရွာမှတစ်ဆင့် အင်းဇောက်၊ သဗျာကျေးရွာတို့ဘက်သို့ ဆက်ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ ထိုသို့စစ်ကြောင်းထိုးရာတွင်လည်း အနည်းဆုံးအရပ်သားကားနှစ်စီး ချောဆွဲခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ “သူတို့တပ်ဖွဲ့ဝင်တွေကိုပို့ပေးဖို့ လမ်းမှာတွေ့တဲ့ကားကို သင်းပိုင်ဆွဲ(ချောဆွဲ)လိုက်တာ။ ပြီးတာနဲ့ ပန်းတလဲရွာကနေ အင်းဇောက်ကို စစ်သားတွေတင်ဆောင်ပြီး ပို့ခိုင်းခဲ့တာ” ဟု ချောဆွဲခံရသည့် ကားသမားတစ်ဦး၏ ပြောပြချက်ကိုကိုးကားပြီး…
စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထားပြီး လွတ်လပ်သော သတင်း မီဒီယာများကို ပြစ်တင်ပြောဆို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း စစ်ရှုံးလာမှုနှင့် အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ဝါဒဖြန့်ရန် လက်အောက်ခံများအား စည်းရုံးစေခိုင်း၍ လွတ်လပ်သော မီဒီယာများကို ပြစ်တင်ခဲ့ကြောင်း ၎င်း၏ပြောဆိုချက်နှင့် စစ်လော်ဘီ အသိုင်းအဝိုင်းထံက သိရသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့သည့် သတင်းမီဒီယာ ကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တာဝန်များအား အောင်မြင်စွာ ထမ်းဆောင် နိုင်မည်ကို ယုံကြည်တိုက်တွန်းကြောင်း စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံသတင်း မီဒီယာများ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ စစ်ခေါင်းဆောင်က ပြောကြားသည့် တာဝန်များ ဆိုသည်မှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးရန်ဖြစ်ပြီး အဓိကအားဖြင့် တစ်နေ့တခြား မရှုမလှအထိနာ…
တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံးပြီး စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ နီးပါးရှိခဲ့ပြီး စစ်သား ၁၄၉ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း၌ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် ၃၈ ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း…
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီနှင့် ကော့ကရိတ်ကိုဆက်သွယ်ထားသည့် အာရှ လမ်းမကြီးနှင့် လမ်းဟောင်းကြားရှိ လက်လွှတ်လိုက်ရသည့်ရှေ့တန်းစခန်းများကို စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ အောင်ဇေယျစစ်ကြောင်းအထိုင်ချထားသည့် ရှေ့တန်းစခန်း ငါးခုထက် မနည်းကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှသိမ်းယူနိုင်ခဲ့ပြီး ယင်း စခန်းများကို စစ်ကောင်စီတပ်က ပြန်လည်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး အောင်ဇေယျစစ်ကြောင်းသည် အင်အား ၅၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။ “လေကြောင်းပစ်ကူလည်း ပေးလို့မလွယ်ဘူး၊ သူတို့လူတွေနဲ့ကိုယ့်လူတွေက ကပ်နေတာ။ သူတို့ကလည်း ဆုံးရှုံးထားတဲ့ကုန်းကို မရအရ ကပ်နေကြတာ၊ သူတပြန် ကိုယ်တပြန်ပဲ။ နေ့တိုင်းတိုးတာ၊ လက်နက်ကြီး ပစ်လိုက် တိုးလိုက်ပဲ။ RPG တွေ 84 တွေ တစ်ခါပစ်ရင်နှစ်လုံးစီပစ်တယ်၊ ပွိုင့်ဖိုက်ပစ်သံနဲ့ရောပြီး…
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တရုတ်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စီမံကိန်းအနီးက ကျေးရွာတချို့ကို စစ်ကြောင်းထိုး နေအိမ်တွေ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မနက်ပိုင်းက တရုတ်ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် ညနေပိုင်းမှာ အိုမရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီထိတွေ့တိုက်ပွဲမှာ သူတို့ဘက်က သေဆုံးတာရှိတယ်၊ အထိနာတယ်လို့ ကြားတယ်၊ အရေအတွက်ကတော့ မသိရသေးဘူး၊ ညနေပိုင်းမှာတော့ အိုမရွာက နေအိမ်တွေကို မီးဝင်ရှို့တယ်၊ အဲဒီရွာက စီမံကိန်းနဲ့ နီးတယ်၊ စစ်ကြောင်းက အဲ့ပတ်ဝန်းကျင်မှာပဲဗျ” မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ လတ်တလော အခြေအနေကြောင့် မသိရသေးဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် အိုမရွာနဲ့…