Category: News
-

တောင်ငူလေတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ် နှစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရဟု ပြောက်ကျားတပ်ပြော
တောင်ငူလေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိကြောင်း ပြောက်ကျားတပ် Brave Warriors For Myanmar -BWM အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “လေတပ်ရဲ့ အရာရှိလိုင်းခန်းကိုထိတယ်လို့သိရတယ်။စစ်သားနှစ်ဦးပွဲချင်းပြီး သေဆုံးတယ်။သေဆုံးသူ တွေကိုလည်းနေ့ချင်း သဂြိုလ်ပါတယ်”ဟု ၎င်းက ပြောသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးအနက်နှစ်ဦးမှာ စိုးရိမ်ရကြောင်းသိရပြီး အဆောက်အဦးတစ်ခုနှင့် ကားတစ်စီးလည်းပျက်စီးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ တောင်ငူလေတပ်စခန်းကို ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီတွင် BWM၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း…
-

မြင်းခြံ၊ သစ်ရုံရွာကို စစ်ကြောင်းထိုး မီးဝင်ရှို့သည့် စစ်တပ်နှင့် လယ်သစ်ရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ သစ်ရုံရွာကို စစ်ကြောင်းထိုး မီးဝင်ရှို့သည့် စစ်တပ်နှင့် လယ်သစ်ရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို စစ်ကြောင်း မီးဝင်ရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို Freedom Fighter Guerrilla Force နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိကြောင်း၊ အလားတူ လယ်သစ်ရွာတွင် အထိုင်ချ တပ်စွဲထားသော…
-

မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ) ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
-

DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် နည်းပညာစစ်တက္ကသိုလ် (DSTA) သင်တန်းဆင်းပွဲပြုလုပ်နေချိန် မြူများရုတ်တရက်ကျဆင်းလာ၍ မိန့်ခွန်းပြောနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ပေါ်မှဆင်းပြေး သွားကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်းကပြုလုပ်သည့် နည်းပညာစစ်တက္ကသိုလ်သင်တန်းဆင်းပွဲ၌ စစ်ခေါင်းဆောင် မိန့်ခွန်းပြောကြားနေစဥ် ရုတ်တရက် မြူများထူထပ်စွာကျဆင်းလာသည့်အတွက် မိန့်ခွန်းကို ၃ မိနစ်ခန့်သာပြောပြီး ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ မြူများကြောင့် တစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရတော့ဘဲ ရုတ်တရက်ကျရောက်လာနိုင်သည့် ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးအန္တရာယ်များကြောင့် လုံခြုံရေးကို ငဲ့ကွက်ပြီး စစ်ခေါင်းဆောင်က မိန့်ခွန်းအတိုချုံးပြောကာ စင်ပေါ်မှဆင်းခဲ့ရခြင်းဖြစ်သည်ဟု တပ်သတင်းရင်းမြစ်ထံက သိရသည်။ “အဲဒီနေ့က ၁၀ နာရီလောက်မှ နေစထွက်တယ်။ မနက် ပိုင်းမှာ မြူတွေတအားကျလာတာ။ မြူတွေကြောင့် စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ဒရုန်းတွေလည်း မမြင်ရတော့ဘူး။ လုံခြုံရေးကြောင့် မိန့်ခွန်းရပ်လိုက်ရတယ်။ အတိုဆုံးမိန့်ခွန်းပဲ”ဟု…
-

ပခုက္ကူ၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်
ပခုက္ကူ၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ရွှေ၊ ငွေ ကြေးများနှင့်စစ်သုံးပစ္စည်းများပါ သိမ်းဆည်းရရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ရွှေ၊ ငွေကြေးများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း Earthquake People’s Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန် ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ…