Category: News
-
ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူ
ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။ ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း…
-

လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်
ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရမည်ဖြစ်၍ လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ် မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်း အနားသို့ မင်းအောင်လှိုင် တက်မည်ဖြစ်၍ စစ်တပ်က လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေး မှန်သမျှကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်လျက်ရှိကြောင်း ပြင်ဦးလွင် မြို့နယ်စည်ပင်အရာရှိတစ်ဦးနှင့် ဒေသခံပြည်သူများထံမှ သိရှိရသည်။ အကြမ်းဖက်မင်းအောင်လှိုင်က ယခု ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်သို့ စစ် တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်း ပွဲများ တက်ရောက်ခဲ့ပြီး ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် အခမ်းအနားသို့လည်း တက် ရောက်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်…
-

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ
(အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်) စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ ဧရာဝတီသားဖြစ်တဲ့ ကိုအောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ အပတ်စဉ် (၅) စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မတပ်သားသစ် စုဆောင်းရာမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ ကိုအောင်ပိုင်ဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေရင်း အလုပ်ကအပြန် ည ၉နာရီ – ၁၀နာရီဝန်းကျင်အချိန်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီကားနဲ့ တိုးပြီး ပေါ်တာဆွဲခံလိုက်ရတာ ဖြစ်တယ်လို့ ကိုအောင်ပိုင်က…
-

မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်
အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာသည်။ နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးသည်။ ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်းဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သောအခြေအနေတွင်ရှိသည့် လူငယ်များသည် စစ်ကောင်စီ ယူနီဖောင်းများဝတ်ဆင်လျက်ဖြင့်…
-

အမ်း နပခ ဝန်းထဲအထိ AA ထိုးဖောက်တိုက်ခိုက်နေ၍ တိုင်းမှူးနှင့် ဒုတိုင်းမှူးထွက်ပြေး
ရခိုင်ပြည် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော် AA က ခြံဝန်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေ၍ တိုင်းမှူးများနှင့် ကိုယ်ရေးအရာရှိများအားလုံး ထွက်ပြေးသွားကြပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ အာရက္ခတပ်တော် AA သည် အမ်းမြို့ထဲက လေဆိပ်၊ ဌာနဆိုင်ရာရုံးများအားလုံးနှင့် တပ်ရင်းတပ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်ပြီး မြို့ပေါ်ကို ဒီဇင်ဘာ ၆ ရက်နေ့က ထိန်းချုပ်ပြီးနောက် နပခ ရုံးရှိရာ ခြံဝန်းမှ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ အမ်းမြို့ပေါ်ကို အာရက္ခတပ်တော် AA က အပြည့်အဝထိန်းချုပ်ပြီးနောက် နပခ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးမှာ တိုက်ပွဲကိုထားပြီး ကျောက်ဖြူမြို့သို့ ထွက်ပြေးသွားခဲ့သည်။ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းမှာလည်း မကွေးမြို့က တပ်မ ၈၈…