လွိုင်ကော်မှာ သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ လူငယ် ၆ ဦး ရေဆင်းကူးရာက မောင်နှမဝမ်းကွဲ တော်စပ်သူ ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာက သဲချောင်းမှာ လူငယ် ၆ ဦး ရေဆင်းကူးရာက ယောက်ျား ၂ ဦးနဲ့ မိန်းကလေး ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ချောင်းဆိုပေမယ့် ရေသေဖြစ်နေတဲ့ ကန်လိုမျိုးပါ၊ ကလေးမလေးက ရေမကူးတတ်ဘူး၊ ရေနစ်လို့ ကျန်တဲ့ ကလေး ၂ ယောက်က လိုက်ဆယ်တာကနေ ၃ ယောက်လုံး […]