Category: News
-

ဒီဇင်ဘာလအတွင်း KNDFထံ စစ်သား ၂၀ကျော် ဘက်ပြောင်းလာ
ယခု ဒီဇင်ဘာလအတွင်း ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) CDM ဌာနမှူး မင်းသားက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်မှ အလင်းဝင် ရောက်၍ လုံခြုံအေးဆေးစွာစောင့်ရှောက်ထားသော ဘတ်ပြောင်းလာသူများ၏အခြေအနေအချို့ကို KNDFက ဒီဇင်ဘာ ၂၁ ရက်တွင် ၁၈ မိနစ်ကျော်ကြာရုပ်သံဖြင့် ထုတ်ပြန်ရာတွင် ဌာနမှူးမင်းသားက အထက်ပါအတိုင်း အသိပေးခဲ့သည်။ “ဒီဇင်ဘာတစ်လတည်းမှာကို ကျွန်တော့်တို့ဆီကို ဘက်ပြောင်းလာတဲ့သူ အယောက် ၂၀ ကျော်သွားပါပြီ။အခုနောက်ပိုင်းက ပစ(စစ်ကောင်စီတပ်ထဲ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဝင်ရောက်ခဲ့ရသူ) တွေ များတယ်။ကျွန်တော်တို့နဲ့အတူ အားလုံးပေါင်း စာရင်းဝင်နေတာက အယောက်၄၀ ကျော် ရှိတယ်”ဟု ၎င်းက ပြောသည်။ စစ်ကောင်စီထံမှ ဘက်ပြောင်းလာသူများ၏ လုံခြုံရေးကို အထူးအာမခံပြီး အထူးသဖြင့် မြေပြင်တိုက်ခိုက်ရေး(သို့မဟုတ်) ဆန္ဒမပါဘဲ တိုက်ပွဲသို့ လုံးဝခေါ်ဆောင်ခြင်းမပြုဟုလည်း ကတိပြုသည်။ “သတ်မှတ်စောင့်ကြည့်ကာလတစ်ခု…
-

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ကြေညာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယနေ့တရားဝင် ထုတ်ပြန် ကြေညာသည်။ ချင်းညီနောင်က ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယနေ့(ဒီဇင်ဘာ ၂၂) ရက်တွင်စတင်ပြီဖြစ်ကြောင်း၊ ယမန်နေ့တွင် မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော ခလရ ၂၇၄ စခန်းကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် ကန်ပက်လက်မြို့ကို စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့ကို ယမန်နေ့ သိမ်းပိုက်ခဲ့ပြီး လက်နက်ချ အညံ့ခံသူ ရာချီ၍ ရှိကြောင်း၊…
-
အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး
ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင်စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင်…
-

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅လုံးအောင်မြင်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)အဖွဲ့မှတာဝန်ရှိသူက ပြောသည်။ “ထိခိုက်ပျက်စီးမှုအတော်ကြီးတယ်လို့ သိရတယ်၊ အသေးစိတ်ကိုနောက်ဆက်တွဲအနေနဲ့ ကြေညာပါ့မယ်” ၎င်းက ပြောသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်အပြီး ၂ရက်အကြာတွင် နောက်ထပ်စစ်ဌာနချုပ်စခန်းဟာ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force…
-
တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး
မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရှေ့တန်း ပို့ဆောင်လိုက်၍ နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူက မိုးညိုမြို့နယ် ထွေ/အုပ်ရုံး၌ မိခင် ဖြစ်သူက…