Category: News

  • ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်

    ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်

    ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် မြကံ‌သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ကား…

  • စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ယမန်နေ့ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်တွင် ပြုလုပ်သော အမှတ် ၅၂ စစ်ဆေး ဗိုလ်လောင်းသင်တန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ တပ်မတော်ဆရာဝန်များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် အမိန့်နာခံမှု ကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် လက်ရုံးတပ်ဖြစ်သည့် စစ်ဆေးဆရာဝန်များနှင့် ဆေးတပ်သားများကို ရှေ့တန်းစစ်မြေပြင်များတွင် စစ်တိုက်ခိုက်နေသဖြင့် စစ်ဆရာဝန်နှင့် ဆေးတပ်သားများ ထွက်ပြေးမှုများ များပြားနေကြောင်း၊ ထို့ပြင် စစ်ဆေးဆရာဝန်နှင့်ဆေးတပ်သားများ ရှေ့တန်းတွင် သေဆုံးမှုများလည်း များပြားခဲ့သည်။ စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ…

  • နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

    စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးသည် စစ်ကောင်စီဘက်က ရပ်တည်ပြီး တတ်နိုင်သမျှ ထောက်ခံမှုပေးရမည်ဟု စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) နေပြည်တော်နယ်မြေ၏ စစ်သွေးကြွဥက္ကဋ္ဌက ပြောသည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် USDP ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ ဖြစ်လာသည့် ဘူးလက်ဟု အမည်တွင်သော ဒုဗိုလ်မှူးကြီးဟောင်း လှဆွေက စစ်တပ်ကျောထောက်နောက်ခံပြု ဘူးလက် သတင်းဂျာနယ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် စာစောင်တွင် အထက်ပါအတိုင်း ရေးသည်။ လက်ရှိအခြေအနေတွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပရန် ဆန္ဒရှိပါက မပြတ်မသား မလုပ်ဘဲ စစ်ကောင်စီ တနည်းအားဖြင့် စစ်တပ်ဘက်က ရပ်တည်ရမည်ဟု ရေးသည်။ မြန်မာစစ်တပ်သည် ဗမာအဖွဲ့များအပါအဝင် အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်နေရကြောင်း သူရေးပြီး ထိုအဖွဲ့များက…

  • “ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတဲ့ စစ်ခွေး”

    “ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတဲ့ စစ်ခွေး”

    ဒီကနေ့ မန္တလေးတိုင်း မတ္တရာနယ်မှာ တော်လှန်ရေး တပ်တွေနဲ့ အကြမ်းဖက် စစ်ရှုံးကောင်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ငစနူ စောက်ပဲ့ စစ်ခွေးတွေက ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတယ် ဆိုပြီး ပါရာဇိက ငပေါက်က ဖော်ကောင် လုပ်ထားလေရဲ့.. သတ္တိကြောင်တဲ့ ဂန်ဒူးမ စစ်တပ်ကတော့ ငပျူတွေရှေ့မှာ စောက်ရှက်တွေ ကွဲပြီးရင်း ကွဲ.. အ..ဟစ်..ဟစ်..

  • မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေး မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေးကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူတချို့ထံမှ သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။ “ဓားပြတိုက်တဲ့အဖွဲ့က ဆိုင်မှာ လူအဝင်၊အထွက် အချိန်နဲ့…