Category: News

  • စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်းလေး PDF ရဲမေ ဂူဂူး

    စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်းလေး PDF ရဲမေ ဂူဂူး

    ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသားတွေနဲ့နည်းတူ ကာကင်းယူပေးနေတဲ့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်က အသက် ၂၀ အရွယ် ရဲမေ ဂူဂူးဟာ စစ်တပ်အာဏာမသိမ်းခင်က အရောင်းဝန်ထမ်းအနေနဲ့ မိသားစုကို ထောက်ပံ့ပေးနေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သူတယောက် ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားမှုကို မခံချင်တဲ့အတွက် တောခိုလာပြီး တိုက်ခိုက်ရေးပိုင်းကို စိတ်ဝင်စားလို့ စစ်သင်တန်းတွေ တက်ခဲ့ပါတယ်။ ခုလက်ရှိမှာတော့ ရဲမေ ဂူဂူးက အမှတ် ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှာ နေထိုင်ပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ကင်းစောင့်တဲ့ တာဝန်ကို လုပ်ဆောင်နေပါတယ်။ ရဲမေ ဂူဂူးက “သင်တန်းမတက်ခင်က စားဖိုမှာကူတယ်။ ထင်းရှာတာတွေ လုပ်တယ်။ သင်တန်းတက်တုန်းက ပင်လည်းပင်ပန်းတယ်။ ဆရာတွေရဲ့ အမိန့်မနာခံတာမျိုးရှိရင် ဆရာတွေက ရိုက်တယ်။ အဲဒါက အမှတ်တရတွေပေါ့”…

  • ဂွမြို့အခြေစိုက် တပ်ရင်း ၂ ခုကို AA  တိုက်ခိုက်

    ဂွမြို့အခြေစိုက် တပ်ရင်း ၂ ခုကို AA တိုက်ခိုက်

    ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၆၂)၊ နဲ့ ခမရ (၅၆၃) ခြေမြန်တပ်ရင်း ၂ ခုကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းမှာ အရပ်သားနေအိမ်မီးလောင်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ အဓိကအနေနဲ့ ခမရ ၅၆၃ တပ်ရင်းဝန်းကျင်နဲ့ တမာန်ကုန်း၊ သိမ်ကုန်း၊ ကမ်းခြေဦးနဲ့ လေယာဉ်ကွင်း အဟောင်းနေရာတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး မြို့ထဲမှာတော့ လူမရှိသလောက်ဖြစ်သွားပြီလို့ဆိုပါတယ်။ ဂွမြို့ခံ အမျိုးသားတယောက်က “ဂွ-ငသိုင်းချောင်းလမ်းဆုံ အဲကိုကျော်သွားပြီးတော့ ဂွမြို့တွင်းဖြစ်တဲ့ တမာန်ကုန်းရပ်ကွက်၊ သိမ်ကုန်းရပ်ကွက် အဲဘက်တွေမှာ ဖြစ်နေကြတယ်။ မနေ့က ကြားရတဲ့သတင်းအရတော့ ဂွမြို့နယ်မီးသတ် ၄ ထပ်အဆောက်အအုံကြီး မနေ့က ပြိုကျတယ်။ တမာန်ကုန်းရပ်ကွက်တွေမီးလောင်တယ်။ ရဟိုင်ကူးတို့ရွာမှာလည်း လက်နက်ကြီးကျည်တွေကျပြီး ကမ်းနားလည်းမှာ မီးလောင်တယ် ”လို့ ပြောပါတယ်။…

  • စစ်မှုမထမ်းရရေး  ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံတွင် စစ်တပ်က စောင့်ဖမ်း

    စစ်မှုမထမ်းရရေး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံတွင် စစ်တပ်က စောင့်ဖမ်း

    ဘားအံမှ လူငယ် ၁၀၀ ဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်း အပို့ခံရ ထိုင်းနိုင်ငံသို့ အောက်လမ်းမှတစ်ဆင့် သွားရောက်ပြီး စစ်မှုမထမ်းရရေး တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံမြို့နယ်အတွင်းတွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။ ယခုဒီဇင်ဘာလအတွင်း စစ်တပ်က ဘားအံမြို့နယ်၊ သံလွင်တံတားတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို အထူးတင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ ဘားအံ-လှိုင်းဘွဲ့လမ်း၊ ထီလုံဒေသတွင်လည်း စစ်တပ်က ဂိတ်ချ၍ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်မှုများရှိနေကြာင်း သိရှိရသည်။ “ထိုင်းနဲ့ နယ်စပ်ဖက်သွားမယ့် သူတွေကို ပိတ်ဖမ်းပြီး သင်တန်းပို့လိုက်တာမျိုး စစ်တပ်က…

  • ပေါက်တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ကျေးရွာရှိ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။ ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူစောထီး ကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်တပ်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် တိုက် မိုင်း၊ နင်းမိုင်းဝင်ထောင်ကာ စစ်တပ်ကို တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဒီတုတ်ကွင်းကျေးရွာ ပျူစောထီး ခေါင်းဆောင် စိုးကြီး (ခ) စိုးမြင့်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “ ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ၉ ရက်၊ ၁၀…

  • စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

    စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

    အာဏာသိမ်း စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သော ရခိုင်ပြည် မောင်တောမြို့ နခခ ၅ တပ်စခန်းတွင် လူသားချင်းစာနောက်ထားမှုနှင့် ဒုက္ခသည်များအား ပေးအပ်သော ရိက္ခာဆန်ထုတ်များ တွေ့ရှိရသည့်အပေါ် WFP က လက်ခံနိုင်စရာမရှိကြောင်း ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ရိက္ခာဆန်ထုတ် အများအပြား နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းတွင် တွေ့ရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်ထားကြောင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန် ကန့်ကွက်ထားသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း ဆိုသည်။ လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို…