အင်းစိန်ထောင်ထောင်ပိုင် နဲ့ ဒုတိယထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ဆန္ဒပြတဲ့ပုံတွေကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ဖော်ပြခံရတဲ့အတွက် ဒုက္ခမရောက်အောင် ကူညီပေးတယ် လို့အကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထုနွေဦးကို ပြောကြားပါတယ် ။ အထူးသဖြင့် အင်းစိန် ဒုထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အဝေးရောက်နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကိုအခြားသူတွေနဲ့ အတင်းဖိအားပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်ပေါ်က + 18 အခပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်တွေ ဆက်မတင်စေချင်ရင် ငွေပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်ဆွေ တစ်ယောက်နဲ့သွားအိပ်ပေးဖို့ စသဖြင့် အကောင့်တုတွေသုံးပြီး ဆက် တိုက်ခြိမ်းခြောက်နေတယ်လို့ ကျူးလွန်ခံရသူက ပြောပါတယ် ။ ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်(DSA)ကျောင်းဆင်းပြီး စစ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင် […]