အင်းစိန်​ထောင်ပိုင်​တွေရဲ့ လိင်အမြတ်ထုတ်မှု​များ

အင်းစိန်​ထောင်ထောင်ပိုင် နဲ့ ဒုတိယ​ထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ​ဆန္ဒပြတဲ့ပုံ​တွေ​ကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ​ဖော်ပြခံရတဲ့အတွက် ဒုက္ခ​မ​ရောက်​အောင် ကူညီ​ပေးတယ် လို့အ​ကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထု​နွေဦးကို ​ပြောကြားပါတယ် ။

အထူးသဖြင့် အင်းစိန် ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အ​ဝေး​ရောက်​နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကိုအခြားသူ​တွေနဲ့ အတင်းဖိအား​ပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်​တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်​ပေါ်က + 18 အခ​ပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်​တွေ ဆက်မ​တင်​စေချင်ရင် ​​ငွေ​ပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်​ဆွေ တစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ စသဖြင့် အ​ကောင့်တု​တွေသုံးပြီး ဆက်
တိုက်ခြိမ်း​ခြောက်​နေတယ်လို့ ကျူးလွန်ခံရသူက ​ပြောပါတယ် ။

ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်​(DSA)ကျောင်းဆင်းပြီး စစ်ဘက်က​နေ အရပ်ဘက်​ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင် (ခ) ပြည့်ဖြိုးထွန်း က အသက် ၁၈ နှစ်အရွယ်ရှိ မိန်းက​လေးကိုစချဥ်းကပ်ခဲ့တာပါ ။

“စသိတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးလဲဆို​တော့ ညီမကစာအုပ်ဖတ်တာ ဝါသနာပါ​​တော့ ညီမတစ်​ယောက် အကိုတစ်​ယောက်အ​နေနဲ့ပဲစသိတာ ။သူက က​လေးမဆိုပြီး အနား​ရောက်လာတယ် ။

အစက လက်ထပ်ထားတဲ့ ပုံတွေ တင်ထားလို့(​ဖေစ်ဘွခ်မှာ) လက်မခံခဲ့ပါဘူး။၂၀၂၃ နှစ်ဝက်လောက်မှာ မိန်းမကနိုင်ငံခြားမှာကွဲပြီဖြစ်ကြောင်းညီမကိုသဘောကျကြောင်းပြောလို့” လိင်အမြတ်ထုတ်ခံခဲ့ရသူကဖြစ်စဥ်ရဲ့အစကို​ပြောပါတယ် ။

မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းက ဒီလိုပုံစံနဲ့ ချဥ်းကပ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သမီးရည်စားအဖြစ်တွဲခဲ့ကြပါတယ် ။

သမီးရည်စားဘဝ အ​စောပိုင်းမှာ အမျိုးသမီးငယ်က ဟင်းချက်​ကောင်းလို့ဆိုပြီး ထမင်းဟင်း​တွေ ချက်ခိုင်းပြီး အင်းစိန်​ထောင်ကိုမကြာခဏပို့ခိုင်းလို့ ပို့​ပေးရတက်သလို ၊ဒု​ထောင်ပိုင်ဖြစ်တာမို့ ​​တစ်လ မှာ တစ်ကြိမ် နှစ်ကြိမ် ​လောက်ပဲချိန်း​တွေ့ကြတယ်လို့ ဆိုပါတယ်။

ချစ်သူရည်စားဘဝ လနည်းနည်းကြာလာတဲ့အခါ ပြဿနာက​ပေါ်လာပါတယ် ။အဲတာက​တော့မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကတခြားသူ​တွေ ကာမဆက်ဆံတာကိုကြည့်ပြီးမှ ရည်စား နဲ့ အိပ်တာချင်သူဖြစ်​နေတယ်လို့ ဆိုပါတယ် ။

၂၀၂၄ စက်တင်ဘာလမှာ​တော့ မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းရဲ့ရည်စားဟာ ​နွေဦး​တော်လှန်​ရေးကိုအား​ပေးသူ ၊ဆန္ဒပြခဲ့သူဆိုပြီး ဟန်ငြိမ်းဦးတယ်လီဂရန်မှာ ​ရေးပြီးအတင်ခံရပါ​တော့တယ် ။

ဟန်ငြိမ်းဦးတယ်လီဂရန်မှာ အတင်ခံရတာ​ကြောင့် အမျိုးသမီးငယ် ဒုက္ခမ​ရောက်​အောင် အင်းစိန်​ထောင်ပိုင် လုပ်ခဲ့တဲ့ ​ဇော်လင်း​အောင် နဲ့ မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုးထွန်းတို့က ကူညီကာကွယ်​ပေးခဲ့တယ်ဆိုပြီး ဇာတ်လမ်းလုပ်ပါတယ် ။​

အဲဒီ​နောက် အမျိုးသမီးကို ​ဇော်လင်း​အောင်နဲ့ အတူအိပ်ခိုင်းပါတယ် ။ ကိုယ့်ရဲ့ ရည်စားကို တခြားသူနဲ့ အိပ်ခိုင်းတာ​တောင်မှ ရိုးရိုး မဟုတ်ပဲ သူရဲ့​ရှေ့မှာပါ သုံး​ယောက်အတူ ဖိအား​ပေးပြီးအိပ်ခိုင်းခဲ့တယ်လို့
သိရပါတယ် ။

“ငြင်းတဲ့အခါ ဟန်ငြိမ်းဦးဟာပါတာကို ဒုက္ခမ​ရောက်​အောင်လုပ်​ပေးခဲ့တဲ့​ကျေးဇူးကို​တောင်မ​ထောက်ဘူ။ ​ကျေးဇူးမသိတက်ဘူး ။ဒီ​ခေတ်လူ​တွေရိုင်းတယ်ဆိုပြီး ဖိအား​ပေးတာ” လို့ ကျူးလွန်းခံရသူကရင်ဖွင့်ပါတယ် ။

ဇော်လင်း​အောင်​ရော ၊မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းတို့ ၂ဦးစလုံးက DSA ​ကျောင်းဆင်း​တွေဖြစ်ပြီး စစ်ဘက်မှအရပ်ဘက်​ပြောင်းခဲ့သူ​တွေဖြစ်ပါတယ်။တကယ်​တော့ ​ဇော်လင်း​အောင်ဟာ မိသားစုရှိပြီး သမီးငယ်တစ်ဦးလည်းရှိပါတယ် ။

အင်းစိန်​​ထောင်ပိုင်က​နေ အခုနှစ်ပိုင်းရာထူးတိုးပြီး မန္တ​လေး အကျဥ်းဦးစီးကို​ပြောင်း​ရွေ့သွားပြီလို့သိရပါတယ်။ ဒါအပြင် သူဟာ ​မော်ဒယ်လ် သံသာမိုးသိမ့်ကို စပွန်ဆာ​ပေးထားသူလို့ အခြားသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

“ညီမက လက်မခံဘူး ။မလုပ်နဲ့ တောက်လျှောက် အော်ဟစ်ငြင်းနေခဲ့တာ။ ဒါလေးလိုက်လျောပေးလို့မရနိုင်ဘူးလား။ငြင်းရင် ကိုကို ဒုက္ခရောက်သွားမှာပေါ့တဲ့”

အဲဒီလို​ထောင်ပိုင် နဲ့ အိပ်​ပေးရတဲ့အချိန်မှာ ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းကပါ ​ဘေးက​နေ ရည်စားဖြစ်သူကိုလိုက်​လျော​ပေးဖို့ သူပါအတူ ၃ ​ယောက်အိပ်​ခိုင်ခဲ့တာလို့ ကျူးလွန်ခံရသူကဆက်​ပြောပါတယ် ။

အဲဒီလိုပုံစံနဲ့ ​ကျေးဇူးရှိတယ် အ​ကြောင်းပြပြီး ၃ ​ယောက်အတူ နှစ်ကြိမ်တိုင်လိင်အမြတ်ထုတ်ခံခဲ့ရတယ်လို့သူမကဆက်​ပြောပါတယ် ။နေရာ​တွေက​တော့ Hotel Sydney နဲ့ Hotel 9 Mile လို့သိရပါတယ် ။

ဒါ​ကြောင့်ဟန်ငြိမ်းဦးမှာ သူမကို ​တော်လှန်​ရေးနဲ့ဆက်စပ်တယ်ဆိုပြီး အတင်ခံရတာဟာလည်း ပြန်သုံးသပ်ကြည့်တဲ့ အင်းစိန်​​ထောင်ပိုင်နှစ်ဦးကသတင်း​ပေးပြီး ခဲ့တာဖြစ်ဖို့ပိုများ​နေတယ်လို့ အမျိုးသမီးအ​ရေးတက်ကြွလှုပ်ရှားသူတဦးက​ပြောပါတယ် ။

ဟန်ငြိမ်းဦး တယ်လီဂရန်မှာပါလို့ အဖမ်းမခံရ​အောင် အကာအကွယ်​ပေးတယ်ဆိုပြီး လိင်အမြတ်ထုတ်တာကိုစိတ်တိုင်းကျ ကျူးလွန်ရ​အောင်လုပ်ခဲ့တဲ့​ထောင်​ချောက်ဖြစ်ဖို့များ​တယ်လို့အထက်ပါတက်ကြွလှုပ်ရှားသူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဒီလိုဖြစ်ရပ်မျိုး​တွေ ဘယ်​လောက်​တောင်များ​နေပြီလဲမသိဘူးလို့ အမျိုးသမီးအ​ရေးတက်ကြွလှုပ်ရှားသူ​ကဆက်​ပြောပါတယ် ။

ဟန်ငြိမ်းဦးမှာပါ​အောင်လုပ်တာဟာ ​ထောင်ပိုင်၂ ဦးပဲဖြစ်နိုင်တယ်လို့လည်း ကျူးလွန်ခံရတဲ့အမျိုးကလည်း​ပြောပါတယ် ။အတင်ခံရတဲ့ဓါတ်ပုံ​တွေဟာ သူတို့ဆီကပဲရတာဖြစ်ဖို့များတယ်လို့သူမကဆက်​ပြောပါတယ်။

ပိုပြီးထူးဆန်းတဲ့ဖြစ်ရပ်က​တော့တစ်ရက်မှာ ဇော်လင်း​အောင် နဲ့ စစ်​ကောင်စီလက်​အောက်ခံ အ​ကောက်ခွန်ဌာနက အရာရှိအမျိုးသမီးတဦး ဟိုတယ်မှာချိန်း​တွေ့ပြီး​ဇော်လင်း​အောင်ကပြန်သွားပါတယ်။

အဲဒီ​နောက်အ​ကောက်ခွန်ကအမျိုးသမီးဟာမင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းတို့အတွဲ ချိန်း​တွေ့တဲ့ အခန်းထဲထိလိုက်လာပြီး အမျိုး
သမီးချင်းပါ ဖိအား​ပေးအိပ်ခိုင်းပါတယ်။

မ​မျှော်လင့်ထားတဲ့အတွက် အဆင်မ​ပြေဘူးလို့ ​ပြောပြီးအိမ်သာထဲဝင်ပုန်း​ပေမယ့် မင်းဝင်းခိုင်က ဖိအား​ပေးထွက်ခိုင်းသလို ၊မ​နေချင်တာ​ကြောင့်ဟိုတယ်က ပြန်ဖို့စိတ်ကူး​ပေမယ့် စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားချိန်ထဲ​ရောက်သွားပြီမို့ လက်​လျှော့ခဲ့ရတယ်လို့သူမကဆိုပါတယ် ။

ဒါ​ကြေင့် အမျိုးသမီး နှစ်​ယောက် နဲ့ မင်းဝင်ခိုင် တို့ ၃ ​ယောက်အတူအိပ်ခဲ့ရတယ်လို့ လိင်အမြတ်ထုတ်ခံခဲ့ရသူက​ပြောပါတယ် ။

“သူတို့ကမိန်းမချင်းလှယ်အိပ်တာတွေ ၊ထိုးကျွေးတာတွေ၊ group sex တွေက ပုံမှန်လိုဖြစ်နေတာ သူများတွေကဆေးသုံးလို့နော် ၊သူတို့ဆေးလုံးဝမသုံးဘူး အရက်ဘဲသောက်တာ။ ညီမလည်းသူဆေးမသုံးတော့ လူကောင်းဆိုပြီးယုံခဲ့မိတာ”လို့ သူမကဆက်​ပြောပါတယ် ။

သူ့ကိုတကယ်ချစ်လို့မဟုတ်ပဲ လိင်အမြတ်ထုတ်ချင်တဲ့စိတ်တစ်ခုတည်း​ကြောင့် သိလာတာနဲ့ တွဲတာ တစ်နှစ်​​ဝန်းကျင်မှာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာအမျိုးသမီးငယ်ဟာထိုင်းကိုအလုပ်လုပ်ဖို့ထွက်သွားပါတယ် ။

ထိုင်းကို ​ရောက်ပြီး ပုံမှန်အလုပ်တစ်ခုရပြီး ရည်စားအသစ်လည်းရပြီဖြစ်သလို တစ်နှစ်​ကျော်ကြာလာပြီမို့ အဖြစ်ဆိုး​တွေကျန်ခဲ့ပြီ ဘဝသစ်စနိုင်ပြီလို့ ထင်​ချိန်မှာ ပိုကြီးတဲ့ ပြသာနာ​တွေသူမဆီ​ရောက်လာပါ​တော့တယ် ​။

အဲတာက​တော့ ဒု​ထောင်ပိုင်မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းနဲ့သမီးရည်စားအဖြစ်တွဲခဲ့တဲ့အချိန်တုန်းက အတူအိပ်ခဲ့တာ​တွေကို မင်းဝင်းခိုင်ကဗီဒီယို​တွေရိုက်ထားပါတယ်။

ရိုက်ထားပြီး မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းက ဖိုင်​တွေဖျက်တယ်ဆို​ပေမယ့် ​ဖေစ်ဘွခ်အ​ကောင့်သစ်တစ်ခုက ၂၀၂၆ ​ဖေ​ဖော်ဝါရီလမှာလာအပ်ပြီးကျပ်သိန်း ၈၀ မ​ပေးရင် ဗီဒီယို​တွေကိုတင်မယ်လို့ခြိမ်း​ခြောက်ပါတယ်။​

ငွေမ​​ပေးတဲ့​နောက် ၂၀၂၆ ​မေလဆန်းမှာဗီဒီယိုဖိုင် ၁ ဖိုင်ကို 18+ အခ​ပေးတယ်လီဂရန် ချန်နယ်အချို့မှာတင်လိုက်ပါ​တော့တယ် ။

အဲဒီဗီဒီယိုဖိုင်မှာ မိန်းက​လေးကိုပဲ မျက်နှာနဲ့ ခန္ဓာကိုယ်ပါအောင်ရိုက်ပြထားပြီး အင်းစိန်ဒု​ထောင်ပိုင်ရဲ့မျက်နှာ ၊ကိုယ်လုံး​တွေကို​တော့ရိုက်ပြမထားပါဘူး ။

အဲဒီလို ဗီဒီိုဖိုင်​တွေကျန်​နေ​သေးပြီးတယ်လီဂရန်မှာဆက်မတင်​စေချင်ရင် ကျပ်သိန်း ၈၀ ​ပေးဖို့ ဆက်ခြိမ်း​ခြောက်အကျပ်ကိုင်ပါတယ် ။

​ငွေမ​ပေးချင်ရင်အမျိုးသမီးကထိုင်းမှာ​ရောက်​နေတာမို့ ထိုင်းက အမျိုးသားတစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ ထပ်ခြိမ်း​ခြောက်သလို ၊မြန်မာနိုင်ငံကိုပြန်လာပြီး သူကြိုက်တဲ့ပုံစံနဲ့ ၅ ကြိမ်အိပ်​ပေးဖို့ ခြိမ်း​ခြောက်​နေတာကိုပို့ထားတဲ့စာ​တွေမှာ​တွေ့ရပါတယ် ။

မြန်မာနိုင်ငံကို ပြန်လာပြီး အိပ်​​ပေးဖို့​ပြောတဲ့ လိင်ကိစ္စအသုံးအနှုန်း​တွေဟာ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ​ပြော​လေ့ရှိတဲ့အသုံးအနှုန်း​တွေလို့သိရပါတယ်။

အမျိုးသမီးငယ်ဟာထိုင်းမှာအလုပ်လုပ်ရင်းရည်စားရ​နေပြီဖြစ်တာမှာ ၊အ​ကောင့်သစ်နဲ့ လာ​ပြောသူက ရည်စားကိုပါ ​ဖေစ်ဘွခ်ကတဆင့်လာ​ပြောခြိမ်း​ခြောက်တာ​တွေလုပ်တယ်လို့လည်း သူမက​ပြောပါတယ်။

အ​ကောင့်သစ်ကို ဘ​လော့လိုက်တဲ့အခါအဲဒီပရိုဖိုင်းပုံမျိူးနဲ့ပဲ အ​ကောင့်တု​တွေဖွင့် လာAdd ပြီးဆက်တိုက်ခြိမ်း​ခြောက်ခဲ့ပါတယ်။

လာ​ပြောသူဟာ မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းဖြစ်တယ်ဆိုတာ ​သေချာတယ်လို့ သူမကသုံးသပ်ပါတယ်။

ဘာ​ကြောင့်လဲဆိုရင် သူတို့ တွဲခဲ့တဲ့ကာလမှာ သူတို့ ၂​ယောက်ပဲသိတဲ့အ​ကြောင်းအရာ​တွေကို​ပြောတာ ၊ လိင်ကိစ္စ​တွေမှာ​ပြောတဲ့ ​ဝေါဟာရ​တွေဟာအတူတူဖြစ်တာ ၊ စကား​ပြောဟန် ဆိုဟန်တူညီတာ ၊အပြန်အလှန်​ပြောစကား​တွေမှာ မင်းဝင်းခိုင်ဖြစ်တယ်ဆိုတာမကြာခဏဝန်ခံတာ ၊ အင်းစိန်​ထောင်မှာ မနက်အ​စောထ တန်းစီရတာ​ကြောင့် အ​စောထတက်တဲ့ အ​လေ့အထရှိတဲ့ဒု​ထောင်ပိုင်ဟာ လူငယ်အများစုအိပ်​​လေ့ရှိတဲ့မနက်အ​စောပိုင်း​တွေမှာ အမျိုးသမီးငယ်ဆီ အ​ကောင့်သစ်က​နေစာ​တွေပို့ပြီး ခြိမ်း​ခြောက်တာ​တွေ​ကြောင့် အ​ကောင့်သစ်သုံး​ပေမယ့်သူဟာ မင်းဝင်းခိုင်ပဲလို့သူမက​ပြောပါတယ် ။

ဒါအပြင် ရည်စားဘဝက ဗီဒီယို ဖိုင်တချို့ဟာ သူတို့ ၂ ​ယောက်ဆီမှာပဲရှိပြီး သူမဆိုရင် ဖိုင်​တွေပျံ့မှာစိုးတာ​ကြောင့် ဖုန်း​​တွေကို တစ်ကြိမ်မှမပြင်ခဲ့သလို ဖုန်းအားလုံးကိုသိမ်းထားတယ်လို့သူမက ဆိုပါတယ် ​။

အခုဖြစ်ရပ်​တွေအတွက် အင်းစိန် ဒု​ထောင်ပိုင် မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကို ​​​မေလ ၁၂ ရက်မှာ ဆက်သွယ်​မေးမြန်းတဲ့အခါ အဆိုပါ အမျိုးသမီးနဲ့ သူသမီးရည်စားမဟုတ်ပဲအဲလိုဖြစ်စဥ်​တွေမရှိ​​ကြောင်း ၊အမျိုးသမီးငယ်ကသာသူ့ကို သိန်း ၈၀​ ပေးဖို့ခြိမ်း​ခြောက်​ခဲ့ကြောင်း ၊အ​ကောင့်တုကလည်းသူမဟုတ်ပဲ ကျားဖြန့်သမား​တွေက အမျိုးသမီးဆီဖုန်းဆက်ပြီး လိမ်တာဖြစ်နိုင်တယ်လို့ ​ပြောပါတယ် ။

ဒါ​ပေမယ့်အမျိုးသမီနဲ့ ရည်စားမဟု​တ်​ကြောင်းငြင်းဆို​​ပေမယ့် သူတို့အတူတွဲခဲ့တဲ့မှတ်တမ်းဓါတ်ပုံ​တွေကို ရရှိထားပါတယ်။

ဆက်ပြီး​တော့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းက သူဖုန်း​တွေကိုဆိုရင် ကျားဖြန့်​ကြောက်လို့ ဆိုင်​တွေမှာမပြင်ဘူးလို့လည်းဆိုပါတယ် ။

ဒါ​ကြောင့် သူ့ရည်စား​ဟောင်းနဲ့အတူ​အိပ်ခဲ့တဲ့ဗီဒီယိုဖိုင်​တွေဟာ ဖုန်း​တွေကိုအပြင်ဆိုင်ပို့​လေ့မရှိဘူးဆိုတာ​ကြောင့် သူဖုန်းထဲမှာပဲရှိ​နေတယ်လို့သုံးသပ်ရပါတယ်။

ဒါအပြင် အင်းစိန်ဒု​ထောင်ပိုင်က ရည်စား​ဟောင်းအမျိုးသမီးငယ်ဆီကို ကြားလူတဦးကဆက်သွယ်ပြီး သူ့ကိုစွပ်စွဲရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုးလ်က​နေ တဆင့်ထိုင်းမှာဖမ်းခိုင်းမယ်လို့ ခြိမ်း​​ခြောက်​နေပြန်ပါတယ် ။

ဆက်လက်ပြီး​တော့လည်း အမျိုးသမီးရဲ့ မိခင်နဲ့မိသားစုကို ဒု​ထောင်ပိုင်ကသိတာ​ကြောင့် အ​ကောင့်တုနဲ့ ​ခြိမ်း​ခြောက်တာ​တွေဟာသူမဟုတ်​ကြောင်း ၊အမျိုးသမီးတင်ထားတဲ့ပို့စ်​တွေကိုဖျက်​ပေးဖို့ ဖိအား​ပေး​နေတယ်လို့စုံစမ်းသိရပါတယ် ။

အခြားသတင်းရင်းမြစ်​တွေဆီက စုံစမ်းသိရှိတဲ့အချက်အလက်​တွေအရ အင်းစိန်ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုထွန်းဟာလိင်ကိစ္စလိုက်စားသူဖြစ်ပါတယ်။

လက်ရှိမှာ အကျဥ်းဦးစီးယဥ်​ကျေးမှုဌာနက အမျိုးသမီးငယ်တဦးကို စပွန်ဆာ​ပေး​နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းအချို့က​ပြောပါတယ်။ဒါအပြင် အင်းစိန်​ထောင် ဘင်ခရာတပ်ဖွဲ့က အမျိုးသမီးတဦးနဲ့လည်းအ​တော်ကြာတွဲခဲ့​​သေးကြောင်းသိရပါတယ်။

အင်းစိန်​ထောင်မှာ အမျိုးသမီးအနူပညာရှင်​တွေရှိစဥ်ကလည်းအထူးပစား​ပေးခဲ့သလိုချဥ်းကပ်ဖို့ ကြိုးစားခဲ့တာ​တွေ့ရတယ်လို့လည်း ဝန်ထမ်းအချို့က​ပြောပါတယ်။

ဒါ​ပေမယ့် အခုအခါမှာ အ​ဝေး​ရောက်​နေတဲ့သူ့ဇနီး ပြန်​ရောက်​နေတယ်လို့လည်းစုံစမ်းသိရပါတယ်။

အင်းစိန်​ဒု​ထောင်ပိုင်ဖြစ်တာ​ကြောင့် အကျဥ်းသား​တွေအ​ပေါ် ​မောက်မာလှပြီး ​​​ထောင်အတွင်းအဂတိမှုများလှသလို သူ့တပည့်ချစ်စမ်း​မောင်းကတဆင့် နိုင်ငံ​ရေးအကျဥ်းသား​တွေအ​ပေါ် ရိုင်းစိုင်းပြီး ညှင်းပန်းနှိပ်စက်မှု​တွေမကြာခဏလုပ်တယ်လို့အင်းစိန်​ထောင်က မကြာခင်ကလွတ်လာသူအချို့က​ပြောပါတယ် ။

အခုလို လိင်အမြတ်ထုတ်ခံခဲ့ရသလို ၊ ရည်စားဘဝအတူ​နေခဲ့တဲ့ ဗီဒီယိုဖိုင်​တွေကိုပါ တယ်လီဂရန်ချန်နယ်မှာတင်ခံရတာ​တွေ​ကြောင့် များစွာထိခိုက်ခဲ့တဲ့အမျိုးသမီးကို ယခုဖြစ်ရပ်​တွေက​နေ ဘာလိုချင်လဲလို့​မေးတဲ့အခါကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရ​စေချင်ပြီး တရားမျှတမှုလိုချင်တယ်လို့သူမကပြောပါတယ်။

“ညီမလိုလိင်အမြတ်ထုတ်ခံရတဲ့ကောင်မလေးမျိုးထပ်မရှိစေချင်ပါဘူး။မဟုတ်ရင်တောင် ဒီဆူးမှမနှုတ်မရရင် ရုတ်တရက်သေသွားရင်တောင် အသေမဖြောင့်နိုင်ပါဘူး”လို့ လိင်အမြတ်ထုတ်ခံခဲ့ရတဲ့သူမက​ရင်ဖွင့်ပါတယ် ။ ။

(အင်းစိန်​ ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ၊ ​ထောင်ပိုင်​ဟောင်း ​ဇော်လင်း​အောင် ၊

အမျိုးသမီးကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်မှာတင်ခဲ့တဲ့ပိုစ့်

အတူအိပ်ခဲ့တဲ့ ဗီ​ဒီယိုဖိုင်ကို 18 + တယ်လီဂရန်ချိန်နယ်လ်မှာတင်ထားစဥ်

အ​ကောင့်သစ်နဲ့ ခြိမ်း​ခြောက်ထားတာ​တွေကို​တွေ့ရစဥ်)

Comments

Leave a Reply

Your email address will not be published. Required fields are marked *