Category: News

  • အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်

    အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်

    ဧရာဝတီတိုင်းအတွင်းသို့ AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်မည်ကို စိုးရိမ်၍ အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးခေါ် ဧရာဝတီတိုင်းအတွင်းသို့ AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး အင်္ဂပူမြို့နယ်တွင် ရပ်ကွက်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးများ ခြိမ်းခြောက် ခေါ်ယူနေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အင်္ဂပူမြို့နယ်အတွင်း AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး မဲဇလီကုန်းမြို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃၊ ၄ အတွင်းရှိ အသက် ၃၅…

  • မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်

    မနာလိုလို့ သတ်တာလို့ ဆိုပြီး ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပေမယ့် ပုပ်ပွနေတဲ့ အလောင်းသာ ပြန်ရ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် အသက် ၃၃နှစ်အရွယ် သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးကို အသိမိတ်ဆွေ ဆေးခန်းပိုင်ရှင် ဆရာဝန်က ပြန်ပေးဆွဲ သတ်ဖြတ်မှု ဒီဇင်ဘာလ ၁၇ရက်က ဖြစ်ပွားခဲ့ တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ “ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့” လို့ သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။…

  • ဂွမြို့ ခမရ – ၅၆၃ AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်

    ဂွမြို့ ခမရ – ၅၆၃ AA သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်

    ရခိုင်ပြည်နယ် ဂွမြို့အနီးက စစ်ကောင်စီရဲ့ ခမရ – ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဂွမြို့ပေါ်မှာလည်း မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ ဂွမြို့အနီး သံတွဲ-ဂွကားလမ်းပေါ်မှာ နောက်ဆုံးကျန်နေတဲ့ ခမရ – ၅၆၂ တပ်ရင်းကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကတော့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရေတပ်စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဂွမှာ ဒီမနက် ခမရ ၅၆၃ ကို သိမ်းလိုက်ပါပြီ။ မြို့ရဲ့ နေရာအနှံ့ကိုလည်း ထိန်းချုပ်လို့ရပါပြီ” ဂွမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတချို့ဟာ ရခိုင်ရိုးမတောင်တန်းတွေပေါ်အထိ…

  • စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ

    စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ

    မုံရွာမှာ စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး အမျိုးသမီးတွေကို အပျိုဟုတ်၊မဟုတ် မေးပြီး ဖုန်းနံပတ်တောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက် စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက မြို့အဝင်အထွက် လမ်းဆုံလမ်းမနေရာအနှံ့ ဂိတ်တွေ ဖွင့်ထားပြီးနောက် ခရီးသွားပြည်သူ လူငယ်လူရွယ် အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းပြီး အမျိုးသမီးတွေကိုတော့ လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားနေတယ်လို့ ကိုယ်တိုင် ကြုံနေရသူတွေက ပြောပါတယ်။ ယခု ဒီဇင်ဘာလ ဒုတိယအပတ်က စပြီး ကနီ၊ ယင်းမာပင်၊ ဘုတလင် စတဲ့ မြို့နယ်တွေဘက်က လာတဲ့ ခရီးသည်တင် ကားတွေကို စစ်အုပ်စုက မုံရွာမြို့အ၀င်နေရာတွေက စောင့်ပြီး ကားပေါ်ပါ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ်…

  • ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက်

    ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက်

    ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက် ဖာပွန် လက်နက်ကြီး ကုန်းကို KNU သိမ်းလိုက်တဲ့ရုပ်သံဖိုင်ထွက်ပေါ်လာ စစ်​ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ လက်နက်ကြီးကုန်းကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်က သိမ်းယူလိုက်တဲ့ ရုပ်သံဖိုင် ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထွက်ပေါ်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာ ဟောင်ဝစ်ဇာအမြှောက်ကြီးကိုတွေ့ရပြီး “အဲ့ဒါ ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်း” လို့ ​တော်လှန်​ရေးအဖွဲ့၀င်တစ်ဦးက ပြောကြားထားပါတယ်။ လနဲ့ချီ ဝန်းရံပိတ်ဆို့တိုက်ခိုက်​ခဲ့တဲ့ ဖာပွန်လက်နက်ကြီးကုန်း သိမ်းပိုက်ရရှိနိုင်မှု အ​ခြေအ​နေအသေးစိတ် သိရဖို့ KNU တပ်မဟာ (၅) ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး​စောကလယ်ဒိုကို ဆက်သွယ်​မေးမြန်းထားဆဲဖြစ်ပါတယ်။ ကရင်ပြည်နယ် ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းဟုဆို ရ ထားတာတွေတချက်ကြည့်