Category: News

  • တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    မြန်မာစစ်တပ်မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ် ၈ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ဖြည့်တင်းထားကြောင်း သိရသည်။ မြန်မာစစ်တပ် ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များမှာ Mi17 ရဟတ်ယာဉ် ၃ စီး၊ FTC2000G တိုက်လေယာဉ် ၃ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး စုစုပေါင်း ၈ စီးဖြစ်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာစစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆုံးရှုံးသွားသည့် လေယာဉ်များကို ဖြည့်ထားခြင်းဖြစ်သည်။ FTC2000G တိုက်လေယာဉ် ၃ စီး၏…

  • နိုင်ငံတစ်ဝန်း စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူပြည့်မီခြင်းမရှိသဖြင့် ဒီဇင်ဘာလလယ် အထိ စစ်သင်တန်း မစတင်နိုင်သေး

    သာကေတမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သော စစ်မှုထမ်းသင်တန်းများကို လစဉ် ပထမအပတ်အတွင်း စတင်လေ့ရှိကြောင်း၊ သို့ရာတွင် ယခုအပတ် စဉ် ၈ တွင် လိုအပ်သော တပ်သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ သင်တန်းစတင်နိုင်ခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးနှင့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အသက် ၁၈ နှစ်မှ အသက် ၃၅…

  • လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခြေမြန်တပ်ရင်း အမှတ်(၅၃၂)အား ပြင်းအားမြင့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ” ကျနော်တို့မြို့ပြရဲဘော်တွေ ငြိမ်မနေဘူးအခက်ခဲကြားက စခတွေကို တိုက်ခိုက်နေအုံးမယ်”ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခွဲခန့်တွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တိုက်ခိုက်မှုကြောင့် ရန်သူစစ်သား ၂ဦးထိခိုက်မှုရှိခဲ့ပြီး အသေးစိပ်မသိရသေးပေ”ဟု စစ် ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လှိုင် သာယာမြို့နယ်နှင့် ဆက်သွယ်ထားသော တံတားများပိတ်ကာ စစ်ဆေးမှုများလုပ်ဆောင် နေသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ (ခြေမြန်တပ်ရင်း အမှတ်(၅၃၂) တပ်ရင်းဝင်းအတွင်း တနေရာအား…

  • ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

    ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

    စစ်ကောင်စီတပ် ငါးဦးသေပြီး သေနတ်ငါး လက်ရဟု အမှတ်(၂)စစ်ဒေသခွဲပြော ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီ၏ မလူးတဲဂိတ် စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒီဇင်ဘာ ၁၄ရက် နံနက် ၃နာရီခန့်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှ စစ်ကောင်စီ​၏ မလူးတဲဂိတ်စခန်းကို အမှတ်(၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း ၃၇၀၃ မှ ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “သူတို့အင်အားကတော့ ပုံသေမရှိပါဘူး။ စစ် ကူအချိန်မရွေးရောက်နိုင်တဲ့ ရွှေကျင်၊ ညောင်လေးပင်၊ မဒေါက် အဲဒီနေရာတွေမှာရှိတဲ့ တပ်တွေရဲ့ အဓိကထောက်ပို့သွေးကြော ဂိတ်စ ခန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ရွှေကျင်ဗျူ ဟာမှာရှိတဲ့စခန်းတွေအတွက် ကာကင်းအနေနဲ့တပ်ဆွဲထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်”ဟု မလူးတဲဂိတ်စခန်း၏အခြေအနေကို အမှတ် (၂)စစ်ဒေသခွဲ၊…

  • ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး

    ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ပိတောက်ကုန်းရွာ၌ ၂ ရက်တာတိုက် ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ရွာသစ် ကျေးရွာ၌ အထိုင်ချထားသော အင်အား ၁၀၀ ခန့်ဖြင့် ရွာသစ်ကျေးရွာမှ ပိ တောက်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ကြိုတင်အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် လက်ဦးမှုရယူကာ ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်စစ်သား များအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ ထို့နောက် ဒီဇင်ဘာလ ၁၂ ရက် ညနေ ၆ အချိန်ခန့်တွင်…