Category: News
-

သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး PDF များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်မှ စတင်၍ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီသည် သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်း၊ အုတ်ဖို၊ မင်းလှ၊ လက်ပံတန်း စသည့် မြို့နယ် လေးခုသို့ အင်အား ၅၀၀ ဝန်းကျင် အသုံးပြု စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နတ်တလင်း နှင့် လက်ပံတန်းမြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အုတ်ဖိုနှင့် မင်းလှမြို့နယ်တို့တွင်မူ နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း သိရသည်။ “စစ်ကြောင်းထိုးတာက ဒီဇင်ဘာလအစလောက်ကစပြီး စစ်ကြောင်းထိုးနေတာ။ ရိုးမအစပ်က ရွာတွေကိုပတ်မွှေနေတာ။ နတ်တလင်းနဲ့ လက်ပံတန်းက တိုက်ပွဲဖြစ်နေပြီး မင်းလှဘက်က စစ်ကြောင်းက အင်အားဖြည့်ပေးနေတာ။…
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေး ၇ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။ ဒီဇင်ဘာ ၄ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ဒီဝင်ဘာ ၁၀ ရက်အထိ့တိုက်ပွဲပြင်းထန်နေသလို မြို့နေရာအတော်များများ၌ မီးလောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။ “ဗန်းမော်မြို့ ပတ်လည် ၅ နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ လေယာဥ်ဗုံးကြဲတာ အိမ်တစ်အိမ်ကို ထိမှန်လို့ မိသားစု တစ်ခုလုံး သေဆုံးသွားတယ်လို့ ကြားရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲကြောင့် မြို့ခံသောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြပြီး စစ်မရှောင်နိုင်သည့် ပြည်သူအချို့ ကျန်နေသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မြို့ပြင် တပ်(စစ်ကောင်စီတပ်)ဘက် တိုက်နေတယ်” ဟု ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲ အခြေအနေကို ပြောပြသည်။…
-

မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်
ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ…
-

စစ်ကြောင်း ၅ ခု ပဲခူးရိုးမအနောက်ခြမ်းရောက်နေ၊ မီးရှို့မှု ခိုးမှုများ ပေါ်ပေါက်
လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ လာသော စစ်သားများ ပဲခူးရိုးမတောင်ခြေတွင် စစ်ကြောင်းထိုးနေသည်၊ ရိုးမပေါ် တက်လာလျှင် တိုက်ပွဲဖြစ်မည်ဟု PDF က ပြောသည်။ ပဲခူးရိုးမ အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ရောက်ရှိလာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ ရိုးမတောင်ခြေတလျှောက်တွင် လှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ စစ်ကြောင်း ၅ ခုသည် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ တစ်ဆင့် ပဲခူးရိုးမတောင်ခြေသို့ ချီတက်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောသည်။ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ခန့် သုံးနေကြောင်း တော်လှန်ရေးတပ်ဘက်က ခန့်မှန်းသည်။ လတ်တလောတွင် စစ်ကောင်စီတပ်သည်…
-

Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ
Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။…