Category: News

  • တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကို ပြော

    တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကို ပြော

    မန္တလေးမြို့က စစ်မှုထမ်းပါသွားတဲ့ လူငယ်တစ်ဦး တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကိုပြော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တစ်ဦး လွန်ခဲ့တဲ့ ခြောက်လခန့်က စစ်သားသစ် စုဆောင်းခံရပြီးနောက် ရှေ့တန်း စစ်မြေပြင် ပို့လွှတ်ခံရကာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပေမယ့် စစ်အုပ်စုက အကြောင်း မကြားလို့ ဒီဇင်ဘာလ ၈ရက်က ဝိဉာဉ်ပူးကပ်ကာ မိသားစုကို အသိပေး အကြောင်းကြားတယ်လို့ သတင်းရရှိပါတယ်။ မန္တလေးမြို့၊ မြို့လယ်ပိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၇၂လမ်း၊ ၃၆လမ်းနဲ့ ၃၇လမ်းကြားမှာ နေထိုင်တဲ့ ဦးခင်မောင်တင်ရဲ့ သားဖြစ်သူ အရပ်အခေါ် မောင်ကြွက်နီဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စစ်သားသစ်အဖြစ် စုဆောင်း ခံရတာလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဗန်းမော်မြို့ဘက် ပို့ဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်မှာ…

  • ပြည်သူများကို စစ်တပ်က အဝတ်ပါချွတ်ခိုင်း၍ စစ်ဆေးနေ

    မင်းအောင်လှိုင် တက်မည့် ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲ နှင့် ပန်းပွဲတော် လုံခြုံရေးအတွက် ပြည်သူများကို စစ်တပ်က အဝတ်ပါချွတ်ခိုင်း၍ စစ်ဆေးနေပြီး ကန်တော်ကြီး ဥယျာဉ်သို့ အများပြည်သူများ လာရောက်ခွင့် ပိတ်ပင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယား ယနေ့ တက်ရောက် ရန်ရှိနေသည့် မင်းအောင်လှိုင် တက်ရောက်မည့် ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား လုံခြုံရေးအတွက် ပြည်သူများကို စစ်တပ်က အဝတ်အစားများပါချွတ်ခိုင်း၍ စစ် ဆေးနေပြီး ကန်တော်ကြီး ဥယျာဉ်သို့ အများပြည်သူများ လာရောက်ခွင့် ယာယီပိတ်ပင်ထားကြောင်း ပြင်ဦးလွင် ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ…

  • ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း

    ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း ပါလာတဲ့ လက်နက်တွေ အကုန်သိမ်းယူ ရခိုင်ပြည် ၊ အမ်းမြို့ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်ကောင်စီဟာ အမ်းတောင်ကြားလမ်းတစ်နေရာမှာ အင်အားစုနေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာတော့ ကားအစီး နှစ်ဆယ် နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အမ်းမြို့ကို မရောက်ခင် ရှစ်မိုင်အလိုက ပတ်ကွေ့ဆိုတဲ့နေရာမှာ အာရက္ခတပ်တော် AA ရဲ့ ချေမှုန်းတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ “တောလုံးတောင်လုံးဟိန်းပြီး လမ်းမပေါ်က ကားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝိုင်းတိုက်တာ ၊ ကားတွေမီးလောင်တာလောင်ကုန်တယ်။ ကျန်တဲ့ကားတွေကို သိမ်းလိုက်တယ်။ စက်လက်နက်ကြီးတွေ ၊ အမြှောက်တွေ အကုန်သိမ်းထားလိုက်တယ်၊ သူတို့က ခပ်လှမ်းလှမ်းမှာ…

  • လောင်းလုံးကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် အရပ်သားကားများကို ချောဆွဲ

    လောင်းလုံးကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် အရပ်သားကားများကို ချောဆွဲ

    လောင်းလုံးမြို့နယ်အောက်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားကားများကို အဓမ္မချောဆွဲအသုံးပြုနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်သို့ ဒီဇင်ဘာလ ၁၂ ရက်တွင် စစ်ကြောင်းထိုးလာခဲ့ပြီး ထိုနေ့တွင်ပင် မင်းရပ်ကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေ့တွင်ပင် လောင်းလုံးမြို့နယ်အတွင်း အိမ်တိုင်ရာရောက် ရော်ဘာပြား လိုက်ဝယ်နေသည့်အရပ်သား ကားတစ်စီးကို ချောဆွဲပြီး ဒဏ်ရာရစစ်ကောင်စီ တပ်သားများကို ဆေးရုံသို့ပို့ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထိုနောက် စစ်ကောင်စီတပ်သည် နောက်တစ်နေ့ ‌ဒီဇင်ဘာလ ၁၃ ရက်တွင် မင်းရပ်ကျေးရွာမှတစ်ဆင့် အင်းဇောက်၊ သဗျာကျေးရွာတို့ဘက်သို့ ဆက်ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ ထိုသို့စစ်ကြောင်းထိုးရာတွင်လည်း အနည်းဆုံးအရပ်သားကားနှစ်စီး ချောဆွဲခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ “သူတို့တပ်ဖွဲ့ဝင်တွေကိုပို့ပေးဖို့ လမ်းမှာတွေ့တဲ့ကားကို သင်းပိုင်ဆွဲ(ချောဆွဲ)လိုက်တာ။ ပြီးတာနဲ့ ပန်းတလဲရွာကနေ အင်းဇောက်ကို စစ်သားတွေတင်ဆောင်ပြီး ပို့ခိုင်းခဲ့တာ” ဟု ချောဆွဲခံရသည့် ကားသမားတစ်ဦး၏ ပြောပြချက်ကိုကိုးကားပြီး…

  • စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထား

    စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထားပြီး လွတ်လပ်သော သတင်း မီဒီယာများကို ပြစ်တင်ပြောဆို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း စစ်ရှုံးလာမှုနှင့် အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ဝါဒဖြန့်ရန် လက်အောက်ခံများအား စည်းရုံးစေခိုင်း၍ လွတ်လပ်သော မီဒီယာများကို ပြစ်တင်ခဲ့ကြောင်း ၎င်း၏ပြောဆိုချက်နှင့် စစ်လော်ဘီ အသိုင်းအဝိုင်းထံက သိရသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့သည့် သတင်းမီဒီယာ ကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တာဝန်များအား အောင်မြင်စွာ ထမ်းဆောင် နိုင်မည်ကို ယုံကြည်တိုက်တွန်းကြောင်း စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံသတင်း မီဒီယာများ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ စစ်ခေါင်းဆောင်က ပြောကြားသည့် တာဝန်များ ဆိုသည်မှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးရန်ဖြစ်ပြီး အဓိကအားဖြင့် တစ်နေ့တခြား မရှုမလှအထိနာ…