Category: News

  • စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရ

    စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရသည့်အတွက် ဂွမြို့ကို လက်လွှတ်ရတော့မည်ဟု AA ပြော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်သည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သား သစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြကြောင်း AA က ဆိုသည်။ “ခမရ ၅၆၂ ထဲက စုပြီး ခံစစ်ဆင်နေတဲ့ တပ်ဖွဲ့တွေ ထက်ဝက်ကျော်တယ် ထွက်ပြေးတာ။ သူတို့ကို AA က…

  • တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

    တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ AA ထုတ်ပြန် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများက AA က ယနေ့ ထုတ်ပြန်သည်။ ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ ၅၄၄ ၊ ခမရ ၃၄၆ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အာရက္ခတပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ AA က ပလက်ဝမြို၊ ပေါက်တောမြို၊ မင်းပြားမြို၊ မြောက်ဦးမြို၊ ကျောက်တော်မြို၊ မြေပုံမြို၊ ပုဏ္ဏားကျွန်းမြို၊ ရမ်းဗြဲမြို၊ ရသေ့တောင်မြို၊ ဘူးသီးတောင်မြို၊ သံတွဲမြို၊ တောင်ကုတ်မြို နှင့်…

  • မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းမှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး၍လည်းကောင်း၊ မြိုင်မြို့၌တပ်စွဲထားသော အင်အား ၁၅၀ ခန့်ပါ စစ်ကူစစ်ကြောင်းလွှတ်၍ လည်းကောင်း အပြင်းအထန်ခုခံခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်အပြီးသတ်…

  • ဒီဇင်ဘာလအတွင်း KNDFထံ စစ်သား ၂၀ကျော် ဘက်ပြောင်းလာ

    ဒီဇင်ဘာလအတွင်း KNDFထံ စစ်သား ၂၀ကျော် ဘက်ပြောင်းလာ

    ယခု ဒီဇင်ဘာလအတွင်း ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) CDM ဌာနမှူး မင်းသားက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်မှ အလင်းဝင် ရောက်၍ လုံခြုံအေးဆေးစွာစောင့်ရှောက်ထားသော ဘတ်ပြောင်းလာသူများ၏အခြေအနေအချို့ကို KNDFက ဒီဇင်ဘာ ၂၁ ရက်တွင် ၁၈ မိနစ်ကျော်ကြာရုပ်သံဖြင့် ထုတ်ပြန်ရာတွင် ဌာနမှူးမင်းသားက အထက်ပါအတိုင်း အသိပေးခဲ့သည်။ “ဒီဇင်ဘာတစ်လတည်းမှာကို ကျွန်တော့်တို့ဆီကို ဘက်ပြောင်းလာတဲ့သူ အယောက် ၂၀ ကျော်သွားပါပြီ။အခုနောက်ပိုင်းက ပစ(စစ်ကောင်စီတပ်ထဲ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဝင်ရောက်ခဲ့ရသူ) တွေ များတယ်။ကျွန်တော်တို့နဲ့အတူ အားလုံးပေါင်း စာရင်းဝင်နေတာက အယောက်၄၀ ကျော် ရှိတယ်”ဟု ၎င်းက ပြောသည်။ စစ်ကောင်စီထံမှ ဘက်ပြောင်းလာသူများ၏ လုံခြုံရေးကို အထူးအာမခံပြီး အထူးသဖြင့် မြေပြင်တိုက်ခိုက်ရေး(သို့မဟုတ်) ဆန္ဒမပါဘဲ တိုက်ပွဲသို့ လုံးဝခေါ်ဆောင်ခြင်းမပြုဟုလည်း ကတိပြုသည်။ “သတ်မှတ်စောင့်ကြည့်ကာလတစ်ခု…

  • ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ကြေညာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယနေ့တရားဝင် ထုတ်ပြန် ကြေညာသည်။ ချင်းညီ​နောင်က ချင်းညီ​နောင်စစ်ဆင်​ရေး (Operation CB)အဖြစ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယ​နေ့(ဒီဇင်ဘာ ၂၂) ရက်တွင်စတင်ပြီဖြစ်​ကြောင်း၊ ယမန်နေ့တွင် မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော ခလရ ၂၇၄ စခန်းကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် ကန်ပက်လက်မြို့ကို စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့ကို ယမန်နေ့ သိမ်းပိုက်ခဲ့ပြီး လက်နက်ချ အညံ့ခံသူ ရာချီ၍ ရှိကြောင်း၊…