ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ…
လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ လာသော စစ်သားများ ပဲခူးရိုးမတောင်ခြေတွင် စစ်ကြောင်းထိုးနေသည်၊ ရိုးမပေါ် တက်လာလျှင် တိုက်ပွဲဖြစ်မည်ဟု PDF က ပြောသည်။ ပဲခူးရိုးမ အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ရောက်ရှိလာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ ရိုးမတောင်ခြေတလျှောက်တွင် လှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ စစ်ကြောင်း ၅ ခုသည် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ တစ်ဆင့် ပဲခူးရိုးမတောင်ခြေသို့ ချီတက်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောသည်။ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ခန့် သုံးနေကြောင်း တော်လှန်ရေးတပ်ဘက်က ခန့်မှန်းသည်။ လတ်တလောတွင် စစ်ကောင်စီတပ်သည်…
Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။…
သဲကုန်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ပြောဆိုသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်းကို သဲကုန်းမြို့နယ် ပကဖ နှင့် ပေါင်းတည်မြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော…
ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု သက်ဆိုင်ရာက ခေါ်ယူ အသိပေးလာ၊ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟုဆို ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ အလှည့်ကျလာလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အလှည့်ကျ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟု လူငယ်များနှင့်မိသားစုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေါ်ယူ ပြောဆိုလာကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ် အပါအဝင် မြို့နယ်များအားလုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များအားလုံး မဖြစ်မနေ မိမိအလှည့်ရောက်သည်နှင့်…