Category: News
-

ရုရှား၏ တတိယကမ္ဘာစစ် တန်ပြန်ရန် ဥရောပမဟာမိတ်များ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအမံ ဖော်ပြ
ပြီးခဲ့သည့် ၂ ပတ်အတွင်းမှာပင် ဥရောပ နိုင်ငံများအတွင်း ဒရုန်းများစွာ ဝင်ရောက်ခြိမ်းခြောက်လာခဲ့ရာ တတိယကမ္ဘာစစ်ကို ဖန်တီးနေသော ရုရှားရန်မှ ကာကွယ်ရေးအတွက် နေတိုးနှင့်ဥရောပခေါင်းဆောင်များ စစ်ပွဲဖြစ်တည်လာမည့် ကာလ ၂၀၃၀ မတိုင်မီ မဟာတံတိုင်းခံစစ် ၄ ထပ် တည်ဆောက်မည့် အစီအစဉ်ကို ခင်းကျင်းထုတ်ဖော်လာခဲ့သည်။ ယင်းခံစစ်တံတိုင်း ၄ ခုမှာ အာကာသဒိုင်း၊ လေကြောင်းကာကွယ်ရေးဒိုင်း၊ ဒရုန်းတံတိုင်းနှင့် ရုရှားနှင့်နယ်နိမိတ်ဆက်စပ်နေသော အရှေ့ဘက်စစ်မျက်နှာပြင်တစ်လျှောက် စစ်ရေးတောင်ပံ စောင့်ကြည့်တပ်နှင့်အကာအကွယ်များထားရှိရန် ဖြစ်သည်ဟု ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလင်း က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ ထိုစီမံကိန်းတံတိုင်း ၄ ခုမှာ ဥရောပတိုက်ကို လေကြောင်းရန်မှ ကာကွယ်ရေးဒိုင်းတပ်ဆင်ရန်၊ ထိုတံတိုင်းမှ ဒုံးကျည်အပါ လေကြောင်းခြိမ်းခြောက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း၊ နောက်ထပ် အာကာသဒိုင်း(Space Shield)စီမံကိန်းသည် ဥရောပနိုင်ငံများ၏ အာကာသတွင်း ပိုင်ဆိုင်မှုနှင့်ဝန်ဆောင်မှုများကို…
-

ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်
ကျားဖြန့်စီးပွားရေးကောင်းအောင် လူ အရှင်ကို သတ်ပီးတော့ ယဇ်ပူဇော်သတဲ့။ တကယ့် ငရဲပြည်။
-

လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး
ပျော်ဘွယ်မှာ လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာမှာ လမ်းအောင်ပွဲလုပ်နေချိန် သေနတ်သမားတွေက ဝင်ပစ်လို့ အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်ည ၈ နာရီကျော်မှာ ပဲ့ကန်ရွာအနီး ကွင်းအမှတ် ၇၆၉ လယ်ကွက်အတွင်းမှာ ပဲ့ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲမြင့်ဦးစီးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းပြီးစီးမှု အောင်ပွဲအနေနဲ့ဇာတ်ပွဲ၊ လောင်းကစားဝိုင်းတွေထည့်သွင်းပြုလုပ်နေချိန် လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်တာလို့ဆိုပါတယ်။ “သူတို့က လမ်းဖောက်တာ လမ်းဖွင့်ပွဲပြီးသွားလို့ ပျော်ပွဲရွှင်ပွဲလုပ်ကြတာ။ သေတဲ့အထဲတော့ အုပ်ချုပ်ရေးမှူးပါတယ်။ အုပ်ချုပ်ပိုင်းမဟုတ်တဲ့သူတွေလည်းသေတာ။ ပွဲလုပ်နေချိန်က လူကများတာပေါ့။ လာပစ်တာက တယောက်တည်း လာပစ်တယ်လို့တော့ သိရတယ်။ မဆိုင်တဲ့သူတွေပါထိကုန်တာ။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ဦးရဲမြင့်အပါအဝင် ပွဲခင်းအတွင်းရှိနေသူ အသက် ၂၅ နှစ်ကနေ…
-

လူနာမသေဆုံးပါ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် စကားပြောနိုင်ပါပြီ
လူနာမသေဆုံးပါ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် စကားပြောနိုင်ပါပြီ မန္တလေးမှာ အိမ်စီးကားက တိုက်ပြေးလို့ ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးကားအောက်ညှပ်ပါလာသည်ကို လူရှင်းတဲ့နေရာမှာ ဖြုတ်ကာ ကားနောက်ဖုံးထဲ ထည့်ပြီးနောက် ထပ်မံ လမ်းဘေး စွန့်ပစ်ခဲ့ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီး ၁၉ လမ်းပေါ်မှာ ဒီကနေ့ ညဦးပိုင်း မတ်တူးအမျိုးအစား အဖြူရောင် အိမ်စီးကားတစ်စီးက ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီးနောက် ရပ်မပေးဘဲ မောင်းပြေးလို့ ဆိုင်ကယ်စီး အမျိုးသမီး ကားအောက်ညှပ်ပါသွားတယ်လို့သိရပါတယ်။ ဆိုင်ကယ်ကို တိုက်ပြေးတဲ့ အိမ်စီးကားဟာ ကားအောက် လူညှပ်ပါလာတာကို ရပ်မပေးဘဲ ဆက်လက် မောင်းပြေးပြီး လူသူကင်းရှင်းတဲ့ နေရာမှာ ကားအောက်ညှပ်ပါလာတဲ့ လူကို ဖြုတ်ယူကာ ကားနောက်ဖုံးထဲ ထည့်သယ်သွားပြီးနောက် လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၆ ရက် ဒီကနေ့…
-
ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်
ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်ပြီးနောက် နာရီပိုင်းအတွင်း စစ်ကော်မရှင်၏ ၆၆၆ ကာကင်းစခန်းကို သိမ်းပိုက်ခဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ AA သည် တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၉ ကီလိုမီတာအကွာအဝေး၌ရှိသည့် စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅ မိနစ်တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ အဆိုပါ ပွိုင့်ကုန်းနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ် ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း အောက်တို…