Category: News

  • အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

    အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

    ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA)က ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်သားအများအပြား လက်နက်ချပေမဲ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ စစ်ရေး အခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒီမနက်ကပေါ့၊ ဂျက်ဖိုက်တာ နှစ်စင်းရယ်၊ Y-8 ရယ်၊ Y-12 ရယ်၊ စုံနေတာပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေလည်း ပါတယ်”

    လက်နက်ချလာသူတွေဟာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလို့ AA က ပြောထားပြီး အရေအတွက်နဲ့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

    ရုပ်သံဖိုင်ထဲမှာတော့ အလံဖြူထောင်ပြီး တန်းစီထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရပြီး ဒဏ်ရာရ သူတွေလည်း ပါဝင်လာပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်တဲ့ ဒေသခံအချို့ကတော့ မနေ့က တစ်ရက် တည်းမှာတင် စစ်ကောင်စီတပ်သား နှစ်ရာခန့် လက်နက်ချလာပြီး ဒီရက်ပိုင်းအတွင်း လက်နက်ချသူ သုံးရာခန့် ရှိလာတယ်လို့ ဆိုပါတယ်။

    အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ နပခဌာနချုပ်ကို မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ ပြောဆိုထားပါတယ်။

    ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ထဲ ၁၂ မြို့နယ်ကို AA သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းနဲ့ ဂွမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

    အာရက္ခတပ်တော် AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေ‌သော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ပကတိ မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဗီဒီယိုဖိုင်ကို AA က ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    အမ်းမြို့ နပခဌာနချုပ်မှ စစ်ကောင်စီတပ်သားများ လက်နက်ချထွက်လာသည့် ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ထုတ်ပြန်ထားစဉ်။

  • မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်သူပုန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးတက္ကသိုလ်ဝင်းအတွင်းရှိ စစ်ဗိုလ်လောင်းများနေထိုင်သော ၅ ထပ် အိပ်ဆောင်သို့ ဒရုန်း ၂ စင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းတစ်စီးမှာ ပစ်မှတ်ဧရိယာသို့ ရောက်ရှိခဲ့ပြီး မစ်ရှင်အောင်မြင်ခဲ့သော်လည်း အခြားဒရုန်း ၁ စီးမှာမူ ပစ်မှတ်ဧရိယာမရောက်ခင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လမ်းတစ်ဝက်ခန့်တွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။

    ပျက်သည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးစားသော်လည်း ပျက်ကျသည့်နေရာတ၀ိုက်တွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေသဖြင့် ဒရုန်းပြန်လည်ရယူနိုင်ရန် ကြိုးစားမှုကို လက်လျှော့လိုက်ရကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စစ်ဆေးတက္ကသိုလ်မှ အထိအခိုက်အခြေအနေ မသိရသေးကြောင်း သိရှိရသည်။

    “ရန်ကုန်မြို့တွင်းပထမဆုံးအဆင့်မှီ Door to Door Delivery Service ဖြင့် မင်္ဂလာဒုံရှိ စစ်ဆေးတက္ကသိုလ်နားနေဆောင်သို့ ဖျက်အားပြင်းမိုင်းတစ်လုံးပို့ဆောင်ခဲ့ပါတယ်။ Customer Feedback ကိုလက်ခံစောင့်ဆိုင်းနေဆဲဖြစ်ပြီး Feedback ကောင်းများရရှိပါက ၀န်ဆောင်မှုများအားထပ်မန်အဆင့်မြှင့်တင်သွားမည်ဖြစ်ပါတယ်။ များမကြာခင်လည်း နှစ်သစ်လက်ဆောင်များကို စခ/ရခ ဌာနများသို့အဆက်မပြတ်ပို့ဆောင်ပေးဦးမည်ဖြစ်ပါသောကြောင့် ရင်ခုန်စွာမျှော်လင့်စောင့်စားကြပါကုန်သော်” ဟု ရန်ကုန်သူပုန်က ထုတ်ပြန်ထားသည်။

  • ပလဖ ထံက ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၃၀ ကျော် တမူးသို့ရောက်ရှိ၊ တမူးတွင် စစ်ကောင်စီ အင်အားဖြည့်တင်း

    ပလဖ ထံက ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၃၀ ကျော် တမူးသို့ရောက်ရှိ၊ တမူးတွင် စစ်ကောင်စီ အင်အားဖြည့်တင်း

    တမူးမြို့နယ် အထက်ပိုင်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထိန်းသိမ်းထားသည် စစ်သုံ့ပန်းများသည် ထွက်ပြေးလွတ်မြောက်သွားပြီး တမူးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    စစ်ကောင်စီ၏ ရဲစခန်းမှူးနှင့် ဒုရဲအုပ်နှစ်ဦးအပါ စစ်သုံ့ပန်း ၃၄ ဦးသည် CDM ပြုလုပ်ထားသည့် ရဲတပ်သားဇေယျာထိုက်၏ ကူညီမှုကြောင့် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

    ရဲတပ်သားဇေယျာထိုက်သည် သုံ့ပန်းများကို စောင့်ကြပ်နေသည့် တာဝန်ကျ ပြည်သူ့ကာကွယ်ရေးတပ်သားများကို အရက်သေစာတိုက်ကြွေးကာ ၎င်းတို့ အိပ်မောကျစဥ် သုံ့ပန်းများကို ကယ်ထုတ်သွားခြင်းဖြစ်သည်။

    “သူတို့ တမူးရောက်နေတာသေချာတယ်။ ပျော်ပွဲစားပွဲတောင် လုပ်ကြတယ်လို့ ကြားရတယ်၊ မင်းသာက စစ်ကြောင်းအပြန်မှာ ခေါ်သွားတာ” ဟု တမူးမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

    ထိုစစ်သုံ့ပန်းများသည် အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်ပြီးနောက် လက်နက်ကိုင်အဖွဲ့တခု ကူညီမှုဖြင့် မြန်မာနိုင်ငံ၊ မင်းသာရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် တမူးမြို့သို့ စစ်အင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ၎င်းတို့ကို မင်းသာရွာမှတဆင့် တမူးမြို့သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

    မင်းသာရွာမှ ထွက်ခွာလာသည့် ထိုစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၅ ရက်တွင် အရပ်သားတဦးကိုအကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကပြောသည်။

    “သူက စပါးသိမ်းပြီးလို့ စစ်ဘေးရှောင်တဲ့ရွာကအိမ်ကို လာပို့တဲ့အချိန် စစ်ကြောင်းနဲ့ တွေ့ပြီးအသတ်ခံသွားရတာ” ဟု ဆိုသည်။

    နောင်ကက်ရွာသစ်(ဒေသအခေါ် အောက်ဝက်ရှု့)တွင် နေထိုင်သူ ကိုဆေးထန် (၃၇နှစ်) ခန့်သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အခြားတဦးကို ခြေထောက်ရိုက်ချိုး ထားခဲ့ကြောင်းသိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် မြို့သစ်နှင့် သနန်မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားသည်။ ထို့ပြင် ဟုမ္မလင်း မြို့ကို စစ်ကူ ပေးရန် တမူးမြို့မှနေ၍ စစ်ကောင်စီတပ်က လူ ၊ လက်နက်အင်များဖြည့်တင်းလျက် ရှိနေကြောင်း စစ်ရေးသတင်းမြစ်ထံကသိရသည်။

    တမူးမြို့နယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ပျူစောထီး ၊ ရှမ်းနီ ၊ အိန္ဒိယ ကိုတော်လှန်နေသည့် နာဂနှင့် ကသဲလက်နက်ကိုင်များ စစ်ရေးလှုပ်ရှား နေကြ ကြောင်းသိရှိရသည်။

    စစ်သုံ့ပန်းများလွတ်မြောက်သွားမှုအပေါ် တာဝန်ရှိသူများကို အရေးယူသွားမည်ဖြစ်ပြီး ဖြစ်စဥ်ကို ဗဟိုသို့ တင်ပြထားကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တမူးမြို့တာဝန်ခံက ပြောကြားထားသည်။

    ပုံအညွှန်း – မေလ၁၁ရက်နေ့က သိမ်းပိုက်ခဲ့သည့် မြို့သစ်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် ရဲစခန်းမှူးအပါအဝင်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ။ ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ

  • လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း

    လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း

    လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း

    လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ အပတ်စဉ် ၂ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့ပါတယ်။

    PLA တပ်ရင်း ၂၂၂ ဟာ လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ တပ်ရင်း တစ်ခု ဖြစ်သလို လီဆူ လူမျိုးစုတွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားတာကြောင့် သင်တန်းဆင်းပွဲနဲ့အတူ လီဆူ တိုင်းရင်းသား တပ်ဖွဲ့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်းခဲ့တယ်လို့ PLA တပ်ရင်း ၂၂၂ ရဲ့ စစ်နယ်မြေမှူးက ပြောပါတယ်။

    “ဗမာပြည်မှာ လီဆူ လူမျိုးစုတွေ အများစုက စစ်ကောင်စီနဲ့ပဲ ပေါင်းတယ်လို့ ပြောတယ်၊ တကယ်တော့ မဟုတ်ဘူး၊ ဒီဘက်မှာလည်း လီဆူ လူမျိုးစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ရွပ်ရွပ်ချွံချွံ အသက်ပေး၊ ဘဝပေး ပြီးတော့မှ ဒီဘက်မှာ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပေါ့နော။ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ရော ဒီ လီဆူ အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဆိုတဲ့ ကျွန်တော်တို့ရဲ့ PLA ရဲ့ လီဆူတပ်တစ်ခု အဖြစ်ပေါ့နော၊ ထူထောင်ထားရခြင်း၊ ဖွဲ့စည်းပေးထားရခြင်း ဖြစ်တယ်”

    စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ လီဆူတိုင်းရင်းသား ရဲဘော်တွေ အနေနဲ့ PLA ရဲ့ နိုင်ငံရေး လမ်းစဉ် မျှော်မှန်းချက်၊ လူမျိုးစုငယ် လွတ်မြောက်ရေးမှသည် တတိုင်းတပြည်လုံး လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ ပြည်သူ့ လွတ်မြောက်ရေး အတွက် ရောက်ရာနေရာမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်နေကြတယ်လို့လည်း PLA တပ်ရင်း ၂၂၂ စစ်နယ်မြေမှူးက ပြောပါတယ်။

    PLA တပ်ရင်း ၂၂၂ ဟာ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ အဓိက လှုပ်ရှားပြီး လက်ရှိမှာ မဟာမိတ်တွေဖြစ်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ၊ မိုးကုတ် ဗျူဟာ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ PDF ၅၁၃ တပ်ရင်း စတဲ့ တပ်တွေနဲ့ ပူးပေါင်းကာ စစ်အုပ်စုကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

  • ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

    ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ငဖဲမြို့ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

    ထိုတိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ငဖဲမြို့နယ်ရဲစခန်းတို့အတွင်း ပေါက်ကွဲမှုများကြားခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

    သို့သော် စစ်ကောင်စီလက်အောက်ခံတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်းလည်း ၎င်းတို့ကပြောသည်။

    “မိုင်းကွဲသံလား၊ လက်နက်ကြီးပစ်သံလားမသိဘူး။ မနက်အစောကြီးမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီလိုမျိုးတခါမှ မကြားဖူးဘူးဆိုတော့လန့်သွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

    ထိုတိုက်ခိုက်မှုသည် PDF များကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြပြီး ထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုကြောင့် မြို့နယ် ဒုဦးစီးမှုးအဆောင်ထဲနားကို ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်းဆိုသည်။

    ရဲစခန်းအတွင်းကျရောက်သည့် ဗုံးသီးမှာမပေါက်ကွဲကြောင်းလဲ စစ်ကောင်စီဘက်ကဝါဒဖြန့်ထားသည်။

    အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။