Category: News
-

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် APHR တောင်းဆို၊ “Proof of Life” ကမ်ပိန်းကို ထောက်ခံ
အာဆီယံထိပ်သီးအစည်းအဝေး(၄၈ ကြိမ်မြောက်)အတွက် အာဆီယံခေါင်းဆောင်များ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ စုဝေးကြစဉ် မြန်မာတွင် စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်သည်။ အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း ကြီးထွားလာနေသော နိုင်ငံတကာ၏ တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင်ရန် APHR က တိုက်တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တပ်ခ်တို့နှင့်အတူ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံ အပါအဝင် အစိုးရအသီးသီးကလည်း တောင်းဆိုထားကြသည်။ ထိပ်သီးအစည်းအဝေး မစတင်မီ လေးရက်အလို ဧပြီ ၃၀ ရက်နေ့တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်တခုသို့ စစ်အုပ်စုက ပြောင်းရွှေ့လိုက်ခြင်းမှာ ထိုတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရာ…
-

ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို Tip (မုန့်ဖိုး) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။ “ဒီနေ့ပဲ တောင်ကြီးကို ပို့မယ်ကြားတယ်။ အမှုက တောင်ကြီးမှာ ဖြစ်တာဆိုတော့ အဲဒီကိုပဲ ပြန်ပို့မှာပါ” ဟု တုံတာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အောင်မျိုးသူ (ခ) ပီတာသည် မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ၎င်းဖွင့်လှစ်ထားသည့် “Peter” ဘားနှင့် စားသောက်ဆိုင်တွင်…
-

မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်
မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်သော် လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့်သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြကြောင်း အပြစ်တင်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ မင်းအောင်လှိုင်က ၎င်းတို့ အစိုးရသည် ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်ကြောင်း ၊ သို့ရာတွင် အချို့သောနိုင်ငံများက ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို…
-

အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး
မက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုစီးတီးသည် အာကာသမှပင် မြင်တွေ့နိုင်လောက်သည်အထိ စိုးရိမ် ဖွယ်ရာနှုန်းထားဖြင့် လျင်မြန်စွာ နိမ့်ဆင်းနေသည်။ အလွန်အစွမ်းထက်သော NASA ရေဒါစနစ်မှ ရရှိသည့် ပုံရိပ်များအရ တလလျှင် ၀ ဒသမ ၅ လက်မထက် မနည်း နိမ့်ဆင်းနေပြီး၊ မက္ကဆီကိုစီးတီးသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး နိမ့်ဆင်းနေသည့် မြို့တော် တခု ဖြစ်လာနေသည်။ ကမ္ဘာ့အကြီးဆုံး မြို့ကြီးများထဲတွင် ပါဝင်ပြီး၊ လူဦးရေထူထပ်သော မဟာမြို့ကြီးသည် မြင့်မားသည့် ကုန်းမြင့်ပေါ်ရှိ အိုင်တခုကို ဖြတ်သန်းတည်ရှိနေပြီး ရှေးဟောင်းမြေအောက်ရေအောင်း လွှာတခုပေါ် တွင် တည်ရှိနေသည်။ ယင်းရေအောင်းလွှာသည် မြို့နေလူဦးရေ ၂၂ သန်းအတွက် သောက်သုံးရေ ၆၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားသည်။ နှစ်ပေါင်းများစွာအတွင်း ယင်းမြေအောက်ရေအောင်းလွှာမှ ရေများကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ခြင်း ကြောင့် မြေမျက် နှာပြင်မှာ…
-

စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။ မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်ဦးသည် ပြည်တော်အေးရွာမှ အောင်ဇော်၏ နေအိမ်ကို ရောက်ရှိနေစဉ်…