Category: News

  • တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

    တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်” ဟု မျက်မြင်ဒေသပြည်သူက ပြောဆိုသည်။ လက်ရှိတွင် တာမွေမြို့နယ်နေရာတချို့တွင် စစ်တပ်နှင့်ရဲကားများ လှည့်လည် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံသို့ ယခု ဧည့်စာရင်းစစ်ရန် ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။

  • တပ်သားသစ်စုဆောင်းထားသူတွေကို လက်ရဲဇက်ရဲဖြစ်အောင် စစ်အုပ်စုက ရွာတွေကို မီးရှို့စေခိုင်းနေဟုဆို

    တပ်သားသစ်စုဆောင်းထားသူတွေကို လက်ရဲဇက်ရဲဖြစ်အောင် စစ်အုပ်စုက ရွာတွေကို မီးရှို့စေခိုင်းနေဟုဆို

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာ စစ်အုပ်စုရဲ့ တပ်သားသစ်အဖြစ် စုဆောင်ခံထားရသူတွေ စစ်သင် တန်းဆင်းလာပြီးနောက် ဉသျှစ်ကန်ရွာဟောင်း၊ သပြေသာရွာနဲ့ မြိုက်ရွာတွေကို နှစ်ရက်ဆက်စစ်ကြောင်းထိုး မီးရှို့သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။ အဆိုပါ ကျေးရွာတွေကို စစ်အုပ်စု သင်တန်းဆင်း တပ်သားသစ်တွေဟာ ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့ကြတာဖြစ်ပြီး သင်တန်းဆင်းတာနဲ့ အခုလို ချက်ချင်းမီးရှို့တာဟာ လုပ်ရဲကိုင်ရဲဖြစ်အောင် စစ် အုပ်စုက လေ့ကျင့်ခိုင်းတဲ့သဘော ယူဆရဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ “လေ့ကျင့်ပေးတဲ့ပုံစံ မီးရှို့ခိုင်းတာလို့ ကျနော်တို့က အဲလိုယူဆတာဗျ။ လုပ်ရဲကိုင်ရဲအောင် လက်ရဲဇက်ရဲဖြစ်အောင် လေ့ကျင့်နေတဲ့သဘောဖြစ်တယ်လို့ ကျနော်တို့က အဲလိုယူဆထားတာ”လို့ အာဠာဝက ပြည်သူ့ကာကွယ်ရေး အဖွဲ့ က တာဝန်ရှိသူ ကိုအာဠာဝကကြီးက ပြောပါတယ်။ နေအိမ်တွေကို…

  • သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး PDF များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ

    သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး PDF များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်မှ စတင်၍ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီသည် သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်း၊ အုတ်ဖို၊ မင်းလှ၊ လက်ပံတန်း စသည့် မြို့နယ် လေးခုသို့ အင်အား ၅၀၀ ဝန်းကျင် အသုံးပြု စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နတ်တလင်း နှင့် လက်ပံတန်းမြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အုတ်ဖိုနှင့် မင်းလှမြို့နယ်တို့တွင်မူ နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း သိရသည်။ “စစ်ကြောင်းထိုးတာက ဒီဇင်ဘာလအစလောက်ကစပြီး စစ်ကြောင်းထိုးနေတာ။ ရိုးမအစပ်က ရွာတွေကိုပတ်မွှေနေတာ။ နတ်တလင်းနဲ့ လက်ပံတန်းက တိုက်ပွဲဖြစ်နေပြီး မင်းလှဘက်က စစ်ကြောင်းက အင်အားဖြည့်ပေးနေတာ။…

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေး ၇ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်​နေကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။ ဒီဇင်ဘာ ၄ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ဒီဝင်ဘာ ၁၀ ရက်အထိ့တိုက်ပွဲပြင်းထန်​နေသလို မြို့နေရာအတော်များများ၌ မီးလောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။ “ဗန်းမော်မြို့ ပတ်လည် ၅ နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ လေယာဥ်ဗုံးကြဲတာ အိမ်တစ်အိမ်ကို ထိမှန်လို့ မိသားစု တစ်ခုလုံး သေဆုံးသွားတယ်လို့ ကြားရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲကြောင့် မြို့ခံ​သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြပြီး စစ်မရှောင်နိုင်သည့် ပြည်သူအချို့ ကျန်နေသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မြို့ပြင် တပ်(စစ်ကောင်စီတပ်)ဘက် တိုက်နေတယ်” ဟု ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲ အခြေအနေကို ပြောပြသည်။…

  • မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို  ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်

    မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်

    ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ…