Category: News

  • မန္တလေးတွင် အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ  ဗိုလ်မှူးချုပ် သူရိန်ထွန်း   AA ၏ လက်ဝယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရပြီ

    မန္တလေးတွင် အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ ဗိုလ်မှူးချုပ် သူရိန်ထွန်း AA ၏ လက်ဝယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရပြီ

    မန္တလေးတွင် အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ ဗိုလ်မှူးချုပ် သူရိန်ထွန်း AA ၏ လက်ဝယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရပြီ မန္တလေးမှ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်းစစ်ကြောရေးတွင် စစ်အာဏာရှင်ဆန့်ကျင်သော အမျိုး သမီးများကို မုဒိမ်းကျင့် စစ်ကြောခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို ညှဉ်းပန်းသတ်ဖြတ်ခြင်းများတွင် ဦးဆောင်အမိန့်ပေးခဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန် အဓိက ကြိုးကိုင်ခဲ့သူ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ဓာတ်ပုံများနှင့်တကွ တရားဝင် သတင်းထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ARSA မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အတူ စကခ ၁၅ မှ ဗိုလ်မှူးချုပ်သူရိန်ထွန်း၊…

  • ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ

    ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ

    ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဒီဇင်ဘာလ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းအထိ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မြို့ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် မြို့မီးလောင်နေကြောင်း သိရှိရသည်။ “ဗန်းမော်မြို့မ ရဲစခန်း၊ စုပေါင်း ရုံးကြီး၊…

  • ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

    ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

    မောင်တော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ စစ်ကောင်စီဘက်မှ သေဆုံးသူအလောင်း ၄၅၀ အထက်ရှိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက်အောက်ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က…

  • တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

    တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်” ဟု မျက်မြင်ဒေသပြည်သူက ပြောဆိုသည်။ လက်ရှိတွင် တာမွေမြို့နယ်နေရာတချို့တွင် စစ်တပ်နှင့်ရဲကားများ လှည့်လည် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံသို့ ယခု ဧည့်စာရင်းစစ်ရန် ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။

  • တပ်သားသစ်စုဆောင်းထားသူတွေကို လက်ရဲဇက်ရဲဖြစ်အောင် စစ်အုပ်စုက ရွာတွေကို မီးရှို့စေခိုင်းနေဟုဆို

    တပ်သားသစ်စုဆောင်းထားသူတွေကို လက်ရဲဇက်ရဲဖြစ်အောင် စစ်အုပ်စုက ရွာတွေကို မီးရှို့စေခိုင်းနေဟုဆို

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာ စစ်အုပ်စုရဲ့ တပ်သားသစ်အဖြစ် စုဆောင်ခံထားရသူတွေ စစ်သင် တန်းဆင်းလာပြီးနောက် ဉသျှစ်ကန်ရွာဟောင်း၊ သပြေသာရွာနဲ့ မြိုက်ရွာတွေကို နှစ်ရက်ဆက်စစ်ကြောင်းထိုး မီးရှို့သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။ အဆိုပါ ကျေးရွာတွေကို စစ်အုပ်စု သင်တန်းဆင်း တပ်သားသစ်တွေဟာ ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့ကြတာဖြစ်ပြီး သင်တန်းဆင်းတာနဲ့ အခုလို ချက်ချင်းမီးရှို့တာဟာ လုပ်ရဲကိုင်ရဲဖြစ်အောင် စစ် အုပ်စုက လေ့ကျင့်ခိုင်းတဲ့သဘော ယူဆရဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ “လေ့ကျင့်ပေးတဲ့ပုံစံ မီးရှို့ခိုင်းတာလို့ ကျနော်တို့က အဲလိုယူဆတာဗျ။ လုပ်ရဲကိုင်ရဲအောင် လက်ရဲဇက်ရဲဖြစ်အောင် လေ့ကျင့်နေတဲ့သဘောဖြစ်တယ်လို့ ကျနော်တို့က အဲလိုယူဆထားတာ”လို့ အာဠာဝက ပြည်သူ့ကာကွယ်ရေး အဖွဲ့ က တာဝန်ရှိသူ ကိုအာဠာဝကကြီးက ပြောပါတယ်။ နေအိမ်တွေကို…