Category: News
-

လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှု
ရခိုင်မြောက်ပိုင်းရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတွင် WFP တံဆိပ်ပါ ရိက္ခာများ တွေ့ရှိရမှု လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှုဖြစ်၍ လက်ခံနိုင်ဖွယ်မရှိဟု ထုတ်ပြန် ရခိုင်မြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတွင် WFP တံဆိပ်ပါ ရိက္ခာများ တွေ့ရှိရမှုမှာလူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှုဖြစ်၍ လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း၊ လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ…
-

ဆိပ်ဖြူမှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့ တပ်စိတ်မှူးကျဆုံးပြီး ၁ ဦးဒဏ်ရာရ
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီကင်းပုန်းရဲ့ပစ်ခတ်မှုကြောင့် ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်စိတ်မှူးကျဆုံးပြီး တပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မနက် ၉ နာရီခွဲလောက်က အသက် ၂၀ အရွယ် တပ်စိတ်မှူးရဲရင့်နဲ့ တပ်ဖွဲ့ဝင် ကျားသစ်နက်တို့ဟာ ကျွန်းချောင်းရွာကနေတပ်ဖွဲ့အထိုင်စခန်းကို ဆိုင်ကယ်နဲ့ပြန်လာချိန် ကန်စွန်းမရွာနဲ့ ဖလန်မရွာကြားအရောက်မှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ “ပြန်လွတ်လာတဲ့ ရဲဘော်ပြောပြချက်အရ သူအရင်ဆုံးစမြင်တာ၊ ကတ္တရာလမ်းပေါ်အထွက်မှာ စစ်သားကနေထပြီးတော့ သေနတ်နဲ့ချိန်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော်ကအရင်ဆုံးဦးအောင် ပစ်လိုက်တာ၊ ပစ်ပြီးကာမှ ကျသွားတဲ့ရဲဘော်က ဂန်းတလက်ထဲပါတာကို ပစ်တဲ့ရဲဘော်ဆီက ဂန်းကို လုပစ်ပြီးတော့ကျန်နေခဲ့တာ” လို့ အမှတ် ၁၉ တပ်ရင်းမှတာဝန်ရှိသူတဦးက ပြောပါတယ်။ ပစ်ခတ်မှုအတွင်းတပ်စိတ်မှူး ရဲရင့်…
-

ပခုက္ကူခြေမြန်တပ်မဌာနချုပ်နှင့် ခြေလျင်တပ်ရင်းအား တော်လှန်ရေးအဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် (တမခ−၁၀၁)နှင့် လက်အောက်ခံ တပ်များဖြစ်သော ခြေလျင်တပ်ရင်းအမှတ် (၂၅၁)နှင့် အမှတ် (၂၅၂)တို့ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀ နာရီခွဲခန့်က ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)နှင့် လက်အောက်ခံတပ်ဖြစ်သော ခလရ−၂၅၁ နှင့် ခလရ−၂၅၂ တပ်ရင်းတို့အား တာဝေးပစ်ရော့ကတ် ၈လုံး ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ပစ်လွှတ်လိုက်သော ရော့ကတ်အားလုံးသည် ရန်သူတပ်တွင်းများသို့ ကျရောက်ပေါက်ကွဲသည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။ “အခုချိန်ထိတော့ တပ်တွင်းထဲကိုကျတာတော့အတိအကျသိပါတယ်။ နေရာနဲ့ အထိအခိုက်ကတော့ ခွေးတွေခြေရှုပ်နေလို့အတွင်းသတင်းမရသေးပါဘူး။”ဟု…
-

အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများ များပြားနေ
ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများ များပြားနေပြီး မန္တလေးတွင်မူ ၁၅ ရက်အတွင်း လူငယ် ၁၂၅ ဦးကို စစ်တပ်က စစ်မှုထမ်းရန် ဖမ်းဆီးသွားဟု မန္တလေးသပိတ်အင်အားစု သတိပေး ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများပြားနေကြောင်း လူပျောက်ကြေညာထားသူ မိဘဆွေမျိုးတချို့က ပြောဆိုသည်။ သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် မောင်ကျော်စိုးသည် ရန်ကုန်မြို့အတွင်း Delivery ပို့ဆောင်ရေး အလုပ်သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် အလုပ်မှ ပြန်မလာတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း၊ မောင်ကျော်ကျော်စိုးတို့…
-

မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်
ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သား အလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွား စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သားအလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွားကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ- မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းရန် ချောင်းဦးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး…