အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ဦး အပါအဝင် လူငယ်တစ်ဦးကို ယမန်နေ့ မေ ၂ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာမှာ မေ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၆ဦးနှင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသည့် အထဲတွင် ၅လသားအရွယ် ကလေး ၁ ဦး၊ သုံးနှစ်အရွယ် ကလေး ၁ ဦး၊ လေးနှစ်အရွယ် ကလေး ၁ ဦး၊ ၅နှစ်အရွယ်ကလေး ၂ ဦး၊ ၁၀အရွယ် […]