ပြင်ဦးလွင် မြို့မ ရဲစခန်းမှ စခန်းမှုးရှင့် ကျွန်မ မသက်ကိုကိုအား 29.10.2025 ရက်နေ့တွင် ပြင်ဦးလွင် မြို့မရဲစခန်းမှ အိုးဘိုအကျဥ်းထောင်သို့ အမှုစစ် ရဲအရာရှိ အမျိုးသမီး ဦးဆောင်သော အဖွဲ့ဝင် (၃) ဦး မှ အိမ်စီးကားဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ အိုးဘိုထောင်ဗူးဝထဲ ဝင်ပြီးတာနဲ့ ကျွန်မသယ်ယူလာသော အကျီ အဝတ်အစား အထုပ်နှင့် အစားအသောက်ထုပ်များကို အကျဥ်းဦးစီးမှ တာဝန်ရှိ အမျိုးသမီး ဝန်ထမ်းမှ စစ်ဆေးကြည့်ရှူပြီး ထောင်ထဲသို့ သယ်ယူခွင့်မရသော အကျီ ၊ ဘောင်းဘီရှည် နှင့် အနွေးထည်များကို ကျွန်မ၏ အမှုစစ် ရဲအရာရှိ အမျိုးသမီးအား အထုပ်ဖြင့်် ပေးအပ်လိုက်ပါတယ်။ ကျွန်မမှ အမှုစစ်အား ကျွန်မ၏ ရှေ့နေများအားဖြစ်စေ ၊ ရန်ကုန်မှ ဦးလေးဖြစ်သူအား ဖြစ်စေ လက်ထဲသို့ […]