ပြင်ဦးလွင် မြို့မ ရဲစခန်းမှ စခန်းမှုးရှင့်
ကျွန်မ မသက်ကိုကိုအား 29.10.2025 ရက်နေ့တွင် ပြင်ဦးလွင် မြို့မရဲစခန်းမှ အိုးဘိုအကျဥ်းထောင်သို့ အမှုစစ် ရဲအရာရှိ အမျိုးသမီး ဦးဆောင်သော အဖွဲ့ဝင် (၃) ဦး မှ အိမ်စီးကားဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
အိုးဘိုထောင်ဗူးဝထဲ ဝင်ပြီးတာနဲ့ ကျွန်မသယ်ယူလာသော အကျီ အဝတ်အစား အထုပ်နှင့် အစားအသောက်ထုပ်များကို အကျဥ်းဦးစီးမှ တာဝန်ရှိ အမျိုးသမီး ဝန်ထမ်းမှ စစ်ဆေးကြည့်ရှူပြီး ထောင်ထဲသို့ သယ်ယူခွင့်မရသော အကျီ ၊ ဘောင်းဘီရှည် နှင့် အနွေးထည်များကို ကျွန်မ၏ အမှုစစ် ရဲအရာရှိ အမျိုးသမီးအား အထုပ်ဖြင့်် ပေးအပ်လိုက်ပါတယ်။
ကျွန်မမှ အမှုစစ်အား ကျွန်မ၏ ရှေ့နေများအားဖြစ်စေ ၊ ရန်ကုန်မှ ဦးလေးဖြစ်သူအား ဖြစ်စေ လက်ထဲသို့ ပြန်လည်ပေးအပ်ပေးရန် ထိုနေ့မှာပင် ပြောဆိုခဲ့ပါသည်။
ကျွန်မ အိုးဘိုထောင်ထဲနေခဲ့စဥ်(၂၀၂၅) ခုနှစ် နိုဝင်ဘာလ ၊ ဒီဇင်ဘာလများတွင် ကျွန်မအား ထောင်အတွင်း အထူးတရားရုံးသို့ အပတ်စဥ် ရုံးထုတ်ထွက်ရတိုင်း အမှုစစ် အရာရှိအား ကျွန်မအဝတ်အစားများကို ရှေ့နေများ (သို့မဟုတ်) ဦးလေးဖြစ်သူအား ပေးပြီးပြီလားဟု အကြိမ်ကြိမ် မေးခဲ့စဥ်က ရန်ကုန်ကို ပို့ပေးလိုက်ပြီဖြစ်ကြောင်း ကျွန်မအား ဖြေခဲ့ပါတယ်။
ယခု ကျွန်မလွတ်မြောက်လာပြီး အမေရိကန်နိုင်ငံသို့ ပြန်ရောက်သည်မှာ တစ်လပြည့်သော်ငြားလည်း ကျွန်မ၏ အကျီအဝတ်အစားထုပ်အား ကျွန်မရန်ကုန်အိမ်သို့ မရောက်ရှိခဲ့သည့်အတွက် ကျွန်မအား ပြန်လည်ပေးအပ်ရန် တောင်းဆိုသည်ကို အမှုစစ်အရာရှိမှ စခန်းထဲမှာ သိမ်းထားပြီး ပျောက်သွားသလိုလို ဖြေကြားကြောင်း သိရှိရပါသည်။
ကျွန်မ စေတနာရှိလို့ လှူခဲ့ ပေးခဲ့သည့် အရာများ မဟုတ်သည့်အတွက် ကျွန်မ ပိုင်ဆိုင်သော အရာဝတ္ထုအကုန် တစ်ခုမကျန် ပြန်လည် ရချင်ပါတယ်။ ကျွန်မ ထောင်ဗူးဝမှာ အပ်ခဲ့စဥ်အတ်ိုင်း အကောင်းပကတိ ပြန်လည်ရယူချင်ပါတယ်။
တာဝန်ရှိသူ စခန်းမှုးမှ ကျေးဇူးပြုပြီး ကျွန်မတောင်းဆိုချက်အား အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ကျွန်မရန်ကုန်အိမ်သို့ ကျွန်မပစ္စည်းများအား ပို့ဆောင်ပေးနိုင်ရန် စီစဥ်ညွှန်ကြားစေလိုပါတယ်။
မန္တလေး အိုးဘိုအတွင်းတရားရုံးမှာ ပုဒ်မ (၅၀၅) အမှုကို တရားစွဲ စိစစ်တော့ တရားသူကြီးက မေးတယ်။
👨💼မသက်ကိုကို ကို နိုင်ငံတော်က ပုဒ်မ(၅၀၅) နဲ့ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ကို အကြည်ညိုပျက်စေမှု ၊ တပ်မတော်၏ ပုံရိပ်အား ကျဆင်းစေတယ်ဆိုတဲ့ စွဲချက်တင်ထားတယ်။
မသက်ကိုကိုဘက်က အပြစ်ရှိတယ်ထင်ပါသလား ?
👱🏽♀️တရားသူကြီးမင်းရှင့် ကျွန်မမှာအပြစ်မရှိပါဘူး…
👨💼ဘာလို့အပြစ်မရှိဘူးလို့ ပြောတာလဲ?
👱🏽♀️ဘာလို့ အပြစ်မရှိဘူးလို့ ပြောရတာလဲဆိုတော့
ကျွန်မကသာ တပ်ချုပ်နဲ့တပ်မတော်ကို ရည်ရွယ်ချက်ရှိရှိ ပြောချင်ရေးချင်ရင် (၂၀၂၁) နိုင်ငံရေးအပြောင်းအလဲမှာ တပ်မတော်နဲ့ တပ်ချုပ်ကို နေ့စဥ် မနားတမ်း ထိုင်ဆဲပြနေခြင်းဟာ ပြည်သူတွေ သည်းခြေခိုက်စေမယ့် အရာဖြစ်တယ်ဆိုတာ ကျွန်မကောင်းကောင်းကြီးနားလည်ခဲ့ပြီးသား ဖြစ်သော်ငြားလည်း နှစ်ဖက်စလုံးကို မကြိုက်တဲ့အတွက် ဘယ်ဖက်မှမပါဘဲ ကြားနေလူတစ်ယောက် အဖြစ်နဲ့သာ နေထိုင်ပြီး နှစ်ဖက်စလုံးကို အမြင်မတော်တာတွေ့ရင် ဖရုဿဝါစာ စကားလုံးမပါ မရေးဘဲ လွတ်လပ်စွာ ဝေဖန်ထောက်ပြ ရေးသား ပြောဆိုခဲ့ခြင်းသာ ဖြစ်တယ်။
သက်သေခံ စာရွက်စာတမ်းထဲ H.N.O တယ်လီဂရမ်မှာ AI နည်းပညာတွေနဲ့ လုပ်ကြံဖန်တီးပြီး ကျွန်မရေးခဲ့သော စာသီးသန့်ကို တပ်ချုပ်နဲ့ သူ့ဇနီးပုံကို ဖြတ်ညှပ်ကပ်လုပ်ပြီး ကျွန်မကို (၅၀၅) အမှုမြောက်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ နဲ့ သတင်းတုတွေ လုပ်ကြံရေးခဲ့တာဖြစ်တယ်။
တပ်မတော် အရာရှိတွေနဲ့ ပြည့်တန်ဆာ ပတ်သက်မှုကိုလည်း အပြင်လောကမှာ အမှန်တကယ် ဖြစ်နေတဲ့ အကြောင်းအရာ၊ မှန်ကန်နေတာကိုပဲ သာမန်စကားဝိုင်းတစ်ခုမှာ ဆွေးနွေးပြောဆိုသလိုမျိုးသာ ပြောခဲ့ခြင်းဖြစ်တယ်။
တကယ်လည်း သူတို့ ကင်းနေကြတာမှ မဟုတ်တာ🥴
ကျွန်မဟာ … ဖေဖော်ဝါရီ (၁)ရက် ၂၀၂၁ ကတည်းက လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံမှာ နေထိုင်နေတဲ့ followers သိန်းချီရှိပြီးသား လူသိများတဲ့ Social Influencer တစ်ယောက်အနေနဲ့ YouTube မှာ ကိုယ်ပိုင် Channel ထောင်ပြီး
“တပ်ချုပ်နဲ့တပ်မတော်ကို တစ်ရက်မပျက် ထိုင်ဆဲနေမယ်ဆိုရင် ကျွန်မရဲ့ Bank of America account ထဲ ငွေတွေ အမြောက်အမြားဝင်ပြီး ဘာအလုပ်မှ လုပ်စရာမလိုဘဲ အခုချိန် ကျွန်မဟာ အမေရိကန်နိုင်ငံ ဟောလိးဝုဒ်ရပ်ကွက်မှာ 🏠(၇)လုံးဝယ်နေနိုင်ပါပြီ”
ကျွန်မဘက်က အပြစ်မရှိဘူးလို့ ခံယူလို့ လျောက်လဲချက်ပေးသော်ငြားလည်း တရားရုံးတော်မှ အပြစ်ရှိတယ်လို့ ယူဆလို့ ပြစ်ဒဏ်ချမှတ်မယ်ဆိုလည်း ပေးတဲ့ ပြစ်ဒဏ်ကို ခံယူဖို့ အဆင်သင့်ပါပဲ..
နိုင်ငံတော်နဲ့ တရားရုံးကို ပြောသင့်ပြောထိုက်တာ သိသင့်သိထိုက်တာ ပြောခဲ့ပြီး ထောင် (၃) နှစ် အမိန့်ကျခံလိုက်တယ် 👍
“သမီးဆိုး”


Leave a Reply