📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Feature

  • ကူရာမဲ့ ညငှက်ငယ်များ

    ကူရာမဲ့ ညငှက်ငယ်များ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။ မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။ အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်ဟစ်နေကြပါတယ်။အများစုက​တော့ အသက် ၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေဖြစ်ပါတယ်။ ပန်းစည်း‌ တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။ “စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်”လို့ မသဲနုကပြောပါတယ်။ မသဲနုဟာ…

  • ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားတဲ့ (၁၄) နှစ် သားငယ်လေးမောင်ဖိုးသားရဲ့မိခင်

    ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားတဲ့ (၁၄) နှစ် သားငယ်လေးမောင်ဖိုးသားရဲ့မိခင်

    သားလေးတစ်ယောက်တည်း ရှိတာပါ. ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားတဲ့ (၁၄) နှစ် သားငယ်လေးမောင်ဖိုးသားရဲ့မိခင်တဲ့ မိုးရေတွေကြားမှာ မျက်ရည်တွေရွှဲနစ်နေတဲ့ မိခင်တစ်ဦးရဲ့ ရင်ကွဲပက်လက် ငိုကြွေးသံက ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေပါတယ်။ တာမွေမြို့နယ်၊ ၁၅၄ လမ်းမှာ ရေကြီးရေလျှံနေတုန်း ရေမြောင်းထဲ ရေဆင်းကစားရင်း မျောပါပျောက်ဆုံးသွားခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် မောင်ဖိုးသား (ခေါ်) မောင်မင်းခန့်ကျော်ကို မိခင်ဖြစ်သူက အရူးတစ်ပိုင်း ရှာဖွေနေဆဲဖြစ်ပါတယ်။ “သားလေး တစ်ယောက်တည်း ရှိတာပါ။ ကလေးအဖေနဲ့က ကွဲသွားတာ ကြာပါပြီ” လို့ ငိုယိုရင်း ပြောပြလာတဲ့ မိခင်ဖြစ်သူရဲ့ စကားသံတွေက ဘဝရဲ့ ခါးသီးမှုတွေကို ဖော်ပြနေပါတယ်။ ငွေကြေးအခက်အခဲကြောင့် သားလေးကို ကျောင်းဆက်မထားနိုင်ခဲ့ရှာတဲ့ ဒီမိခင်ဟာ ဝမ်းရေးအတွက် အလုပ်သွားလုပ်နေချိန်မှာပဲ မထင်မှတ်ထားတဲ့ ဒီအဖြစ်ဆိုးကြီးကို ရင်ဆိုင်လိုက်ရတာပါ။ သားလေး…

  • နေ့မြင်ညပျောက် လူငယ်များနှင့် စိုးရိမ်မှုဖုံးလွှမ်းနေသည့် ရန်ကုန်ညများ

    နေ့မြင်ညပျောက် လူငယ်များနှင့် စိုးရိမ်မှုဖုံးလွှမ်းနေသည့် ရန်ကုန်ညများ

    နေ့မြင်ညပျောက် လူငယ်များနှင့် စိုးရိမ်မှုဖုံးလွှမ်းနေသည့် ရန်ကုန်ညများ ယခုသီတင်းပတ်အတွင်း ရုန်းကန်နေရသည့် ရန်ကုန်အပါအဝင် အခြားမြို့ကြီးများ၌ လူငယ်များ၏ ပျောက်ဆုံးမှု သတင်းများ ပျံ့နှံ့နေသည်။ ပျောက်ဆုံးနေသူ အများစုသည် စစ်တပ်၏ တပ်သားသစ်စုဆောင်းမှု အပတ်စဉ်များအတွက် လူရောင်းချရန် ပြန်ပေးဆွဲခံရမှုများ ဖြစ်နေတတ်သည်။ ယခုပျောက်ဆုံးမှုများတွင် စစ်မှုထမ်းအသက်အကျုံးဝင်သည့် လူငယ်များတင်မက အသက်ကျော်လွန်နေသူများလည်း ပါဝင်နေသည်။ “အသက်လေးဆယ်၊ မြောက်ဒဂုံမှာ အလုပ်ကပြန်လာတဲ့အထိ ဖုန်းရတယ်၊ ပြီးတော့ ဆက်မရတော့ဘူး၊ လိုက်ရှာတာလည်း နှံ့ခဲ့တာ နောက်တပတ်လောက်ကြာတော့မှ အဆက်အသွယ်ရတယ်။ ဖောင်ကြီး သင်တန်းကျောင်းရောက်နေပြီတဲ့” ဟု ကြုံတွေ့ခဲ့ရသည့် မိသားစုဝင်များက ပြောပြသည်။ ထိုသို့သော သတင်းများ၊ ဖမ်းဆီးခံရမှုများကြောင့် ရန်ကုန်ညသည် စောစောပြန်၊ စောစောအိမ်ထဲဝင် ဖြစ်လာသည်။ လမ်းမပေါ်၌ လူနည်းသွားသည်။ အိမ်ပြန်ရောက်ရန်သာ စိတ်စောကြသည်။ အိမ်ပြန်မရောက်သေးသည့် မိသားစုဝင်အတွက် စိတ်ပူနေကြရသည်။…

  • မသန်စွမ်းရေကူးချန်ပီယံဖြစ်ပေမယ့် ပလုံကောက်စားနေရတဲ့ ကိုအောင်ငြိမ်းဦး

    မသန်စွမ်းရေကူးချန်ပီယံဖြစ်ပေမယ့် ပလုံကောက်စားနေရတဲ့ ကိုအောင်ငြိမ်းဦး

    လက်နှစ်ဖက်မဲ့ ရေကူးချန်ပီယံ လက်နှစ်ဖက်မရှိသည့် ကိုအောင်ငြိမ်းဦးတစ်ယောက် ရေကူးကန်ထိပ်မှ သတ်မှတ်နေရာတွင် အသင့်ပြင် လိုက်ချိန်မှာတော့ အားကစားရုံတစ်ခုလုံး လက်ခုပ်သံနှင့် အော်ဟစ်အားပေးသံများ ဆူညံပွက်လော ရိုက်သွားသည်။ ရေကူးကန်ထောင့်တစ်နေရာမှာ စုေ၀းနေသော မြန်မာအသင်းနှင့် ပွဲကြည့်စင်ပေါ်မှ ပရိသတ်တို့ အားပေးသံများဖြစ်သည်။ “အောင်ငြိမ်းဦး”ဟူသည့်အမည်ကို အော်ဟစ်လျက်အားပေးနေသူများမှာ အများစုက ၀ှီးချဲပေါ်တွင်ဖြစ်ပြီး မတ်တတ်ရပ်နေသူတချို့ကတော့ ခြေလက်တစ်ခုခု မသန်စွမ်းသူများဖြစ်ကြသည်။ အသက်(၂၆)နှစ်အရွယ် ကိုအောင်ငြိမ်းဦးမှာ လက်နှစ်ဖက်လုံးမရှိ။ သို့သော် သူ့မှာ စိတ်ဓာတ်နှင့် ယုံကြည် ချက်ရှိသည်။ အခြားနိုင်ငံမှ မသန်စွမ်းသူများနှင့် ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအဖွဲ့များ အနေဖြင့် နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များစွာရှိခဲ့သော်လည်း ကိုအောင်ငြိမ်းဦးက ရေကူး အားကစားပြိုင်ပွဲကို လက်နှစ်ဖက်မရှိဘဲ ခြေထောက်ဖြင့် အားပြုကူးခတ်ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူ၍ နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့သည်။ မုံရွာသားအောင်ငြိမ်းဦးက ငယ်စဉ်ကပင် မိခင်ဖြစ်သူ…

  • ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး

    ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး

    ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး (အတွေးအမြင်ဆောင်းပါး) ရန်ကုန်၊ မန္တလေး မြို့ပေါ်တွေမှာ ‌လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ များလာချိန်၊ တဖက်မှာ စစ်မှုထမ်းဖို့ မဲနှိုက်နေကြရလို့ မိဘတွေ ငိုကြွေးသတိလစ်နေကြတဲ့ မြင်ကွင်း တက်လာပါတယ်။ တဖက်မှာကြပြန်တော့ ဆိုင်ကယ်ကြီးတွေ အုပ်လိုက် စီးကြပြီး ပျော်ပွဲတခုလို လှည့်ပတ်နေတဲ့ လူငယ်တွေ၊ ဘားတွေ ကလပ်တွေ ငွေတွေ သုံးဖြုန်းနေတဲ့ လူတန်းစားတွေ၊ ရှိုးပွဲတွေမှာ ညအထိ သာယာနေတဲ့ လူတန်းစားတွေရဲ့ မြင်ကွင်းက ရှေ့ရောက်လာပါတယ်။ ဆိုတော့ ပြောရရင် မြန်မာပြည်မှာ လူတန်းစားက နှစ်မျိုး လုံးဝ ကွဲပြားခြားနားသွားတာ တွေ့ရပါတယ်။ ဥပမာ- ရန်ကုန်မှာ ပေါ်တာဆွဲခံရတာ၊ဖမ်းဆီးခံနေရတာက အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ၊ လူမိုက်၊ ပျူစောထီးတွေ ပေါ်တာဆွဲ…