📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ထေရဝါဒဗုဒ္ဓဘာသာ ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့လုပ်ရပ်တွေ ဘယ်သူတာဝနယူမလဲ???

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်မှုကို ထိခိုက်စေပြီး သာသနာတော်ကို ညှိုးနွမ်းစေတဲ့ ဒီလိုလုပ်ရပ်တွေကို ရဟန်းတစ်ပါးအနေနဲ့ ကိုယ်တိုင်ပြုလုပ်နေတာက တကယ်ကို ရင်နာစရာကောင်းပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်စေပါတယ်။

ဝိနည်းသိက္ခာပုဒ်တွေနဲ့ ရဟန်းသံဃာ့ကျင့်ဝတ်တွေကို လုံးဝဆန့်ကျင်နေတဲ့ ဒီလိုအပြုအမူမျိုးတွေက ဘာသာရေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေရုံသာမက သက်ဝင်ယုံကြည်သူတွေရဲ့ စိတ်နှလုံးကိုပါ အလွန်တရာ ထိခိုက်စေပါတယ်။

ဒီလိုကိစ္စမျိုးတွေအပေါ် သာသနာတော် စင်ကြယ်စေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဘာသာဝင်တွေအနေနဲ့ ဝိုင်းဝန်းစောင့်ကြည့် ထိန်းသိမ်းကြဖို့ တကယ်ကို လိုအပ်လှပါတယ်။

အပ်ဝင် ပုစိန်ထွက်

ခုနောက်ပိုင်း စီးပွားရေးကျဆင်းလာလို့ မွန်းကြပ်လာကြတဲ့အခါ နတ်ကိုးကွယ်မူ့တွေကို ဇောင်းပေးလာကြပြန်တယ်၊ ရတနာသုံးပါးကို သဒ္ဓါတရားအစစ်နဲ့ ကိုးကွယ်ရင်းနဲ့ နတ်တွေ နေရာယူလာပြီးသဒ္ဓါတရားအတုတွေ ထွက်ပေါ်လာကြတာဟာလည်း သာသနာဆုတ်ယုတ်ခြင်းအကြောင်းတရားတခုပါ။

ဘုရားပန်းလှူဖို့ထက် နတ်ပွဲပေးဖို့ ကန်တော့ပွဲအတွက်က ပိုပြီးအရေးကြီးလာကြပြီ၊ ဒီထက်ဆိုးတာက နတ်ရုပ်တုတွေ ကို လက်အုပ်ချီမိုးပြီးကိုးကွယ်မူ့သဏ္ဍာန်ဟာ ​ဗုဒ္ဓဘာသာအဖြစ်က လျောကျပြီး သရဏဂုံပျက်တာတွေ သရဏဂုံ ညိုးတာတွေ ဖြစ်ကုန်ကြတယ်၊ ဒါတွေကို နတ်ကိုးကွယ်သူတွေက ဘာသာရေးအသိဥာဏ်နည်းမူ့အပေါ် အခွင့်ကောင်းယူသွားကြတာပါပဲ။

ကုန်ကုန်ပြောရ ရင် ၃၇ မင်းနတ်တွေတင်မကတော့ဘူး ဝိဇ္ဇာလိုင်းက ဝိဇ္ဇာတွေ ဘိုးတော်တွေပါ တော်တော်များများ ဘုရားစင်ပေါ်ရောက်ကုန်ကြတာ ဝမ်းနည်းစရာပါ။

စာရေးသူကိုယ်တိုင် ဝိဇ္ဇာတွေအကြောင်းသိချင်လို့ ပဋ္ဌာန်းတရားတော်မြတ်ကြီးကို သုံးနာရီထ အချိန်မှန် နေရာမှန်နဲ့ နှစ်ပေါင်းများစွာပူဇော်ခဲ့လို့ ဝိဇ္ဇာတွေနဲ့ပါတ်သတ်ခဲ့ဘူးပါတယ်။

သူတို့လိုချင်တာက သာသနာပြုလုပ်ငန်းတွေလုပ်နေဖို့ပါပဲ ၊ အဲဒီလိုလုပ်တဲ့သူတွေကို သူတို့ စောင့်ရှောက်လေ့ရှိကြတယ်၊ ကိုယ်တိုင်လည်း ကြုံဘူးပါတယ်၊ ဝိဇ္ဇာတွေဆိုတာ အလွန်အမင်းကိုးကွယ်ယုံကြည်ရမဲ့ပုဂ္ဂိုလ် ​ကြီးတွေ
မဟုတ်ပါဘူး၊ သာသနာပြုလုပ်ငန်းမိမိကလုပ်နေသမျှ သူတို့ကူညီတယ်စောင့်ရှောက်တယ် ၊ ဒီသဘောပါပဲ။

ဝိဇ္ဇာတွေကို ရှိခိုးတဲ့အခါတောင် သရဏဂုံအတွက် အန္တရယ် ရှိပါတယ်၊ အဘ ဘိုးဘိုးအောင် အဘ ဘိုးမင်းခေါင်က ငါ့ကို ဘယ်လိုကူညီစောင့်ရှောက်တာ ဒါ့ကြောင့် ငါ့ကျေးဇူးရှိတယ် အဲဒီကျေးဇူးကို ရည်မှန်းပြီးကန်တော့မှ သရဏံ ဂုံ မပျက်တာပါ၊ ကိုးကွယ်မူ့အဖြစ် ရှိခိုးရင် သရဏဂုံ ညိုးနွမ်းပါတယ်၊ ဒါဟာ ဝိဇ္ဇာလမ်းလျောက်နေသူတွေ အလွန်အမင်းသတိထားသင့်တဲ့အချက်ပါပဲ။

ကျွန်တော်လည်းပဋ္ဌာန်းပူဇော်တဲ့အခါ ဝိဇ္ဇာတွေလာကြတာ ကိုယ်တွေ့ပါပဲ တချို့နဲ့စကားပြောဖြစ်တယ်၊ ဝိဇ္ဇာတွေ လိုချင်တာသူတို့ကိုကန်တော့ခံချင်လို့အဓိကမဟုတ်ပါဘူး၊ သာသနာပြုအလုပ်တွေ လုပ်နေဖို့သာ သူတို့လိုချင်တာပါ။

ကိုးကွယ်မူ့နဲ့ ပသမူ့ ကို ဗုဒ္ဓ ဘာသာဝင်တော်တော်များများ မသဲကွဲဘူး၊ ပသလို့ရတယ် ပူဇော်လို့ ကိုးကွယ်လို့မရပါဘူး ။
နတ်ရုပ်မှန်သမျှ လက်အုပ်ချီရှိခိုးနေကြတာဟာ ဗုဒ္ဓ ဘာသာတွေအတွက် အပ်ဝင် ပုဆိတ်ထွက်ဆိုသလိုပါပဲ၊ နတ်မတာ မ မ တာက တော့မသိဘူး၊ သရဏဂုံ ပျက်ခြင်း ညိုးခြင်းဖြစ်ပြီး ဗုဒ္ဓ ဘာသာအဖြစ်က လျောကျပါတယ်။

အိမ်စောင့်နတ် ခြံစောင့်နတ် မိဆိုင်ဖဆိုင်နတ်တွေကို မိမိတို့ အတွက် လက်ဖက်စသည်နဲ့ ဒါနပြုပေးပါ အမျှပေးပါ အပ်စပ်ပါတယ်၊
ဗုဒ္ဓ ကလည်း ပသ နိုင်တဲ့အကြောင်း ဒါနပြုနိုင်တဲ့အကြောင်း သူတို့ကို အဲဒီလို လုပ်ပေးရင် ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တဲ့အကြောင်း ဟောကြားထာပါတယ်၊
သူတို့ကလည်း တကယ်စောင့်ရှောက်ကြပါတယ်။
ဒါပေမဲ့ ကိုးကွယ်ရာ အားကိုးရာအဖြစ်တော့ အလွန်အမင်းမပြုလုပ်မိကြဖို့ အထူးလိုအပ်လှပါတယ်။

ဗုဒ္ဓ ဘာသာဝင်ဆိုတာ သရဏံဂုံ တည်သူကိုခေါ်တာပါ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့ ဆိုခြင်းအားဖြင့် ဗုဒ္ဓ ဘာသာဖြစ်ခွင့်ရတာပါ၊

ဗုဒ္ဓ ဘာသာပျက်ခြင်း နှစ်မျိုးရှိပါတယ် သေရင် ပျက်တယ် ရတနာသုံးပါးမှအပ အခြားဘာသာအယူပြောင်းသူ သာသနာပြင်ပပုဂ္ဂိုလ်ကို ကိုးကွယ်သူတွေဟာ ဗုဒ္ဓ ဘာသာအဖြစ်က လျောကျပါတယ်၊ ဒါအလွန်သတိထားသင့်တဲ့အချက်ပါ။

တကယ်တော့ သာသနာဆိုတာ အဆုံးအမပါ လူတွေကသာသနာဆုတ်တယ်ပြောနေကြတာ သာသနာက မဆုတ်ပါဘူး လူတွေရဲ့သဒ္ဓါတရားက ဆုတ်ယုတ်တာပါ။

ကဿဖ ဘုရားရှင်ရဲ့သာသနာဟာ နောက်ပိုင်းဟာ မာရ်နတ်က လူတွေရဲ့ သဒ္ဓါတရားအစစ်တွေ ဖျက်ဆီးဖို့ ဝိဇ္ဇာတွေကနေတဆင့် မှိုင်းတိုက်ပြီး ဖျက်စီးပစ်လို့ သာသနာကွယ်သွားတယ်လို့ မှတ်တမ်းတွေထဲမှာ ဖတ်ဘူးပါတယ်။

ဘုရားစင်ပေါ် နတ်ရုပ်တုတွေ ဝိဇ္ဇာရုပ်တုတွေ နေရာယူလာတာဟာ လူတွေရဲ့သဒ္ဓါတရား ပျက်စီးစေပြီး သာသနာကွယ်ကြောင်းမို့ ဗုဒ္ဓ ဘာသာဝင်တွေ အတထူးဂရုစိုက်သင့်လှပါတယ်။

ဒါနပြုပေးပါ
အမျှပေးပါ
၃၇မင်းနတ်တွေကိုလက်အုပ်မချီပါနဲ့။

ဝိဇ္ဇာတွေစောင့်ရှောက်တာခံချင်ရင် သာသနာ့အလုပ်လုပ်ပါ မလွဲမသွေစောင့်ရှောက်ပါတယ်၊ ဝိဇ္ဇာတွေကို ရုပ်တုနဲ့ ဆိုရင် သီးသန့်နေရာပေးပါ၊ ပရိတ်ပဋ္ဌာန်းပူဇော်တဲ့အခါ သီးသန့်နေရာပေးပြီးဖိတ်ပါ အဘ ဘယ်သူစသဖြင့်နာမည်နဲ့အတွ ဖိတ်ပါအမျှပေးပါ။

သူတို့ ပဋ္ဌာန်းတရားနာရောက်နာယူကြပါတယ်၊
စကားပြောရပါတယ်
(ကိုယ်တွေ့ပါ)

ဘုရား
ကျောင်းဆောင်ပေါ်မတင်ပါနဲ့။

လက်အုပ်ချီခဲ့ရင်လည်း ကိုးကွယ်မူ့အဖြစ်မရှိခိုးပါနဲ့၊ ငါ့အပေါ်ကူညီခဲ့ဘူးတဲ့ပုဂ္ဂိုလ်ကြီးငါ့အပေါ်ကျေးဇူးရှိတယ်ဆိုပြီး
ကျေးဇူးတရားကို
နှလုံးသွင်းရှိခိုးပါ သရဏဂုံမပျက်ပါဘူး။

သရဏံဂုံ ပျက်စီးတာဟာ
ဗုဒ္ဓ ဘာသာဝင်တွေအတွက်
သာသနာကွယ်ကြောင်းပါ။

အပ်ဝင်ပြီး ပုစိန်ထွက်တဲ့ ဆုံးရှံးမှူ့မျိုး မဖြစ်ကြပါစေနဲ့၊

ဦးမြင့်ခိုင်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်