စစ်တပ်အတွင်းသတင်းလုံခြုံမှုများ ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်၍ အလေးအနက်ထား ထိန်းသိမ်းရန် ဒုတပ်ချုပ် ကျော်စွာလင်း ပြောဆို
အကြမ်းဖက် စစ်တပ်အတွင်းသတင်းလုံခြုံမှုများ ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်၍ အလေးအနက်ထား ထိန်းသိမ်းရန် ဒုတပ်ချုပ် ကျော်စွာလင်းက ပြောဆိုခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ ရုံးဌာနအသီးသီးမှ အရာရှိကြီးများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်အတွင်း သတင်းလုံခြုံမှု ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်မှန်သမျှကို အလေးအနက်ထား ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်သားတစ်ဦးချင်းစီအနေဖြင့် သတင်းလုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်၊ မိမိကိုယ်ကို လေးစားတန်ဖိုးထားရန်နှင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အကျိုးဆက်ကို သေချာစွာ နားလည်ပြီး စနစ်တကျ သုံးသပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကျော်စွာလင်းက ပြောဆိုခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်သားတစ်ဦးချင်းစီ၏ အရည်အချင်း မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းရမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးစွမ်းအား တောင့်တင်းရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။



Leave a Reply