ပြင်ဦးလွင်၊ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် မျိုးဆက်သစ်များ မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးသွားကြောင်း ဗိုလ်လောင်း သိန်းဟန်၏ မိတ်ဆွေများက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။ သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး စစ်တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း ဧပြီလနှောင်းပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း သေဆုံးသူ ဗိုလ်လောင်း သိန်းဟန် အစာအိမ်ကြောင့် ဝမ်းဗိုက်ခွဲစိတ်ထားသူဖြစ်ကြောင်း သိရှိရသည်။ “DSA မှာ တက်နေတာ။ စီနီယာတွေက အုပ်ချုပ်တယ်ဆိုပြီး ကြီးနိုင်ငယ်ညှင်း ဝိုင်းထိုးကြိတ်လိုက်တာမှာ သေဆုံးသွားပုံရတယ်” ဟု သိန်းဟန်၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။ […]