Category: News

  • KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်

    KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်

    KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက်

    စစ်ကောင်စီ အသုံးပြုခဲ့သော ဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တံ ဆိပ်၊ စာသားမျာ အားလုံး ဖယ်ရှားထား

    ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ် နယ် စပ် ဂိတ်ကို တရုတ်နှင့် KIA နှစ်ဖက်စလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန် ကားများ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ လွယ်ဂျယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံး အတား အဆီးများကို ဖယ်ရှားလိုက်ကြောင်း၊ လက်ရှိတွင် ကုန်ကားများ ပုံမှန်အတိုင်း စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

    KIO ၏ တရားဝင်ပြန်ကြားရေး The Kachin Net ကလည်း လွယ်ဂျယ် နယ် စပ် ဂိတ်တရားဝင်ပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

    “ကုန်ကားတွေ အဝင်အထွက် ပုံမှန် ပြန်လုပ်နေပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ဂိတ်တွင် စစ်ကောင်စီတပ်က အသုံးပြုခဲ့သော နိုင်ငံတော်အလံ၊ တံဆိပ်နှင့် ပြည်ထောင်စုသမ္မတ မြန် မာ နိုင်ငံတော် ဆိုသော စာသားများအားလုံးကို ဖယ်ရှားထားပြီး KIO တံဆိပ်နှင့် အလံကိုသာ မြင်တွေ့ရကြောင်း သိရှိရသည်။

    KIA က ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေချိန် တရုတ်နိုင်ငံက ပိတ်ပင်ထားသော နယ်စပ်ဂိတ်များအားလုံးကို ယခုဒီဇင် ဘာလ ၁၃ ရက်နေ့မှစတင်၍ တစ်ခုပြီး တစ်ခု ပြန်လည်ဖွင့်လှစ်လာနေခြင်းဖြစ်သည်။

  • ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

    ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

    ခရီးသွားလူငယ်တွေကို ဖမ်းပြီး စစ်သင်တန်းကျောင်းပို့နေတဲ့ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တ‌လေးအမြန်လမ်း မိုင်တိုင် ၃၁၉ က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် Fixed Wings Drone နဲ့ပါ ဗုံးကြဲချခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

    စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

    အဲ့ဒီ့စစ်ဆေးရေးဂိတ်မှာ မိတ္ထိလာဘက်က စစ်သားနဲ့ ရဲတွေဖြစ်ကာ ခရီးသွားကားတွေပေါ်က ကားစပယ်ယာတွေအပါအဝင် လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေကို ပို့နေတာလို့ Natogyi PDF တပ်ရင်းဗိုလ်ကြီးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလကနေ အခုလ ဒီဇင်ဘာအထိ ဖမ်းဆီးခံရတဲ့ လူငယ်ပေါင်း အယောက် ၃၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

    တိုက်ခတ်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကြာဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်စာရင်း မသိရသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ဦး ကျည်ရှပ်ထိကာ မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရခဲ့ပေမယ့် ပြန်လည်သက်သာလာနေပြီလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

  • မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကိုမိုင်းဆွဲပစ်ခတ်

    မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကိုမိုင်းဆွဲပစ်ခတ်

    မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကိုမိုင်းဆွဲပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဖမ်းမိပြီး နှစ်ဖက်သေဆုံးထိခိုက်မှုရှိ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူဂိတ်အနီးရှိ မြေနဲရွာနဲ့တံတားဖြူအကြား မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ယာ​ဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Target Force(GTF) တာဝန်ခံထံက သိရပါတယ်။

    စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေထွက်လာတဲ့ ဆီတင်ယာဉ်နဲ့ စစ်ကား ၇၅ စီးပါ ယာဉ်တန်းကို ချောင်းဦးနဲ့မုံရွာအကြားအရောက် ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေ ၄ နာရီခွဲခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ” ၅ လုံးပွိုင့် ၁ ပွိုင့်ရယ် ရှေ့ထွက်မိုင်း ၃ ပွိုင့်ရယ် မိုင်းဆွဲခဲ့တာ။ ၃ စီးမြောက် ဂျန်မာကားကနဲ့ စဆွဲလိုက်တာ။ တတိယဂျန်မာ ၁ စီးထိပြီးတော့ တွဲကားတွေပေါ်ပါတဲ့ စစ်**တွေကိုဂန်းငယ်တွေနဲ့ ဝင်ပစ်တာ။ ကားပေါ်ပါစကစအချို့က ဆင်းပြေးလာတော့ ဖမ်းမိတာ။” လို့ Golden Target Force(GTF) တာဝန်ခံ ကိုအောင်က ပြောပါတယ်။

    ပစ်ခတ်မှုမှာ ယာဉ်တန်းပေါ်ပါ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၄ ဦး စုစုပေါင်း ၅ ဦးကို အရှင်ဖမ်းမိခဲ့ကာ ၎င်းတို့ကို မုံရွာမြို့နယ် ပကဖအဖွဲ့ထံ အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲအတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ Brave Heart Army- BHA တပ်ဖွဲ့ဝင် ၁ ဦးပြင်းထန်ဒဏ်ရာရပြီး GTF အဖွဲ့ဘက်က ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    မိုင်းဆွဲပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဘက်ကလည်း ကားပေါ်ကနေ စက်လတ်တွေနဲ့ပြန်လည် ပစ်ခတ်ခဲ့ပြီး မိုင်းစထိမှန်တဲ့ တွဲကားတချို့ မိုင်းဆွဲခံရတဲ့နေရာမှာ ရပ်တန့်ထားခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် မိနစ် ၃၀ ခန့်အကြာမှာ မအူဂိတ်နဲ့မုံရွာမြို့တွင်းကနေ စစ်ကောင်စီအင်အား ၁၀၀ ကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကိုရောက်ရှိလာပြီး တွဲကားတွေကို ပြန်လည်မောင်းနှင်နိုင်ရေးလုပ်ဆောင်ပြီးနောက် ဆက်လက်ထွက်ခွာသွားကာ တိုက်ပွဲကြောင့် အချိန် ၃ နာရီနီးပါးပိတ်မိနေခဲ့တဲ့ ခရီးသွားကားတွေလည်း ပုံမှန်အတိုင်းပြန်လည်သွားလာကြတယ်လို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို Golden Target Force(GTF) GTF တပ်ဖွဲ့၊ Brave Heart Army- BHA အဖွဲ့အပြင် အခြား ဒေသတွင်းပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာပါ။

    ဒီဇင်ဘာ ၉ ရက်ကလည်း မအူစစ်ဆေးရေးဂိတ်နဲ့ မြေနဲကျေးရွာကြား မုံရွာ-ချောင်းဦးကားလမ်းပေါ် တန်ပိုဂိတ်ဟောင်းအနီးမှာ စစ်ကားတန်းမိုင်းဆွဲခံရလို့ ၃ ဦးဒဏ်ရာရခဲ့သေးကာ စစ်ကောင်စီအဖွဲ့ကပြန်လည်ပစ်ခတ်တဲ့ ကျည်ထိမှန်ပြီး ဆိုင်ကယ်မောင်း အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ပုံစာ – စစ်ကောင်စီ ယာဉ်တန်းအား တွေ့ရစဉ်။ (ပုံဟောင်း)

  • ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိ

    ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိ

    စစ်ကောင်စီ၏ ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိပြီး KNU ထံ လွှဲပြောင်းပေးအပ်

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခမရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သတင်းပေး ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၉ ရက်နေ့ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် အိမ်စီးကားဖြင့် တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ် သတင်းပေး ပြည့်ဖြိုးအောင်တို့ကို Fire Dragon PDF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးရမိသေ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ် သတင်းပေး ပြည့်ဖြိုးအောင်တို့သည် ပြည်သူများကို ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်နွယ်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရှိရသည်။

    ယင်း ဖမ်းဆီးရမိသူ ၂ ဦးထံမှ လက်နက်များ သိမ်းဆည်းရရှိခြင်းမရှိဘဲ လက်ရှိချိန်တွင် KNU ထံ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ဖမ်းမိတဲ့ သုံ့ပန်း ၂ ကောင်ကို KNU ထံ အပ်နှံလိုက်ပါတယ်။ လက်နက်တွေ မရပါဘူး။ အထူးတပ်သားတွေက မဒေါက်-ညောင်လေးပင်လမ်းပိုင်းမှာ တပ်ဆွဲတာပါ။ စစ်ခွေး ဗိုလ်ကြီးက ခမရ ၅၇ တပ်ရင်းက ကျန်တဲ့ တစ်ကောင်က သတင်းပေး ဒလန်ပါ” ဟု Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အလင်းဝင်လိုတဲ့ စစ်သားနဲ့ အလင်းမဝင်တဲ့စစ်သားအချင်းချင်းကြားလည်းပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိ

    ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နပခ အတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အစာငတ်ပြတ်နေလို့ အသုတ်လိုက်အလင်းဝင်မှုရှိကာ အလင်းဝင်လို တဲ့စစ်သားတွေနဲ့ အလင်းမဝင်ချင်တဲ့ စစ်သားတွေအချင်းချင်းကြားလည်း ပစ်ခတ်မှုဖြစ်လို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။

    အခုရက်ပိုင်းအတွင်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ လက်နက်ချအညံ့မခံဘဲ ပြန်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲထဲက ထွက်ပြေးနေကြတဲ့ စစ်သားတွေဟာ ရိက္ခာတွေပြတ်လပ်နေလာနေတဲ့အတွက် အလံဖြူထောင် လက်နက်ချသူရှိသလို အာရက္ခ တပ်တော် – AA ကို တိုက်ခိုက်နေတဲ့ စစ်သားတွေလည်း ရှိနေသေးတာပါ။

    အာရက္ခတပ်တော် အနေနဲ့လည်း နပခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင် စီ တပ်သားတွေကို လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

    “တပ်ထဲမှာ ရိက္ခတွေပြတ်နေတော့ ထွက်ပြေးကြတဲ့ စစ်သားတွေလည်းရှိတယ်၊ ခံတိုက်နေတဲ့ စစ် သားတွေလည်းရှိတယ်၊ တပ်တော်အနေနဲ့က ထွက်ပြေးနေတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီးနေ ရသလို တပ်ထဲမှာ ခံတိုက်နေတဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်နေရတာရှိတယ်၊ တစ်ချို့စစ်သား တွေက အလံဖြူထောင်လက်နက်ချအလင်းဝင်တာ၊ ဆယ်ယောက်တစ်သုတ်စီလက်နက်ချအလင်း ဝင်နေတာလည်းရှိတယ်၊ တပ်က ဖရိုဖရဲအတော်ဖြစ်နေတာပါ” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အမ်းမြို့နပခတပ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အရာရှိကြီးပိုင်းများမှာ ထွက်ပြေးသွားပြီ ဖြစ်ပြီး အောက်ခြေတပ်သားများမှာ အငတ်ငတ်အပြတ်ပြတ်နှင့် ဖရိုဖရဲဖြစ်နေကြောင်း၊ လက်နက်ချ လိုသူများနှင့်လက်နက်မချလိုသူများအကြားလည်း ပစ်ခတ်မှုရှိပြီး ထိခိုက်သေဆုံးသော စစ်သားများ လည်းရှိကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အမ်းမြို့တစ်ခုလုံးကို အာရက္ခတပ်တော် -AA က အလုံးသိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ တပ်ရင်းကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ ဗဟိုကင်းအထိ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ အာရက္ခတပ်တော် – AA အနေနဲ့ အလုံးစုံ သိမ်းပိုက်ရရှိပြီဟု သိရှိရသော်လည်း တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပေ။