စစ်ကောင်စီ၏ ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိပြီး KNU ထံ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခမရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သတင်းပေး ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် အိမ်စီးကားဖြင့် တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ် သတင်းပေး ပြည့်ဖြိုးအောင်တို့ကို Fire Dragon PDF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသေ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ် သတင်းပေး ပြည့်ဖြိုးအောင်တို့သည် ပြည်သူများကို ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်နွယ်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရှိရသည်။

ယင်း ဖမ်းဆီးရမိသူ ၂ ဦးထံမှ လက်နက်များ သိမ်းဆည်းရရှိခြင်းမရှိဘဲ လက်ရှိချိန်တွင် KNU ထံ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတဲ့ သုံ့ပန်း ၂ ကောင်ကို KNU ထံ အပ်နှံလိုက်ပါတယ်။ လက်နက်တွေ မရပါဘူး။ အထူးတပ်သားတွေက မဒေါက်-ညောင်လေးပင်လမ်းပိုင်းမှာ တပ်ဆွဲတာပါ။ စစ်ခွေး ဗိုလ်ကြီးက ခမရ ၅၇ တပ်ရင်းက ကျန်တဲ့ တစ်ကောင်က သတင်းပေး ဒလန်ပါ” ဟု Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *