Category: News


  • အလင်းဝင်လာသော PDF ၃ ဦးမှ တပ်ရင်းမှူးမိန်းမကို ခိုးပြေး

    ယနေ့ည ၉နာရီအချိန်ခန့်တွင် ပီဒီအက် ၃ ဦးမှ တပ်ရင်းမှူး မိန်းမကို ခေါ်ဆောင်သွားသောကြောင့် အပူတပြင်းလိုက်လံရှာဖွေနေ။ တွေ့ရှိက သတင်းပေးပို့ကြပါရန်။ ခမရ ( ၁၁၃) တပ်ရင်းမှုး မိန်းမကို PDF တွေ ခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေ၍ မိတ္ထလာမြို့တဝိုက်ရှိတပ်များအား အရေးပေါ် အကြောင်းကြားထားရသည်။ အဆိုပါ ပီဒီအက် ၃ဦးသည် မကြာသေးမီရက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ ထံ အလင်းဝင်လာ ခဲ့သူများဖြစ်သည်။ သပိတ်ကျင်းရှိ ၎င်းတို့နေအိမ်များသည်တပ်မတော် မီးရှို့ခဲ့တဲ့အထဲ ပါသွားခဲ့သောကြောင့် ပြန်စရာအိမ်မရှိဖြစ်ရာမှ ခမရ-၁၁၃ တပ်ရင်းမှူးက အိမ်တွင် ခေါ်ထားခဲ့ခြင်းဖြစ်သည်။ တပ်ရင်းမှုးနေအိမ်တွင် ပီဒက်အက် ၃ ဦးနေထိုင်ရင်း ရက်အနည်းငယ်အကြာ၌ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတင်းပေးပို့သူကို ဆုငွေကျပ် ၂ သိန်းချီးမြှင့်မည်။

  • ဒေါ်ကြည်ပြာအမှု ဖြေရှင်းချက်အပေါ် လက်မခံဟုဆိုကာ NUG တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်း

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ဒေါ်ကြည်ပြာအမှုအပေါ် စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NUG ခေါင်းစဉ်အောက်မှ ဆောက်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာသည်။ ၎င်းအဖွဲ့သည် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသား၊သူ များအတွက် ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၂၃ ခုနစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးကာလ၊ အဆင်မြင့်ပညာကဏ္ဍ ပထမအကြိမ် ညီလာခံမှ ပေါ်ထွက်လာသည့် အဖွဲ့ဖြစ်သည်။ ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို NUG ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ…