“လျှာပေါ်မြက်ပေါက်နေပါစေ အာဏာရှင်နှင့်ပူးပေါင်းပြီး လူထုကို သစ္စာမဖောက်”ဟု ဆရာ သရဝဏ်(ပြည်)ဆို ရဟန်းတစ်ပါး ဖြစ်သည့် ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့၏ စာရေးဆရာများ တိုင်းပြည်ဖျက်နေသည်ဟု အပုတ်ချခြင်းအပေါ် သရဝဏ်(ပြည်) က စာရေးဆရာများသည် လျှာပေါ်မြက်ပေါက် နေစေကာမူ အာဏာရှင်နှင့် ပူးပေါင်းပြီး တိုင်းပြည်အပေါ် သစ္စာမဖောက်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။ နာမည်ကျော် စာရေးဆရာ သရဝဏ်(ပြည်) ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ယင်းသို့ တုံ့ပြန်ထားခြင်း ဖြစ်သည်။ “ဘောမစာရေးဆရာ စုန်းပြူးတစ်ယောက်တစ်လေကလွဲလို့ သမိုင်းအဆက်ဆက် စာရေးဆရာများဟာ လျှာပေါ်မြက်ပေါက်ပါစေ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူ လူထုကိုသစ္စာမဖောက်ခဲ့ဖူးပါ။ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူလူထုဂုတ်ကိုခွစီးသူတွေဟာ ဦးမိုးကျော်တို့လိုခရိုနီတွေနဲ့ ဟိတဓရဆရာတော်တို့လို ဘောမ ဘုန်းကြီး အချို့သာဖြစ်ပါတယ်။” ဟု သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။ ထို့ပြင် […]