ဗြိတိန်တွင် အမြွှာညီအစ်မနှစ်ဦးမှာ ၎င်းတို့၏ ဖခင်များက တဦးစီ ဖြစ်နေကြောင်းကို ဆယ်စုနှစ်များစွာ ကြာပြီးနောက် DNA စစ်ဆေးကြည့်သည့်အခါမှ သိရှိခဲ့ကြသည်။ လက်ရှိတွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သော မီရှဲလ်နှင့် လာဗင်းနီးယား အော့စ်ဘုန်းတို့သည် ၁၉၇၆ ခုနှစ်တွင် မိနစ်အနည်းငယ်သာ ခြား၍ မွေးဖွားခဲ့ကြသည့် အမြွှာညီအစ်မများ ဖြစ်ကြသည်။ ယူနိုက်တက်ကင်းဒမ်းတွင် အတူတကွ ကြီးပြင်းခဲ့ကြသည့် ၎င်းတို့ အမြွှာညီအစ်မသည် မွေးဖွားချိန်က မိခင်ဖြစ်သူမှာ အသက် ၁၉ နှစ်သာ ရှိသေးပြီး ဖခင်ဖြစ်သူမှာ ရှိမနေခဲ့ပေ။ အမြွှာညီအစ်မ နှစ်ဦး အသက် ငါးနှစ်အရောက်တွင် ၎င်းတို့၏ မိခင်ရင်းချာက တက္ကသိုလ်တက်ရန် သူတို့ ညီအစ်မ နှစ်ဦးကို သူငယ်ချင်းတဦး၏ မိခင်ထံတွင် ထားရစ်ခဲ့သည်။ သူတို့၏ ဖခင်က ‘ဂျိမ်းစ်’ […]