အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် ခရီးသည်တင်သင်္ဘောတစင်းပေါ်တွင် လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံးတဦးမှာ ကြွက်များမှတဆင့် လူသို့ကူးစက်တတ်သော ရှားပါးရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။ လက်ရှိတွင် ကျန်းမာရေးတာဝန်ရှိသူများသည် အာဂျင်တီးနားနိုင်ငံ အူရွှာအာမြို့မှ ကိပ်ဗာဒီသို့ ခရီးနှင်နေသည့် MV Hondius သင်္ဘောပေါ်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြသည်။ ကူးစက်ခံရသူ တဦးကို အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ငါးဦးခန့်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ “ရောဂါဖြစ်ပွားသူ ခြောက်ဦးထဲမှာ သုံးဦး သေဆုံးသွားခဲ့ပြီး တဦးကတော့ လက်ရှိ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်” ဟု […]