Category: News

  • ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိ

    ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိ

    စစ်ကောင်စီ၏ ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိပြီး KNU ထံ လွှဲပြောင်းပေးအပ်

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခမရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သတင်းပေး ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၉ ရက်နေ့ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် အိမ်စီးကားဖြင့် တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ် သတင်းပေး ပြည့်ဖြိုးအောင်တို့ကို Fire Dragon PDF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးရမိသေ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ် သတင်းပေး ပြည့်ဖြိုးအောင်တို့သည် ပြည်သူများကို ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်နွယ်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရှိရသည်။

    ယင်း ဖမ်းဆီးရမိသူ ၂ ဦးထံမှ လက်နက်များ သိမ်းဆည်းရရှိခြင်းမရှိဘဲ လက်ရှိချိန်တွင် KNU ထံ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ဖမ်းမိတဲ့ သုံ့ပန်း ၂ ကောင်ကို KNU ထံ အပ်နှံလိုက်ပါတယ်။ လက်နက်တွေ မရပါဘူး။ အထူးတပ်သားတွေက မဒေါက်-ညောင်လေးပင်လမ်းပိုင်းမှာ တပ်ဆွဲတာပါ။ စစ်ခွေး ဗိုလ်ကြီးက ခမရ ၅၇ တပ်ရင်းက ကျန်တဲ့ တစ်ကောင်က သတင်းပေး ဒလန်ပါ” ဟု Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အလင်းဝင်လိုတဲ့ စစ်သားနဲ့ အလင်းမဝင်တဲ့စစ်သားအချင်းချင်းကြားလည်းပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိ

    ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နပခ အတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အစာငတ်ပြတ်နေလို့ အသုတ်လိုက်အလင်းဝင်မှုရှိကာ အလင်းဝင်လို တဲ့စစ်သားတွေနဲ့ အလင်းမဝင်ချင်တဲ့ စစ်သားတွေအချင်းချင်းကြားလည်း ပစ်ခတ်မှုဖြစ်လို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။

    အခုရက်ပိုင်းအတွင်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ လက်နက်ချအညံ့မခံဘဲ ပြန်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲထဲက ထွက်ပြေးနေကြတဲ့ စစ်သားတွေဟာ ရိက္ခာတွေပြတ်လပ်နေလာနေတဲ့အတွက် အလံဖြူထောင် လက်နက်ချသူရှိသလို အာရက္ခ တပ်တော် – AA ကို တိုက်ခိုက်နေတဲ့ စစ်သားတွေလည်း ရှိနေသေးတာပါ။

    အာရက္ခတပ်တော် အနေနဲ့လည်း နပခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင် စီ တပ်သားတွေကို လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

    “တပ်ထဲမှာ ရိက္ခတွေပြတ်နေတော့ ထွက်ပြေးကြတဲ့ စစ်သားတွေလည်းရှိတယ်၊ ခံတိုက်နေတဲ့ စစ် သားတွေလည်းရှိတယ်၊ တပ်တော်အနေနဲ့က ထွက်ပြေးနေတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီးနေ ရသလို တပ်ထဲမှာ ခံတိုက်နေတဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်နေရတာရှိတယ်၊ တစ်ချို့စစ်သား တွေက အလံဖြူထောင်လက်နက်ချအလင်းဝင်တာ၊ ဆယ်ယောက်တစ်သုတ်စီလက်နက်ချအလင်း ဝင်နေတာလည်းရှိတယ်၊ တပ်က ဖရိုဖရဲအတော်ဖြစ်နေတာပါ” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အမ်းမြို့နပခတပ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အရာရှိကြီးပိုင်းများမှာ ထွက်ပြေးသွားပြီ ဖြစ်ပြီး အောက်ခြေတပ်သားများမှာ အငတ်ငတ်အပြတ်ပြတ်နှင့် ဖရိုဖရဲဖြစ်နေကြောင်း၊ လက်နက်ချ လိုသူများနှင့်လက်နက်မချလိုသူများအကြားလည်း ပစ်ခတ်မှုရှိပြီး ထိခိုက်သေဆုံးသော စစ်သားများ လည်းရှိကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အမ်းမြို့တစ်ခုလုံးကို အာရက္ခတပ်တော် -AA က အလုံးသိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ တပ်ရင်းကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ ဗဟိုကင်းအထိ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ အာရက္ခတပ်တော် – AA အနေနဲ့ အလုံးစုံ သိမ်းပိုက်ရရှိပြီဟု သိရှိရသော်လည်း တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပေ။

  • ဗိုလ်မှူးအဆင့် အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော

    ဗိုလ်မှူးအဆင့် အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော

    နိုဝင်ဘာလတစ်လအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၃ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်ထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်ခိုလှုံလာသူတွေဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

    အဲဒီအထဲမှာ လက်နက်နဲ့တကွ ခိုလှုံလာသူ နှစ်ဆယ်ပါဝင်တာကြောင့် လက်နက်တန်ဖိုးအလိုက် ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ NUG က ပြောပါတယ်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်းမှာတော့ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် CDM ဝင်လာသူ စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာန ဝန်ထမ်း၊ စုစုပေါင်း ၄၇၉ ဦး ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

    CDM ဝင်လာသူတွေကို ကူညီပံ့ပိုးတာတွေ လုပ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုပါတယ်။

    စစ်တပ်အာဏာသိမ်းကာလအတွင်း CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် ရှိလာပြီလို့ NUG က ထုတ်ပြန်ထားပါတယ်။

    ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဗိုလ်မှူးနှစ်ဦး အပါအဝင် စစ်သည် ခြောက်ဆယ်ကျော် CDM ဝင်လာကြောင်း NUG က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ထားစဥ်။

  • ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ထိုးစစ်စတင်

    ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ထိုးစစ်စတင်

    စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းခံရ

    ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီဇင်ဘာ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အတည်ပြုသည်။

    ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်း မြစ်တစ်ဦးက အသိပေးထားသည်။

    အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။

    “ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြောသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ ခေါင်လန်ဖူးတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    KIAနှင့် မဟာမိတ်တပ်များသည် ဒီဇင်ဘာ ၄ ရက်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်များကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ပတ်နီးပါး ကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွား​နေဆဲ​ဖြစ်သည်။

    ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာ အများစုကို KIA မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် ခုခံလျက်ရှိသည်။တိုက်ပွဲကြောင့် မြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြရသည်။

    ဒီဇင်ဘာ ၁၅ရက်နေ့ တွင် စစ်ကောင်စီက မံစီနှင့် ဗန်းမော်သို့ လေကြောင်းအသုံးပြု ရိက္ခာ၊လက်နက်ခဲယမ်းထုပ်များ ဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးသည်။

    ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သကဲ့သို့ KIA ဘက်ကလည်း လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

    ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)နှင့် ခလရ(၄၇) တပ်ရင်းအနီးဝန်းကျင်တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ကချင်ပြည်နယ်တွင်အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းပိုက်ရန် ထိုးစစ်
    ဆင်​နေခြင်းဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် မဘိမ်းမြို့နှင့် နမ့်ဖက်ကာ​ဒေသကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားသည်။

    (၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့် ပူတာအို PDF (K-PDF) ၊ ခါကာဘို People Force(KPF) ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ် ဓါတ်ပုံ- K-PDF)

  • တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    မြန်မာစစ်တပ်မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ် ၈ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ဖြည့်တင်းထားကြောင်း သိရသည်။

    မြန်မာစစ်တပ် ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များမှာ Mi17 ရဟတ်ယာဉ် ၃ စီး၊ FTC2000G တိုက်လေယာဉ် ၃ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး စုစုပေါင်း ၈ စီးဖြစ်သည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာစစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆုံးရှုံးသွားသည့် လေယာဉ်များကို ဖြည့်ထားခြင်းဖြစ်သည်။

    FTC2000G တိုက်လေယာဉ် ၃ စီး၏ လေယာဉ်အမှတ်မှာ 1413, 1411, 1407 တို့ဖြစ်ပြီး K-8W တိုက်လေယာဉ်အမှတ်မှာ 3941 ဖြစ်ကြောင်းနှင့် Y-8 ထောက်ပို့လေယာဉ်အမှတ်မှာ 5922 တို့ဖြစ်သည်။

    အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်မှာ ဆုံးရှုံးသွားသော လေယာဉ် ၈ စီးထဲတွင် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၍ ပျက်စီးမှုပါဝင်သလို ပြေးလမ်းချော်မှုကြောင့်လည်း ပါဝင်သည်။

    ရခိုင်ပြည်တိုက်ပွဲအတွင်း ၂၀၂၄ ဖေဖော်ဝါရီလမှာ အာရက္ခတပ်တော် AA ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်မှာ Mi17 ရဟတ်ယာဉ်တစ်စီး ပျက်စီးသွားသည်။

    ၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့မှာလည်း မြစ်ကြီးနားလေတပ်က တက်လာသော မြန်မာစစ်တပ်၏ Mi17 ရဟတ်ယာဉ် ၁ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချခဲ့သည်။

    ၂၀၂၄ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်ပွဲသို့ ဗုံးလာကြဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC2000G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့ဖျက်စီးခဲ့သည်။

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်သားများကို မြန်မာနိုင်ငံပြန်ခေါ်ရန်သွားသည့် စစ်ကောင်စီ၏ Y-8 လေယာဉ်မှာ မီဇိုရိမ်ပြည်နယ်၏ လေဆိပ်တွင် ပြေးလမ်းချော်ပျက်စီးသွားသည်။

    ထို့ပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီ ၏ Eurocopter 365 ရဟတ်ယာဉ်တစ်စီးကို ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့သဖြင့် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ မိုးမောက်မြို့သစ်နှင့် ကုန်းလောအကြား စစ်ကောင်စီ ၏ Mi35 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်‌ မတော် KIA က ပစ်ချခဲ့သည်။

    ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ကရင်နီ ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီး စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ချခဲ့သည်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ကရင်နီဒေသတွင် စစ်ကောင်စီ၏ K8 တိုက် လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချခဲ့ကြောင်း သိရသည်။

    ပုံစာ – တိုက်ပွဲအတွင်း ဆုံးရှုံးသွားသော စစ်ရေးသုံးလေယာဉ်များကို ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များအား စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုနေစဉ်။ (ဓါတ်ပုံ – cincds)