Category: News

  • တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

    တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

    ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး(ရုပ်/သံ)

    မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦးလိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သီတာလမ်းနှင့် မြို့ရှောင်လမ်းအနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ကားမှာ အရှိန်လွန်ပြီး စစ်တပ်ဂိတ်အနီး ထိုးရပ်သွားကြောင့် ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    “ပခုက္ကူမြို့ပေါ်ထိ တက်ပစ်ခဲ့တာပါ။ လက်နက်တွေတော့ မရခဲ့ဘူး။ ကားကအရှိန်လွန်ပြီး ခွေးဂိတ်နား သွားရပ်လို့ ဂိတ်နားလေးမှာပဲ အနီးကပ် ပစ်တာဆိုတော့ သွားမကောက်ခဲ့ရဘူး။ ကားပေါ်ပါလာတဲ့ အကြမ်းဖက် စစ်ခွေး ၄ ကောင်သေတယ်။ ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် အိမ်စီးကားကို ကရိန်းကားဖြင့် လာရောက်ဆွဲယူသွားပြီး စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ (၄) နှင့် Shwe Nyar Myae PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • အမောင်းသင်အတွက်သာအသုံးပြုနိုင်သည့် လေယာဉ် ၂ စင်းကို ၎င်း၏ စစ်သည်များ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည်ဟုဆိုကာ တပ်တော်ဝင် ထုတ်ကြွား

    အမောင်းသင်အတွက်သာအသုံးပြုနိုင်သည့် လေယာဉ် ၂ စင်းကို ၎င်း၏ စစ်သည်များ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည်ဟုဆိုကာ တပ်တော်ဝင် ထုတ်ကြွား

    စစ်ခေါင်းဆောင်က အမောင်းသင်အတွက်သာအသုံးပြုနိုင်သည့် လေယာဉ် ၂ စင်းကို ၎င်း၏ စစ်သည်များ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည်ဟုဆိုကာ တပ်တော်ဝင် ထုတ်ကြွား

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၇)နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့တွင် တရုတ်ပညာရှင်များဖြင့် ထုတ်လုပ်ထားသော အမောင်းသင်အတွက်သာ အသုံးပြုနိုင်သည့် လေယာဉ် နှစ်စင်းကို ဂုဏ်ယူစွာဖြင့် ထုတ်ကြွားပြသခဲ့ကြောင်း CDM အရာရှိများထံက သိရသည်။

    မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)တွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သော အဆိုပါလေတပ်နှစ်ပတ်လည်နေ့တွင် စစ်ရေးအသုံးပြုတိုက်ခိုက် လေယာဉ်များကို ချန်လှပ်၍ MTX-1A နှင့် MTX-1B တို့ကို စစ်ခေါင်းဆောင်က ဂုဏ်ယူ ပြောဆိုခဲ့ကြောင်း သိရသည်။

    “အခုလေယာဉ်တွေကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြု ပျံသန်းပြီး တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်သွားဖို့၊ စွမ်းရည်မြင့်မားတဲ့ ခေတ်မီတပ်မတော် (လေ)အဖြစ် အစဉ်ရပ်တည်နိုင်ဖို့ ကြိုးစား အားထုတ် တည်ဆောက်သွားဖို့ တိုက်တွန်းမှာကြားလိုတယ်” ဟု စစ်ခေါင်ဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုလေယာဉ်များသည် တပ်မတော် (လေ)မှ အရာရှိ၊ စစ်သည်များကိုယ်တိုင် စမ်းသပ်တီထွင် ထုတ်လုပ် ထားသော ကင်းထောက် လေယာဉ် အမျိုးအစားဖြစ်ပြီး Reverse Engineering နည်းလမ်းဖြင့် ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများရရန် ရည်ရွယ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    “အဲဒါက အမောင်းသင်အတွက်ပဲ အဓိကအသုံးပြုနိုင်မယ်။ မျက်မြင်ကင်းထောက်ရုံလောက်ပဲရနိုင်မယ်။ သူ့မှာကင်းထောက် တဲ့ပစ္စည်း ဘာမှမတပ်ထားဘူး။ သူတို့က လေယာဉ်တွေ ထုတ်လုပ်နိုင်တယ် ဆိုပြီးတော့ ကြွားတာပေါ့” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ပြောသည်။

    အဆိုပါ MTX-1A နှင့် MTX-1B ကို တရုတ်ပညာရှင်များဖြင့် တပ်မတော်အကြီးစားစက်ရုံ (တကစ)၊ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် (မိတ္ထီလာ) နှစ်ခုပေါင်း၍ ထုတ်လုပ်တပ်ဆင်ခြင်းဖြစ်ပြီး အင်ဂျင်အပါအဝင် အချို့အရာများကို ပြည်ပမှ ဝယ်ယူရကြောင်း CDM အရာရှိများထံက သိရသည်။

    “လေတပ်က ရှင်းရှင်းပြောရရင် လေယာဉ်တစ်စီးလုံးကို ထုတ်ဖို့ဆိုတာ ဖြစ်နိုင်‌ခြေ အရမ်းနည်းပါတယ်။ ဒီလေယာဉ်က အမောင်းသင်တွေ၊ ယခင် PT 6 နဲ့ PC 9 လေယာဉ်ပုံစံတွေပါ။ MTX-1A က PT 6 ပုံစံဖြစ်ပြီး MTX-1B က PC 9 ပုံစံဖြစ်နေတာ တွေ့ရတယ်” ဟု လေတပ် CDM ဒုအရာခံဗိုလ်တစ်ဦးကပြောသည်။

    စစ်ကောင်စီသည် MTX-1A လေယာဉ်အား Cockpit Flight Display System ၊ Communication & Navigation System တို့ကို Design ထုတ်လုပ်၍ System Integration ပြုလုပ်တပ်ဆင်ကာ ၂၀၂၁ ခု နှစ် မတ် ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

    ထို MTX-1A လေယာဉ်ထုတ်လုပ်မှု အတွေ့အကြုံများကို အခြေခံ၍ MTX-1B လေယာဉ်အား Cockpit Display များ၊ ဆက်သွယ်ရေးစနစ်များနှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများဖြင့် ထပ်မံ ဆန်းသစ်တီထွင်ထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်တွင် MTX-1B ကို အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။

  • နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ခွေးးးသေ-ဝက်-သေ သေ-ဆုံး

    နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ခွေးးးသေ-ဝက်-သေ သေ-ဆုံး

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်ရန် အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်း ခွေးးပြေးးဝက်-ပြေး ထွက်‌‌ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းဟာ သေ-ဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

    ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးဆောင်တဲ့ စ-စ်ရှုံးးးကောင်စီ တပ်ဖွဲ့ဟာ နပခ အနီးက တောထဲမှာ အာရက္ခတပ်တော် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ် ခွေးးးသေ-ဝက်-သေ သေ–ဆုံးခြင်းဖြစ်ကြောင်း ကနဦး သိရှိရပါတယ်။

    နပခ ယာယီ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကို AA က အသေဖမ်းမိ

    နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နဲ့ အင်အား ၂၀ ကျော် အ‌ေ-သဖမ်းမိ

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်းက ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချူပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နဲ့ အဖွဲ့ ဟာ အမ်းမြို့အနီးက တောင်တန်းတွေ မှာ အာရက္ခတပ်တော် AA နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ တစ်ဖွဲ့လုံး ကျဆုံးသွားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

    စစ်ကောင်စီ ရဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနဲ့ အဖွဲ့ဟာ နပခ ဌာနချုပ်ထဲက ထွက်ပြေးသွားတာ တစ်ပတ်ကျော်ကြာမြင့်ပြီးဖြစ်ပြီး ထွက်ပြေးသွားပြီး နှစ်ရက်အကြာမှာ ရိုးမ အနီးက တိုက်ပွဲမှာ အ‌ေ သဖမ်းဆီးခဲ့မိ တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ဒီဇင်ဘာ ပထမအပတ်မှာ သူတို့ကရိုးဘက် ကိုပြေးကြတယ်။ အဝေးကြီးမရောက်ဘူး အမ်းမြို့အနီးက တောစပ်မှာ တိုက်ပွဲဖြစ်တယ်။
    အဲဒီတိုက်ပွဲထဲကျသွားတာပါ ၊ သူတို့ တစ်ဖွဲ့လုံး လူနှစ်ဆယ် ကျပါတယ်”လို့ စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ်။

    အခုလက်ရှိမှာ အမ်းမြို့အနီးဝန်းကျင်က တောစပ်တောင်စပ်တွေမှာ စစ်ကောင်စီရဲ့ ထွက်ပြေးတဲ့ တပ်သားတွေနဲ့ ကင်းပုန်းတွေကို လိုက်လံဖမ်းဆီးနေတဲ့ အတွက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

    စစ်ကောင်စီဟာ အမ်းနပခ ဌာနချုပ်တိုက်ပွဲ အတွင်းမှာ လေကြောင်းနဲ့ ဒရုန်းကို အဓိက အသုံးပြုတိုက်ခိုက်နေပြီး ဌာနချုပ်ရဲ့ အဝေးက နေ ပြန်လည် ခုခံနိုင်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

    “နပခဌာနချုပ်ထဲမှာလက်ကျန်တပ်ဖွဲ့တွေ ရှိနေတယ်။ သူတို့လည်းလက်နက်မချဘူးခုခံနေတယ်။ အစာရေစာက လည်းလေကြောင်းကနေချလို့မရတော့ဘူး။ ပြီးတော့ လက်နက်ချသူတွေ နေ့တိုင်းရှိနေတယ်။” လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

    အဲ့ဒီနပခ ဌာနချုပ်ထဲမှာ ဗိုလ်ချုပ် အဆင့်ရှိသူတွေ ကျန်ရှိနေသေးပြီး အဲ့ဒီတပ်သားတွေကို ကယ်ထုတ်ဖို့ စစ်ကောင်စီ ဘက်က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၁၅ ရက်က စစ်ကူလာတဲ့ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်က ကြားဖြတ်ချေမှုန်းပြီး လက်နက်တွေကို သိမ်းယူခဲ့ပါသေးတယ်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး ဟာ အောက်တိုဘာလ ကတည်းက တိုင်းစစ်ဌာနချုပ်ကို ထားပြီး ကျောက်ဖြူမြို့ကိုထွက်ပေးပြီးဖြစ်ပါတယ်။

    အလားတူပဲ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည်လည်း မကွေး မြို့ က တပ်မ ၈၈ ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ အဲ့ဒီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယာယီ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း က ကွက်ကဲနေရာက ထွက်ပြေးသွားပြီး AA က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

  • ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်

    ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်

    မြိုင်၊ ကန်နီပျူစောထီးရွာကို လေယာဉ်ဖြင့် လာပို့သည့် ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လေယာဉ်ဖြင့် လာပို့သည့် ရိက္ခာများကို ထွက်ကောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် ကန်နီပျူစောထီးရွာကို ရိက္ခာထုတ်များ လာရောက်ပို့ဆောင်ခဲ့ပြီး ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရော့ကတ်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ကန်နီရွာရှိ စစ်ကောင်စီ တပ်သားများသည် ရိက္ခာများ ပြတ်လပ်နေပြီး တော်လှန်ရေး တပ်ဖွဲ့များ ဝန်းရံ ပိတ်ဆို့ထားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ကျေးရွာအတွင်း ကျန်ရှိသော စစ်ကောင်စီ တပ်သားများ အနေဖြင့် အမြန်ဆုံး လက်နက်ချ အလင်းဝင်ရန် တော်လှန်ရေး တပ်ဖွဲ့များက ဖိတ်ခေါ်ထားသည်။

    “မနေ့က တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ အတွက် ရိက္ခာလာပို့တာကို ထွက်ကောက်တဲ့ အချိန် ဒရုန်း၊ ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ နမခ ကနေ Mi-35 နဲ့ ရိက္ခာတွေလာပို့တာ အဲလိုလာပို့တော့ ကန်နီက ခွေးတွေက ထွက်ကောက်တဲ့ အချိန် တိုက်ခိုက်ခဲ့တာပေါ့။ ခွေး ၂ ကောင်ထိတယ်။ ၁ ကောင်က ဒရုန်းထိတာ ၁ ကောင်က ရော့ကတ်ထိပြီး သေတာ” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ ၊ ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီး တပ်ဖွဲ့နှင့် ပခုက္ကူခရိုင် တပ်ရင်း ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • တောင်ကုတ် စကခ ကျသွားပြီဖြစ်၍ ပြည်ဒကစအတွင်း ပွက်လောရိုက်နေပြီး ယတြာချေရန်ပြင်ဆင်

    တောင်ကုတ် စကခ ကျသွားပြီဖြစ်၍ ပြည်ဒကစအတွင်း ပွက်လောရိုက်နေပြီး ယတြာချေရန်ပြင်ဆင်

    ပြည်ဒကစအတွင်း စစ်ရေးပြင်ဆင်မှုနှင့် ယတြာချေရန် ပွက်လောရိုက်နေမှုများမှာ တောင်ကုတ် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) ကျသွားပြီးနောက် ပို၍လှုပ်လှုပ်ခတ်ခတ်ဖြစ်လာကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝငိဘာ ၂၄ ရက်နေ့က တောင်ကုတ်မြို့ကို AA ကသိမ်းပိုက်လိုက်ကြောင်း ကြေညာပြီးနောက် ပြည်မြို့တွင် စစ်ရေးပြင်ဆင်မှုများ အပြင်းအထန်ပြု လုပ်လာသည်။

    ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက တောင်ကုတ်ရှိ တပ်ရင်းနှစ်ခုအပါအဝင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ကအတည်ပြုပြီးနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) (ပြည်-ဒကစ)ထံ စစ်ရေးမကူးစက်လာရေးအတွက် အထက် အဆင့်ဆင့် ညှိနှိုင်းယတြာချေရန် ပြုလုပ်နေကြကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “တပ်ချုပ်ကိုယ်တိုင်လာပြီး ယတြာချေမယ်ပြောတယ်။ ပြည်ဝင်၊ ပြည်ထွက်ဆိုပြီး ဒကစမကျဖို့ ယတြာလုပ်မယ်တဲ့။ စစ်ရေးပိုင်းကိုလည်း အင်အားတိုးချဲ့နေတယ်။ AA က ဘယ်ဆီနေမယ်မသိဘူး။ ပြည်ဒကစကတော့ တော်တော်တုန်လှုပ်နေပြီ”ဟု တပ် သတင်းရင်းမြစ်က ပြောသည်။

    တောင်ကုတ်တပ်ရင်းနှစ်ခု ဝင်ရောက်တိုက်ခိုက်ခံနေရသည့် နိုဝင်ဘာနောက်ဆုံးပတ်က ပြည်မြို့၊ မင်းကြီး တောင်ပေါ်တွင် လက်နက်ကြီးများ တပ်ဆင်ရန်နှင့် ရဟတ်ယာဉ်ဆင်းနိုင်သည့် ကွင်းပြုလုပ်ရန် မြေဖို့ရှင်း လင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

    စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ်များ၊ ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များ၊ စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်များ တော်လှန် ရေးတပ်ဖွဲ့များက သိမ်းပိုက်မည့်အခြေ အနေသို့ ရောက်ရှိနေချိန်များတွင် အဆိုပါဒေသများ၌ ယတြာချေခြင်းများကို အစဉ်တစိုက်ပြုလုပ်ခဲ့သည်။

    စစ်ကောင်စီသည် ရှမ်းမြောက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) (လောက်ကိုင်-ဒကစ) ကို ဝင်ရောက်သိမ်း ဆည်းခံရစဉ်ကလည်း မျောက်သုံးကောင်ပုံကို ဇောက်ထိုးထား၍ ယတြာချေထား သည်ကို တွေ့ရသည်။

    ထို့အပြင် ရှမ်းမြောက်တစ်ခုလုံး စစ်ရေးပြင်းထန်နေချိန်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးစီးပြီး မျောက်အရှင် သုံးကောင်ကို နာရီနှင့်ချီပြီး ဇောက်ထိုးဆွဲကာ တောထဲသို့ လွှတ်ပေးသည့် ယတြာနှင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး စစ်ကောင်စီလက်အောက်တွင် ငြိမ်ဝပ်ပိပြားစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းအတွင်း၌ ဥဩ ၁၄ ကောင်ကို စေလွှတ်သည့် ယတြာလည်းပြုလုပ်ခဲ့သည်။

    ယခုပြည်ဒကစသို့ စစ်ရေးမကူးစက်လာမှုမရှိစေရေး အတွက် ပြည်ဝင်၊ပြည်ထွက်ယတြာကို စစ်ခေါင်း ဆောင်ကိုယ်တိုင် လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

    လက်ရှိ AA လက်ထဲသို့ ကျရောက်သွားသည့် တောင်ကုတ်မြို့နယ်သည် ပြည်မြို့နှင့် ၁၁၄ မိုင်ခန့်ကွာဝေးပြီး ပြည်မြို့မှ ဧရာဝတီမြစ်ကူးကာ ပန်းတောင်းနှင့် ဥသျှစ်ပင်မြို့များကို ဖြတ်ကာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအထိပါ သွားရောက်နိုင်သည်။

    ယခုစစ်ရေးပြင်ဆင်နေသည့် မင်းကြီးတောင်သည် ဧရာဝတီမြစ်ကမ်းအနီး နဝဒေးတံတားထိပ်နှင့် သင်္ဘောဆိပ်တို့ဆုံရာ အမြင့်တနေရာဖြစ်ပြီး တပ်လိုင်းခန်း၊ စရဖရုံးနှင့် အသံလွှင့်ရုံများပါ တည်ရှိနေ သည့် စစ်တပ်၏အရေးပါသည့် ဗျူဟာကုန်းတစ်ခုဖြစ် ကြောင်း သိရသည်။