Category: News

  • မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

    မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

    ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သား အလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွား

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သားအလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွားကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ- မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းရန် ချောင်းဦးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။

    မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား မသာ အလောင်များနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို ၎င်းတို့ တပ်စွဲထားသော ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲသို့ ကားဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

    “ချောင်းဦးမြို့ထဲက မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အင်အားက ၇ ကောင်လောက်ရှိပါတယ်။ နေ ရာ ခွဲပြီး ကောက်ကြတာ သေဆုံးဒဏ်ရာရတဲ့သူတွေကိုတော့ ချောင်းဦး အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထဲသယ်သွားပါတယ်။ ရမ်းပစ်တာတော့ရှိတယ်။ သိပ်တော့မကြာလိုက်ဘူး။ သေတာပဲ အတည်ပြုနိုင်တယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မသိရသေးဘူး” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ဗမာလွတ်မြောက်ရေး ဒီမိုက ရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို   AA က ထပ်မံသတင်းထုတ်ပြန်

    တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို AA က ထပ်မံသတင်းထုတ်ပြန်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်နေပြီး စစ်သည်များသာမက တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို AA က ထပ်မံသတင်းထုတ်ပြန်

    ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း ထပ်မံထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်း AA က ထုတ်ပြန်သည့် ဗီဒီယိုတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံတွင် မီးများလောင်ကျွမ်းနေပြီး စစ်သည်များသာကမဘဲ တပ်မိသားစုဝင် အမျိုးသမီး၊ ကလေးများပါ အလံဖြူထောင်ထားသည့်မြင်ကွင်းများကို AA က ထုတ်ပြန်သည်။

    AA က ထုတ်ပြန်သည့် ဗီဒီယိုတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံတစ်ခု မီးလောင်နေသည်ကို ဒရုန်းဖြင့် ရိုက်ကူးထားရာ အဆိုပါ အဆောက်အအုံမှာ စစ်ရုံးအဖြစ် အသုံးပြုသည့်နေရာဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ ပထမဦးဆုံး ထုတ်ပြန်သည့် ဗီဒီယိုတွင်မူ အလံဖြူထောင် လက်နက်ချသော စစ်သုံ့ပန်းများ၏ မြင်ကွင်းများကို အဓိက ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။

    ထို့ပြင် ပထမအကြိမ် ထုတ်ပြန်ခဲ့ချိန်ကပါဝင်ခဲ့သော “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု မြန်မာဘာသာ စာသားနှင့် ” No Early Surrender in White Flag , No Happy New Year -စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဆိုသော အင်္ဂလိပ်စာသားကိုလည်း ဒုတိယအကြိမ် ဗီဒီယိုတွင် ထပ်မံ ထည့်သွင်းထားသည်။

    ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်အဆိုအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းတွင် ဆက်လက် ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ရာချီ ကျန်ရှိနေပြီး တပ်မိသားစုဝင်များလည်း ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီက စစ်ကူ ပေးပို့နိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

  • အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး

    အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး

    မီးလောင် ကြေမွ ပျက်စီး နေသော ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို အာရက္ခတပ်တော် AA က ဗီဒီယိုနှင့်တကွ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်သည်။

    ဒီဇင်ဘာလ ၆ ရက်နေ့တွင် AA က အမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် တခုတည်းသာ ကျန်ရှိသော နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

    အဆိုပါ ဗီဒီယိုတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း ထပ်မံထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ ပထမဦးဆုံး ထုတ်ပြန်သည့် ဗီဒီယိုတွင်မူ အလံဖြူထောင် လက်နက်ချသော စစ်သုံ့ပန်းများ၏ မြင်ကွင်းများကို အဓိက ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။

    “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု မြန်မာဘာသာ စာသားနှင့် ” No Early Surrender in White Flag , No Happy New Year -စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဆိုသော အင်္ဂလိပ်စာသားကိုလည်း ထည့်သွင်းထားသည်။

    ရခိုင်ပြည်တွင် ၁၇ မြို့နယ် ရှိသည့်အနက် AA က လက်ရှိအချိန်အထိ မြို့နယ် ၁၃ မြို့နယ်ကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကိုမူ တစုံတရာ အတည်ပြု ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။

    ပုံစာ- ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို တွေ့ရစဉ်။ ဓါတ်ပုံ- AA

  • မာနယ်ပလောနယ်မြေ နို့ဒေးတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးအရှင်ဖမ်းမိ၊ အလောင်း ၁၀ လောင်းတွေ့ရှိ

    မာနယ်ပလောနယ်မြေ နို့ဒေးတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးအရှင်ဖမ်းမိ၊ အလောင်း ၁၀ လောင်းတွေ့ရှိ

    KNU ဗဟိုဌာနချုပ်ဟောင်းတည်ရှိရာ တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသတွင် အခြေချတပ်စွဲ ထားသည့်စစ်ကောင်စီတပ်စခန်းတွေကို KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ကသိမ်းပိုက်ခဲ့သည့် ၉၁၃ (နို့ဒေး) တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးကိုအရှင်ဖမ်းမိပြီး အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု KNLA သတင်းရင်းမြစ်ထံမှ သတင်းရရှိပါတယ်။

    ၉၁၃ (နို့ဒေး) တပ်စခန်းသည် ကဆော၀ါးလေး (ဆင်ဖြူတောင်)တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ခန့်ပြန်လည်ပူးပေါင်းနေထိုင်သည့်တပ်စခန်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိမည်ဟုသတင်းရင်းမြစ်ကခန့်မှန်း သည်။

    နို့ဒေးတပ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ‌တပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံးသွားပြီး တချို့လည်းထွက်ပြေး ခဲ့တာရှိကာ ဒီဇင်ဘာ ၁၇ ရက်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးဖမ်းဆီးရမိခဲ့တာြဖစ်သည်ဟု KNLA သတင်းရင်းမြစ်ကဆိုသည်။ နို့ဒေးစခန်းမှစစ်ကောင်စီလက်နက်များလည်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

    ဒါ့အပြင် KNU တပ်မဟာ ၇ နှင့် တပ်မဟာ ၅ နယ်စပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ကောကော်ထစခန်းနှင့် သူးမွဲထတပ်စခန်းများလည်း KNLA နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ စနိုက်ပါ ၊ ဒရုန်းနှင့်ပျောက်ကြားစံနစ်ဖြင့် မကြာခဏတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့၀င်များ စခန်းမှထွက်ပြေးစွန့်ခွာ ခဲ့သည်။

    ကဆော၀ါးလေးအပါအ၀င် KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းမှတပ်ဖွဲ့၀င်တချို့ လည်း အောင်ဇေယျစစ်ကြောင်းအတွက် စစ်ကူပို့ဆောင်ခံရပြီး စစ်ပွဲတွင်အများအပြားသေဆုံးကြသည်ဟု သိရသည်။

    မာနယ်ပလောသည် KNU အတွက်အထင်ကရနေရာြဖစ်ပြီး KNU မှ ခွဲထွက်ခဲ့သည့် DKBA နှင့် မြန်မာစစ်တပ်တို့ပူးပေါင်းတိုက်ခိုက်မှုကြောင့် မာနယ်ပလောကို ၁၉၉၅ ခုနှစ်တွင် KNU လက်လွှတ်ဆုံးရှုံးခဲ့ရာ နှစ် ၃၀ ခန့်အကြာမှပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်သည်။

    ပုံများ – မာနယ်ပလောနယ်မြေနို့ဒေးစခန်းမှ ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်ဖွဲ့၀င်တချို့

  • အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

    အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

    ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA)က ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်သားအများအပြား လက်နက်ချပေမဲ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ စစ်ရေး အခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒီမနက်ကပေါ့၊ ဂျက်ဖိုက်တာ နှစ်စင်းရယ်၊ Y-8 ရယ်၊ Y-12 ရယ်၊ စုံနေတာပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေလည်း ပါတယ်”

    လက်နက်ချလာသူတွေဟာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလို့ AA က ပြောထားပြီး အရေအတွက်နဲ့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

    ရုပ်သံဖိုင်ထဲမှာတော့ အလံဖြူထောင်ပြီး တန်းစီထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရပြီး ဒဏ်ရာရ သူတွေလည်း ပါဝင်လာပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်တဲ့ ဒေသခံအချို့ကတော့ မနေ့က တစ်ရက် တည်းမှာတင် စစ်ကောင်စီတပ်သား နှစ်ရာခန့် လက်နက်ချလာပြီး ဒီရက်ပိုင်းအတွင်း လက်နက်ချသူ သုံးရာခန့် ရှိလာတယ်လို့ ဆိုပါတယ်။

    အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ နပခဌာနချုပ်ကို မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ ပြောဆိုထားပါတယ်။

    ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ထဲ ၁၂ မြို့နယ်ကို AA သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းနဲ့ ဂွမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

    အာရက္ခတပ်တော် AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေ‌သော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ပကတိ မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဗီဒီယိုဖိုင်ကို AA က ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    အမ်းမြို့ နပခဌာနချုပ်မှ စစ်ကောင်စီတပ်သားများ လက်နက်ချထွက်လာသည့် ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ထုတ်ပြန်ထားစဉ်။