Category: News


  • แ€—แ€ญแ€ฏแ€œแ€บแ€™แ€พแ€ฐแ€ธแ€กแ€†แ€„แ€ทแ€บ แ€กแ€•แ€ซแ€กแ€แ€„แ€บ แ€›แ€ฒแ€”แ€ฒแ€ท แ€…แ€…แ€บแ€žแ€ฌแ€ธ แ€žแ€ฏแ€ถแ€ธแ€†แ€šแ€บแ€€แ€ปแ€ฑแ€ฌแ€บ CDM แ€แ€„แ€บแ€œแ€ฌแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ NUG แ€•แ€ผแ€ฑแ€ฌ

    နိုဝင်ဘာလတစ်လအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၃ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်ထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်ခိုလှုံလာသူတွေဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လက်နက်နဲ့တကွ ခိုလှုံလာသူ နှစ်ဆယ်ပါဝင်တာကြောင့် လက်နက်တန်ဖိုးအလိုက် ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ NUG က ပြောပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်းမှာတော့ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် CDM ဝင်လာသူ စစ်ကောင်စီတပ်သား၊…

  • แ€แ€ฑแ€ซแ€„แ€บแ€œแ€”แ€บแ€–แ€ฐแ€ธแ€™แ€ผแ€ญแ€ฏแ€ทแ€”แ€šแ€บแ€กแ€แ€ฝแ€„แ€บแ€ธ KIA แแ€‘แ€ญแ€ฏแ€ธแ€…แ€…แ€บแ€…แ€แ€„แ€บ

    စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းခံရ ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီဇင်ဘာ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အတည်ပြုသည်။ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်း မြစ်တစ်ဦးက အသိပေးထားသည်။ အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။ “ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြောသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ ခေါင်လန်ဖူးတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ KIAနှင့် မဟာမိတ်တပ်များသည်…

  • แ€แ€ญแ€ฏแ€€แ€บแ€•แ€ฝแ€ฒแ€กแ€แ€ฝแ€„แ€บแ€ธ แ€†แ€ฏแ€ถแ€ธแ€›แ€พแ€ฏแ€ถแ€ธแ€žแ€ฝแ€ฌแ€ธแ€žแ€Šแ€ทแ€บ แ€œแ€ฑแ€šแ€ฌแ€‰แ€บ แˆ แ€…แ€ฎแ€ธแ€€แ€ญแ€ฏ แ€™แ€ผแ€”แ€บแ€™แ€ฌแ€…แ€…แ€บแ€แ€•แ€บ แ€•แ€ผแ€”แ€บแ€œแ€Šแ€บ แ€–แ€ผแ€Šแ€ทแ€บแ€แ€„แ€บแ€ธ

    မြန်မာစစ်တပ်မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ် ၈ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ဖြည့်တင်းထားကြောင်း သိရသည်။ မြန်မာစစ်တပ် ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များမှာ Mi17 ရဟတ်ယာဉ် ၃ စီး၊ FTC2000G တိုက်လေယာဉ် ၃ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး စုစုပေါင်း ၈ စီးဖြစ်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာစစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆုံးရှုံးသွားသည့် လေယာဉ်များကို ဖြည့်ထားခြင်းဖြစ်သည်။ FTC2000G တိုက်လေယာဉ် ၃ စီး၏…

  • သာကေတမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သော စစ်မှုထမ်းသင်တန်းများကို လစဉ် ပထမအပတ်အတွင်း စတင်လေ့ရှိကြောင်း၊ သို့ရာတွင် ယခုအပတ် စဉ် ၈ တွင် လိုအပ်သော တပ်သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ သင်တန်းစတင်နိုင်ခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးနှင့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အသက် ၁၈ နှစ်မှ အသက် ၃၅…

  • แ€œแ€พแ€ญแ€ฏแ€„แ€บแ€žแ€ฌแ€šแ€ฌแ€แ€ถแ€แ€ฌแ€ธแ€กแ€”แ€ฎแ€ธแ€›แ€พแ€ญ แ€แ€™แ€›(แ…แƒแ‚)แ€แ€•แ€บแ€›แ€„แ€บแ€ธแ€กแ€ฌแ€ธ แ€›แ€”แ€บแ€€แ€ฏแ€”แ€บแ€•แ€€แ€– แ€แ€ญแ€ฏแ€€แ€บแ€แ€ญแ€ฏแ€€แ€บ

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခြေမြန်တပ်ရင်း အမှတ်(၅၃၂)အား ပြင်းအားမြင့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ” ကျနော်တို့မြို့ပြရဲဘော်တွေ ငြိမ်မနေဘူးအခက်ခဲကြားက စခတွေကို တိုက်ခိုက်နေအုံးမယ်”ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခွဲခန့်တွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တိုက်ခိုက်မှုကြောင့် ရန်သူစစ်သား ၂ဦးထိခိုက်မှုရှိခဲ့ပြီး အသေးစိပ်မသိရသေးပေ”ဟု စစ် ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လှိုင် သာယာမြို့နယ်နှင့် ဆက်သွယ်ထားသော တံတားများပိတ်ကာ စစ်ဆေးမှုများလုပ်ဆောင် နေသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ (ခြေမြန်တပ်ရင်း အမှတ်(၅၃၂) တပ်ရင်းဝင်းအတွင်း တနေရာအား…