မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၁နှင့် ခလရ ၂၅၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း ရော့ကတ်များသည် အကြမ်းဖက် စစ်တပ် တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး…
ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး AA က ခမရ ၅၆၃ တိုက်ခိုက်ကာ ခမရ ၅၆၂ကို AAပိတ်ဆို့ထား ဂွမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး AA က ဂွမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၃ကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး ကျန်ရှိသည့် ခမရ ၅၆၂ကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ဂွမြို့ လေယာဉ်ကွင်းဟောင်းနှင့် ကမ်းခြေဦးရပ်ကွက်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ခမရ ၅၆၃ တပ်ရင်းအတွင်း အဆောက်အဦးများလက်နက်ကြီးကျည်ထိမှန် ပျက်စီးမှုများရှိကြောင်း သိရသည်။ “ခမရ ၅၆၃ထဲ မီးတွေလောင်နေပါတယ်။ တပ်မိသားစုတွေတော့မရှိတော့ဘူး။ ရဟိုင်းကွင်းရွာတွေကို AA မရောက်ခင်ကတည်းက တပ်မိသားစုတွေကို စစ်တပ်က ငသိုင်းချောင်းဘက်ရွှေ့လိုက်တာ။ တိုက်ပွဲက ပိုပြင်းထန်လာတယ် စစ်တပ်ခံစစ်က…
မြန်မာ အပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထား တရားလိုနိုင်ငံဘက်မှ ရပ်တည်သော နိုင်ငံပေါင်း ၁၁ ခုရှိလာ မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထားလာကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ICJ က တရားဝင်သတင်းထုတ်ပြန်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ရန် လျှောက်ထားသော နိုင်ငံပေါင်း ၁၁ ခု ရှိလာနေပြီဖြစ်ပြီး အဆိုပါနိုင်ငံများက တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ…
ဝမ်းတွင်း၊ အောင်လံ၊ ရေနံချောင်းနှင့်ပြည်မြို့တို့တွင် ပေါ်တာဆွဲ မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အိမ်ပေါ်တက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်မှုများပါ ဖြစ်နေ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့်ရေနံချောင်းမြို့နယ်၊ ပဲခူးတိုင်း၊ ပြည်မြို့တို့တွင် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း ပေါ်တာဆွဲမှုများရှိနေသည့်အပြင် အိမ်ပေါ်တက်၍ လူငယ်များကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်မှုများပါ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးစံပြကျေးရွာတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၈ နှစ်အကြား အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် တောင်းခံလာပြီး လူမပေးပါက အတင်းအကျပ် ဖမ်းဆီးမည်ဟုဆိုကာ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ ဝမ်းတွင်းမြို့ပေါ်တွင်လည်း ပေါ်တာဆွဲမှုများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်မှုထမ်းဥပေဒအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများပါ…
အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရဟုဆို ရခိုင်ပြည်၊ အမ်းမြို့ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲဆုတ်ခွာခဲ့သူ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပို့လာသည့် Mi-17 ရဟတ်ယာဉ်ပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းက အတင်းတက်၍ လိုက်ပါခဲ့ကြောင်း၊ အမိန့်မရဘဲ နပခမှ စွန့်ခွာခြင်းဖြစ်၍ ရိက္ခာပို့ ရဟတ်ယာဉ် မကွေးလေတပ် စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် နပခ ဒုတိယတိုင်းမှူးကို ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။ “ဒုတိုင်းမှူး ဖမ်းဆီးခံထားရတယ်လို့တော့…