Category: News

  • Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား

    Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား

    Miss Grand Myanmar ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ အလှမယ်တယောက် ဝင်ပြိုင်တဲ့ကိစ္စ ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် ပွဲစီစဥ်သူ၊ ပွဲတာဝန်ခံ၊ ဒါရိုက်တာနဲ့ အလှမယ်တို့ကို ကျောက်တံတားခရိုင်မှာ ဘာသာ သာသနာညှိုနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးကနေ သိရပါတယ်။ ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်မှာ မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်တဲ့အပြင် သာသနာညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေကြောင့် ကျောက်တံတားခရိုင်က အမှုဖွင့်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ “ပွဲစီစဥ်သူနဲ့ ပွဲတာဝန်ခံ ၂ ယောက်ကို ရပ်ကျေးဥပဒေ ပုဒ်မ ၂၆…

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြင်သစ်နဲ့ အာစီယံဥက္ကဋ္ဌတို့ တောင်းဆို

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြင်သစ်နဲ့ အာစီယံဥက္ကဋ္ဌတို့ တောင်းဆို

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတိပြု အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေး ပြင်သစ်နိုင်ငံက ကြိုးပမ်းမည်ဟု ပြင်သစ်နိုင်ငံ၊ ဥရောပနှင့်နိုင်ငံခြားရေးဝန်ကြီး ဂျန်နိုရယ် ဘာရော့ (M. Jean-Noël Barrot) က ကတိပြု ပြောဆိုလိုက်သည်။ မေလ ၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး M. Jean-Noël Barrotက အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မှတ်သားထားကြောင်း၊ သူမကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ လူထုခေါင်းဆောင်…

  • မူးယစ်ဆေးကြောင့် ဘဝပျက်၊ မိဘကို သတ်တဲ့အထိ ဖြစ်သွားရတဲ့ ဖြစ်ရပ်

    မူးယစ်ဆေးကြောင့် ဘဝပျက်၊ မိဘကို သတ်တဲ့အထိ ဖြစ်သွားရတဲ့ ဖြစ်ရပ်

    “မနက်ဖြန်ကျရင် ငါ့သားအတွက် ငွေလွှဲပေးမယ်” ဆိုပြီး စိတ်ကူးထားတဲ့ ဖခင်တစ်ယောက်ရဲ့ မနက်ဖြန်ဟာ ဘယ်တော့မှ ရောက်မလာတော့ပါဘူး။ ထိုင်းနိုင်ငံ၊ ဖတ်သလုန်းခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကတော့ တကယ့်ကို ရင်နာစရာကောင်းလှပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းဟာ ကျောက်ကပ်ရောဂါ ဝေဒနာရှင်တစ်ဦးပါ။ သူဟာ နွားရောင်းလို့ရထားတဲ့ ငွေ ဘတ် ၉ သောင်းကို ဘဏ်ထဲမှာ သိမ်းထားပြီး၊ သူ့ရဲ့သားဖြစ်သူ ဝီရယုဒ် (အသက် ၄၄ နှစ်) ကို မနက်ဖြန် မနက် ကျောက်ကပ်ဆေးသွားတဲ့အခါမှ လွှဲပေးမယ်လို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတဲ့ သားမိုက်ကတော့ ယင်းထနေပြီမလို့ အချိန်အဆမရှိခဲ့ပါဘူး။ ချက်ချင်းငွေရဖို့ အတင်းအဓမ္မ တောင်းဆိုရာကနေ စကားများကြပြီး ဖခင်အိုကြီးကို မီးဖိုချောင်ထဲမှာတင် လူမဆန်စွာ ရိုက်နှက်ခဲ့ပါတယ်။ ရောဂါဝေဒနာကြောင့်…

  • တောင်ကြီးမြို့ ကော့တေး ဘားဆိုင်မှ ထိတ်လန့်ဖွယ် လူသေမှု

    တောင်ကြီးမြို့ ကော့တေး ဘားဆိုင်မှ ထိတ်လန့်ဖွယ် လူသေမှု

    တောင်ကြီးမြို့ ၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖွင့်ထားသော ပီတာ ကော့တေး ဘားဆိုင် တွင် ထိတ်လန့်ဖွယ် ကောင်းသော လူသေမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ ဆိုင်ရှင် ဖြစ်သူ ပီတာ(ခေါ်) အောင်မျိုးသူ မှာ အသက်မပြည့်သေးသော ဆိုင်ဝန်ထမ်း ဖြစ်သူ မိန်းကလေးငယ် ကို လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခြင်းကြောင့် အသက်သေဆုံးခဲ့ရသည် အထိ ဖြစ်ခဲ့သည်။ လူသေမှု ဆိုခြင်းထက် လူသတ်မှု ဟုပင် ဆိုရမည်ပင် ဖြစ်တော့သည်။ အခင်းဖြစ်စဉ် ညတွင် ညပိုင်း ၁၀ နာရီ ကျော်အထိ ဆိုင်ရောက်ရှိနေသော စားသုံးသူ တစ်ဦး ပြောပြချက် အရ ညပိုင်း (၁၀) နာရီ အချိန်ထိ ထူးထူးခြားခြား ဘာမှ မဖြစ်သေးကြောင်းကိုလည်း ဆိုသည်။…

  • တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    မနေ့ညက တောင်ကြီးမှာ ဆယ်ကျော်သက် ဘားဝန်ထမ်းမိန်းကလေးငယ်တစ်ဉ်ီးကို ညောင်ရွှေကနေ လာဖွင့်တဲ့ peter ဘားဆိုင်ရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့ပါတယ် ကျူးလွန်သူဟာ ညောင်ရွှေက ဘောမတစ်ကောင်ဖြစ်ပီး ဒီနှစ်အစကတည်းက သူ့ကိုယ်သူ travel blogger ယောင်ယောင် food blogger ယောင်ယောင်လုပ်ပီး တောင်ကြီးမှာ peter ဘားဆိုပီး လာဖွင့်ထားတယ် အရင်က ညောင်ရွှေမှာနေတာဖြစ်ပီး ဟိုတယ်ဇုန်မှာလည်း အခုလို ဘားဖွင့်ခဲ့ဖူးတယ် covid ရယ် coup ရယ်ကြောင့် အလုပ်မဖြစ်လို့ ပိတ်သွားခဲ့ရတယ် ဒီနှစ်အစ တောင်ကြီးမှာ အဲ့ဘားလာဖွင့်တော့ ဝိုင်းပီး promotion ဆင်းပေးခဲ့ကြတဲ့ တောင်ကြီးက elite အသိုင်းဝိုင်းတွေ နောက် ဘာဘလော်ကာ ညာဘလော်ကာတွေ အခုချိန် သူ့ဆိုင်ကို ချီးမွန်းထောပနာပြုထားတာမှန်သမျှ ပြန်ဖျက်ချင်ဖျက်ထားလို့ရသေးတယ်နော် ဘာလို့…