မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ ညနေ ၅ နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ တော်လှန်ရေးတပ်တွေ တပ်ဆုတ်ထားတဲ့ မြို့ပြင်အထိ စစ်အုပ်စုတပ်က ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ကျန်တော်တို့က သူတို့ရဲ့ (TNLA) တောင်းဆိုချက်အရ မြို့အပြင်မှာ ရှိနေထားပေးတာပါ။ အဲ့ဒီအထိ စစ်ကော်မရှင်တပ်တွေကို TNLA က အနီးကပ်အထိုင်ချပြီး ခေါ်လာရာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ” လတ်တလောမှာ တိုက်ပွဲဆက်ဖြစ်နေသလို စစ်အုပ်စုတပ်ဘက်က ဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။ အပစ်ရပ်ပြီးနောက် အင်အားရာနု့ချီတဲ့ စစ်အုပ်စုတပ်တွေကို နိုဝင်ဘာလ ၂၉ ရကါ ညပိုင်းမှာ မိုးကုတ်မြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာ ဖြစ်ပါတယ်။…
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်သား ၁ ဦးကို ပရိတ်ရေဖြင့် ထွက်ပက်သည့် အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ တပ်ဖွဲ့မှ ကိုရာမက ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ် သား ၁ ဦး အတက်ရောဂါ ခံစားနေရသည့် အတွက် ကျေးရွာနေပြည်သူ အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်က ပရိတ်ရေဖြင့် ထွက်ပက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ပရိတ်ရေဖြင့် ထွက်ပက်သည်ကို စစ်ကြောင်းတွင် လိုက်ပါလာသော အရာရှိက စုန်းမကြီး ဟုပြောဆိုပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်သတ်ပြီးနောက်…
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၂၉ရက်) ညပိုင်းက ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်၊ မာလာမှတ်တိုင်အနီး လှည်းတန်းလူကူးကုန်း တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲတော့ သေသေချာချာမသိရသေးဘူး။ မိသားစုနဲ့လဲ အဆက်အသွယ်မရသေးဘူး။ ပြုတ်ကျတာက မာလာဆောင်ရှေ့က လူကူးတံတားပေါ်က ပြုတ်ကျတာပါ”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လူကူးကုန်းတံတားပေါ်မှ ပြုတ်ကျသေဆုံးသူမှာ အသက် (၂၅) နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြင်ပထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်မတွေ့ရှိရသော်လည်း ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။ “ပြင်ပထိခိုက်ဒဏ်ရာတော့ ကြီးကြီးမားမားမတွေ့ရပါဘူး။ ပြုတ်ကျတဲ့အရှိန်ကြောင့် နည်းနည်းတော့ထိခိုက်မိတာရှိတာပေါ့။…
ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူညံနေသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီး ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်၊ ညနေပိုင်းက လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း နှင့် လမ်းသစ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူမှ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။ “ပရိတ်သတ်ထဲမှာ သူစိမ်းတစ်ယောက် တောက်လျောက် ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ ၊ ဗွီဒီယိုရိုက်တာ လုပ်နေတဲ့အခါကျတော့ ပြောနေရင်း နဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာ သံသယဖြစ်တယ်။ ပြောနေတုန်းမှာ ဝင်လာပြီးတော့ ဝင်တားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆောင်းဘောက်ကို မသုံးပါနဲ့တဲ့။ ရဲဘော်တွေကလည်း ကော်မရှင် ဥက္ကဋ္ဌလို့ ပြောတဲ့အတွက် ညှိနှိုင်းတဲ့အနေနဲ့ အသံကို တိုးပေးတယ်။ ကျတော်ပြောတဲ့မိုက်ပါ ပြောလို့မရတော့ဘူး အသံပျောက်သွားတဲ့အထိ တက်နိုင်သမျှ လိုက်လျောဆောင်ရွက်ပေးတယ်။ တချို့က…
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လူသတ်တာတွေ၊ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်နဲ့ အပေါင်းအပါကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီဝန်းကျင်က လမ်းခုလတ်တနေရာမှာ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ သူ့လက်အောက်ကလူကို ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ပျူခေါင်းဆောင် ဝင်းမြင့်နဲ့ အနီးကပ်နေထိုင်သူရဲ့ သတင်းပေးမှုကြောင့် အိမ်စီးကားနဲ့ ထွက်လာတာကို ကြိုသိပြီး ပစ်ခတ်ရှင်းလင်းချိန်မှာ ပျူခေါင်းဆောင် ဝင်းမြင့်ဆီကနေ ပစ္စတို သေနတ်၊ ၉ မမ ကျည် ၁၆ တောင့်၊ မှတ်ပုံတင်၊ စာရွက်စာတမ်းနဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး သတင်းပေးသူက DSNDA အဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြောပါတယ်။ DSNDA…