Category: News

  • ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။

    အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့ ၊ KIO အမှုထမ်းများ၊ အပြစ်မဲ့ပြည်သူ စုစုပေါင်းသေဆုံးသူ ၆၉ ဦး သေဆုံးခဲ့ကာ အဆိုးရွားဆုံးလူသတ်မှုကို စစ်တပ်က ပြောင် ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

    အနန့်ပါ အရပ်သားသေဆုံးမှုဖြစ်စဉ်ဟာ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးနှစ်ပြည့်ခဲ့ပြီး ဒီအဖြစ်အပျက်ကြီးကို အခုချိန်အထိ ဝမ်းနည်းပူဆွေးအမှတ်ရနေရဆဲဖြစ်တယ်လို့ ကချင်အနုပညာရှင်တစ်ဦးက သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပြောဆိုပါတယ်။

    “ဒီဖြစ်စဉ်ထဲမှာ အနုပညာရှင်တွေနဲ့ ပတ်သက်နီးစပ်သူက ၃ ယောက်ပါတယ်။ အားလုံးသိတဲ့ အော်ရာလီပါမယ်။ ဇော်မွန်း(King) တို့ပါတယ်။ အခင်းဖြစ်ပွားတဲ့ အနန့်ပါအထိသွားခဲ့ရတယ်။ အဲချိန် တကယ်လို့ အချိန်နည်းနည်းနောက်ကျသွားရင်တောင် ပြန်တောင်မတွေ့နိုင်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ပြောချင်တာက သူများတွေအတွက်တော့မသိဘူး။ ဒီလိုအဖြစ်ပျက်ကြီးဖြစ်ခဲ့တဲ့ အချိန်ကာလတစ်ခုရောက်လာတိုင်း ၊ သူတို့ဖန်တီးခဲ့ရတဲ့ အနုပညာပုံရိပ်တွေ ပြန်မြင်တိုင်း အနုပညာလုပ်ငန်းလုပ်ရင်းနဲ့ပဲ အသက်ပေးဆပ်လိုက်ရတယ်ဆိုပြီး သတိရတိုင်းအမြဲစိတ်မကောင်းဖြစ်ရတယ်။ အချိန်ကသာ သုံးနှစ်ဆိုပေမယ့် မနေ့ တစ်နေ့ကလိုပါပဲ”လို့ပြောပါတယ်။

    အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုဟာ (၆၂) နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကချင်အနုပညာရှင်တွေနဲ့အတူ ဂုဏ်ပြုပွဲလုပ်နေရင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်အပါ KIO အမှုထမ်း၊ လုပ်ငန်းရှင်တစ်ချို့နဲ့ ပွဲတက်ရောက်သူများ ၆၉ ဦးသေဆုံးခဲ့သလို ထိဒဏ်ရာရရှိခဲ့သူလည်းများပြားခဲ့တဲ့အတွက် ကချင်လူထုရဲ့ နှလုံးသားထဲမှာ မေ့မရတဲ့ နေ့အဖြစ် ထင်ကျန်နေပါတယ်။

    အဲဒီနောက် တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ နေ့မှာလည်း တစ်ဖန် KIO ထိန်းချုပ်နယ်မြေ မုန့်လိုင်ခက်စစ်ရှောင်စခန်းနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

    တိုက်ပွဲနေရာမဟုတ်တဲ့ စစ်ရှောင်တွေခိုလှုံနေတဲ့ နေရာကို ပစ်မှတ်ထား ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် လက်ရှိ အချိန်အထိ အိပ်မက်ဆိုးတစ်ခုကြီးလို ကြောက်လန့် နေရဆဲဖြစ်တယ်လို့ မုန်လိုင်ခက် စစ်ရှောင်အမျိုးသမီးတစ်ဦးလည်း သူ့ရဲ့ ခံစားချက်ကို အခုလို ပြောဆိုလာပါတယ်။

    “မုန်လိုင်ခက်မှာနေတဲ့ ကျမတို့က အခုချိန်အထိ မမြင်နိုင်တဲ့အတွင်းစိတ်ကနေ ကြောက်လန့်စိတ်တွေက အမြဲတမ်းဖြစ်နေတယ်။ အခုလိုလည်း ဒရုန်း၊ လေယာဉ်ဆိုပြီး အသံကြားလိုက်တာနဲ့ ဘယ်လိုလုပ်ရမှန်းမသိကြောက်လန့်နေကြတာ။ တစ်အုပ်တစ်စု သေဆုံးတဲ့ ဖြစ်ရပ်ကြီးက စိတ်ဒဏ်ရာရသလိုဖြစ်သွားတာ။ တခြားနေရာမှာဖြစ်တယ် ဆိုတဲ့ သတင်းတွေကြားရင်တောင် မကြည့်ရဲ မတွေးရဲဖြစ်နေကြတာ။ အားလုံးက စိတ်ဒဏ်ရာရသွားကြတာများတယ်”လို့ပြောပါတယ်။

    အနန့်ပါနဲ့ မုန်လိုင်ခက် ဒီဖြစ်စဉ် နှစ်ခုဟာ ကချင်ပြည်နယ်ထဲမှာ အဆိုးဆုံး စစ်တပ်ရဲ့ လူသတ်ပွဲဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်တာဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

    “ကျမတို့ ကချင်ဒေသမှာဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင် အနန့်ပါလို လူသေဆုံးမှုက လူအများအပြားကို တစ်ခါတည်း သေဆုံးဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ အစုလိုက်အပြုံလိုက် သေဆုံးအောင် တမင်သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်။ ပြီးရင် ပြည်သူတွေရဲ့ ကြောက်စိတ်ဖြစ်အောင် ၊ အာဏာပြန်ပြီး တက်ရောက်အောင် လုပ်နေတာဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေက စစ်ရာဇဝတ်ချိုးဖောက်နေတာတင်မဟုတ်ဘူး ပြည်သူလူထုရဲ့ အသက်တစ်ချောင်းတောင် တန်ဖိုးထားပေးဖို့ လူသားချင်းစာနာမှုဆိုတာ သူတို့မှာလုံးဝမရှိဘူးဆိုတာတွေ့ရတယ်”လို့ပြောပါတယ်။

    မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုအပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဖားကန့်ဒေသ KIO တပ်မဟာ (၉) ဌာနချုပ်နဲ့ အနန့်ပါနေရာ ဒုတိယအကြိမ် ထပ်မံလေကြောင်းတိုက်ခိုက်ခံရပြီး စစ်တပ်ဟာ လူသတ်ပွဲကို ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာလည်း KIO အထက်တန်းအရာ ၄ ဦးအပါ တပ်သားအဆင့်ရှိသူ စုစုပေါင်း ၁၀ ယောက်ကျော်သေဆုံးမှုရှိခဲ့ပါသေးတယ်။

    အာဏာသိမ်း ၄ နှစ်‌ကျော်ကာလအတွင်း ကချင်ဒေသတွင်း ‌လေကြောင်းပစ်ခတ်ခံရတဲ့အခြေအနေကို ခြုံငုံကြည့်ရင် အောက်တိုဘာလမှာဖြစ်ပါတယ်။

    ဒါကြောင့် ကချင်ပြည်သူတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဖြစ်ဆိုးနဲ့အမှတ်ရကျန်ရှိ‌ နေတဲ့ အောက်တိုဘာလရောက်တိုင်း စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် မိသားစုဝင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ထောင်မိသားစုတွေ၊ မိတ်ဆွေတွေက ဝမ်းနည်းခြင်းအမှတ်တရဆုတောင်းသံနဲ့အတူ ကချင်လူထုရဲ့ မေ့မရတဲ့နေ့ဖြစ်ခဲ့ပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)

  • KK Park ကို နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ

    KK Park ကို နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ

    ထိုင်း – မြန်မာ နယ်ခြားစောင့်တပ် BGF က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) နဲ့ နာမည်ကြီးနေတဲ့ KK Park ကို အောက်တိုဘာ ၂၃ ညနေ့ ၆ နာရီလောက်မှာ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။

    အဆောက်အအုံတချို့ အပြင်းအထန် မီးခိုးထွက်နေပြီး မဲဆောက်ခရိုင်ထဲက သတင်းထောက်တချို့ထံမေးမြန်းရာ နယ်ခြားစောင့်တပ် BGF က KK Park ရှိ နေရာ ၃ ခုကို ဗုံးကြဲချတာလို့ ကနဦးသတင်းရကြောင်း Nareswan Army ရဲမှူးက ပြောကြားပါတယ်။

    အသေးစိတ်အချက်အလက်ကို စုံစမ်းနေဆဲလို့လည်း ဆိုပါတယ်။

    အောက်တိုဘာ ၂၄ ရက် မနက်ဖြန် မြန်မာစစ်အုပ်စုက တရုတ်ကိုယ်စားလှယ်တချို့နဲ့အတူ KK Park မှာ ဝင်ရောက်စစ်ဆေးဖို့ရှိနေတာကြောင့် BGF က အခုလို ဗုံးကြဲဖျက်ဆီးတာလို့ သတင်းတချို့လည်း ထွက်ပေါ်နေပါတယ်။

    မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) တိုက်ဖျက်ဖို့ တရုတ်ဘက်ကလည်း မျှော်မှန်းထားပါတယ်။

    KK Park မှာ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်ပြီး ရှိနေကြတဲ့ နိုင်ငံခြားသား ၁၀၀၀ နီးပါးယမန်နေ့အစောပိုင်းကစပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ တချိန်တည်းမှာ ကရင်လက်နက်ကိုင်တပ် KNU, BGF, DKBA, KNPC အပါအဝင် ကရင်တပ်ဖွဲ့တွေဟာလည်း လာမယ့်ရက်တွေထဲ တွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။

    ပုံစာ – ယမန်နေ့ ညနေပိုင်း မြဝတီ KK Park မှာ မီးခိုးများတွေ့ရစဉ်။ The Reporters/Screen Grab

  • KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ (ရုပ်သံ)

    KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ (ရုပ်သံ)

    မြဝတီမြို့အနီး မြင်တွေ့ရသည့် KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများ(ကျားဖြန့်)ပြုလုပ်နေတဲ့ KK Park စင်တာမှ ထွက်ပြေးလာကြသူများအနက် အယောက် ၅၀၀နဲ့ အထက်ဟာ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိလာတယ်လို့ ထိုင်းသတင်းမီဒီယာများထံမှ သိရပါတယ်။

    အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေတဲ့ KK Park ကို မြန်မာစစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းများကြောင့် ကျားဖြန့်စင်တာမှာ အလုပ်လုပ်ကိုင်သူများဟာ ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့တွေမှာ မြဝတီနဲ့ မဲဆောက်ဘက်သို့ ဒေသအနှံ့အပြား ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်ပါတယ်။

    ရုပ်သံ – Moe Htet

  • နေပြည်တော်ဝင်ပေါက်ရှိ ရေတာရှည်တွင် စစ်စခန်းများ သိမ်းခံရပြီးနောက် လေကြောင်း တိုက်ခိုက်မှုများ တရစပ်လုပ်

    နေပြည်တော်ဝင်ပေါက်ရှိ ရေတာရှည်တွင် စစ်စခန်းများ သိမ်းခံရပြီးနောက် လေကြောင်း တိုက်ခိုက်မှုများ တရစပ်လုပ်

    ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ရွာသစ်ကျေးရွာမှ စစ်ကော်မရှင်တပ်စခန်းများကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဗျူဟာစစ်ကြောင်းက အောက် တိုဘာ ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြင့် စစ်အုပ်စုက တုံ့ပြန်နေကြောင်း နေပြည်တော်တိုင်းစစ်ဌာန PDF ထံမှ သိရသည်။

    အောက်တိုဘာ ၂၀ ရက်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာအထိုင်စခန်းနှင့် ကျေးရွာတွင်းကင်းစခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်) အပါအဝင် ၁၅ ဦး ကျဆုံးခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော် PDF က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    “ဒီနေ့အထိလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတွေကတော့ ကြိုကြားပစ်နေတုန်းပဲ။ဒီနေ့ပဲ ပါရာမော်တာနှစ်စီး သုံးစီးနဲ့ ဗုံးလာချသွားတယ်။ နောက်ဆက်တွဲ တိုက်ပွဲငယ်တွေမှာတော့ ရန်သူ့ဖက်က ထိခိုက်မှုအချို့ရှိတယ်ကြားတယ် အတိအကျမသိရဘူးဗျ” ဟု ဗိုလ်လက်ျာက ပြောသည်။

    ရေတာရှည်၊ ဆွာ၊ ရေနီစသည့်မြို့များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် လမ်းသစ်အပါအဝင် နေပြည်တော်ဝင်ပေါက်အတွက် အရေးပါသော နယ်မြေများဖြစ်ပြီး နေပြည်တော်နှင့် နီးကပ်သောကြောင့် စစ်ရေးအရ အဆုံး အဖြတ်ပေးနိုင်သည့် နယ်မြေများဖြစ်သည်ဟု ဗိုလ်လက်ျာက ဆိုသည်။

    “ဒီမြို့တွေကျသွားပြီဆိုရင် နေပြည်တော်ကြီးအထီးကျန်ပြီပေါ့၊ ဒါကြောင့်စစ်ရေးအရအရေးပါတာပါ”ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကော်မရှင်သည် သိမ်းပိုက်ခံရသော စခန်းများကို ပြန်လည်ရယူရန် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ၁၂၀ မမ လက်နက်ကြီးများနှင့် လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ဆက်လက်တိုက်ခိုက်နေပြီး လက်ရှိတိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

    စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို နေပြည်တော် PDF က ထိန်းချုပ်ထားနိုင်ပြီး၊ အနောက်ဘက်ကမ်းကို စစ်အုပ်စုက အခြေချထားသော်လည်း၊ ရေတာရှည်နှင့် ဆက်စပ်နယ်မြေများတွင် PDF ၏ စစ်ဆင်ရေးများက စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းမှုကို ခြိမ်းခြောက်နိုင်သည့် အားကောင်းသော သက်ရောက်မှုရှိနေ သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

    “အရှေ့ဘက်ခြမ်းမှာကာကွယ်ရေးတပ်တွေက ဂွင်ပိုင်လိုပုံစံမျိုးဖြစ်နေတာ တကယ်လို့အခွင့်မသာသေးဘူးဆိုရင်တောင် အကဲကြည့်ပြီးသတင်းထောက်လှမ်းနေတာပိုင်ပြီဆိုတာနဲ့ ရာနှုန်းပြည့်ချေမှုန်းနိုင်တဲ့အနေအထားမျိုးရှိတယ်။တောင်ငူနဲ့နေပြည်တော်ဆိုတာဘယ်လောက်မှမလှမ်းဘူး၊ တကြောလုံးကဆက်စပ်နယ်မြေတွေ၊ စစ်တပ်ဘက်ကလုံးဝမချေမှုန်းနိုင်ဘူး။ သွားတာနဲ့သွားတဲ့အဖွဲ့က တောက်လျှောက်ချေမှုန်းခံရတယ်။ အဲ့ဒီတော့အား ကောင်းလာတဲ့နယ်မြေထဲမှာစစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကတော်တော်လေးအားရဖို့ကောင်းတဲ့အနေအထားမျိုးပဲ” ဟု ၎င်းက ပြောသည်။

    PDF သည် သာမန်မောင်းပြန်လက်နက်များဖြင့်သာ တိုက်ခိုက်နေရသော်လည်း ပြည်သူလူထု၏ ထောက်ခံမှုနှင့် စစ်အာဏာရှင်လက်မှ တိုင်းပြည်ကို ကယ်တင်လိုသော စိတ်ဓာတ်ကြောင့် အောင်မြင်မှုများ ရရှိနေသည်ဟု ဗိုလ်လက်ျာက ဆိုသည်။

    ၎င်းက ပြည်သူများအား စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့် ကျင်ရန်လည်း တိုက်တွန်းခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနှင့် ဆက်စပ်ဒေသများတွင် နေပြည်တော်တိုင်းစစ်ဌာနက စစ်ဆင်ရေးများ ဆက် လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

  • Love of Siam

    Love of Siam (2007)

    ချစ်ခြင်းတရားတိုင်းဟာလှပပါတယ်။

    မိဘကသားသမီးအပေါ်ထားတဲ့အချစ် လူငယ်ကျောင်းသားဘဝမှာဖြစ်ခဲ့တဲ့အချစ် ဒါမှမဟုတ် မဖြစ်နိုင်တဲ့ချစ်ခြင်းတွေပေါ့……..

    ဒီဇာတ်ကားလေးဟာ ထိုင်း BL ရုပ်ရှင်‌လောကရဲ့အစလို့ပြောလို့ရပါတယ်။

    ကျ​ေနာ်တို့ရဲ့ first love ဇာတ်ကားက Mario Maurer ရဲ့ BL ဇာတ်ကားဆိုလည်းမမှားပါဘူး။

    တုန့်(Mario Maurer) နဲ့ မြူ တို့ဟာ ငယ်ငယ်တုန်းက အိမ်နီးနားချင်းသူငယ်ချင်းတွေပါ။

    တနေ့မှာ မြူရဲ့အစ်မ တေန် ချင်းမိုင်မှာပျောက်ပြီး ပြန်မလာတဲ့အခါ ပျော်ရွှင်နေတဲ့မိသားစုလေးပျက်စီးပြီး အခြားမြို့ကိုပြောင်းသွားခဲ့တယ်။

    အချိန်တွေကြာတဲ့အခါ မြူဟာ ဩဂတ်တီးဝိုင်းရဲ့တေးရေးဆရာ အဆိုတော်ဖြစ်နေပြီး တုန့်ကတော့ ခပ်ဆိုးဆိုးကျောင်းသားလေးဖြစ်နေတာပေါ့။

    အချိန်ကြာမှပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်နဲ့သူငယ်ချင်းမေတ္တာကနေ ချစ်ခြင်းမေတ္တာကိုပြောင်းလဲသွားပုံကိုကြည့်ရှုရမှာပါ။

    ဒီဇာတ်ကားထဲမှာမြူက သူ့ရဲ့ခံစားချက်ကို သီချင်းလေးတစ်ပုဒ်နဲ့ဖွင့်ဟခဲ့ပါတယ်။

    ချစ်ခြင်းရဲ့အဓိပ္ပာယ်များစွာကိုခံစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ……..