မြဝတီမြို့အနီး မြင်တွေ့ရသည့် KK Park မှထွက်ပြေးလာသည့် ကျားဖြန့်လုပ်ကိုင်သူများ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများ(ကျားဖြန့်)ပြုလုပ်နေတဲ့ KK Park စင်တာမှ ထွက်ပြေးလာကြသူများအနက် အယောက် ၅၀၀နဲ့ အထက်ဟာ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိလာတယ်လို့ ထိုင်းသတင်းမီဒီယာများထံမှ သိရပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေတဲ့ KK Park ကို မြန်မာစစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းများကြောင့် ကျားဖြန့်စင်တာမှာ အလုပ်လုပ်ကိုင်သူများဟာ ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့တွေမှာ မြဝတီနဲ့ မဲဆောက်ဘက်သို့ ဒေသအနှံ့အပြား ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်ပါတယ်။
ရုပ်သံ – Moe Htet


Leave a Reply